
အကောင်းဆုံပုံစံရရှိနေတဲ့မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းဟာမနေ့ညတုန်းကနော်တင်ဟမ်ဖောရက်စ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာကြီးမားတဲ့အပိုင်အခွင့်အရေး၂ကြိမ်ဖြုန်းတီးပစ်ခဲ့ပါတယ်။
မန်စီးတီးဟာကြားရက်တုန်းကအမ်းမရိတ်ကွင်းတွင်အာဆင်နယ်ကို၃-၁ဂိုးဖြင့်အနိုင်ယူပြီးနောက်အမှတ်ပေးဇယားထိပ်ဆုံးသို့တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ဒါပေမဲ့အာဆင်နယ်ဟာဗီလာပါ့ခ်တွင်အက်စတွန်ဗီလာကို၄-၂ဖြင့်အနိုင်ယူပြီးအမှတ်ပေးဇယားထိပ်ဆုံးနေရာကိုပြန်လည်ရယူသွားခဲ့ပါတယ်။
ယခုအခါအာဆင်နယ်ဟာမန်စီးတီးကိုတစ်ပွဲလျှော့ကစားပြီးရမှတ်၂မှတ်ဖြတ်ထားနိုင်ပါတယ်။
ဖောရက်စ်နှင့်ပွဲတွင်မန်စီးတီးဟာဘာနာဒိုဆေးလ်ဗားရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပေမဲ့လည်းခရစ်ဝုဒ်ကအိမ်ရှင်အဖြစ်အဖိုးတန်ရမှတ်တစ်မှတ်ရရှိစေမဲ့ချေပဂိုးကိုသွင်းခဲ့ပါတယ်။
ဒါပေမဲ့မန်စီးတီးဟာခရစ်ဝုဒ် ချေပဂိုးမသွင်းမီတုန်းကနောက်ထပ်၂ဂိုးရနိုင်မဲ့အခွင့်အရေးကြုံခဲ့ပေမဲ့အာလင်းဟာလန်းအသုံးမချနိုင်လို့နစ်နာခဲ့ရပါတယ်။
ပွဲချိန်၆၆မိနစ်တွင်ဖီးလ်ဖိုဒန်ရဲ့အဝေးကန်ချက်ကိုဖောရက်စ်ဂိုးသမားကိုင်လီနာဗက်စ်ပုတ်ထုတ်လိုက်တဲ့ဘောလုံးကအာလင်းဟာလန်းရဲ့လမ်းကြောင်းပေါ်သို့ကျလာခဲ့ပါတယ်။အာလင်းဟာလန်းဟာယင်းကိုအပိုင်ကန်ခဲ့ပေမဲ့ဘားထိပြီးပြန်ထွက်လာပါတယ်။ကံကောင်းချင်တော့အာလင်းဟာလန်းရှေ့သို့ပဲပြန်ကျလာကာထပ်မံအခွင့်အရေးရခဲ့ပါတယ်။ဒါပေမဲ့ကံဆိုးစွာဘဲအာလင်းဟာလန်းရဲ့ထပ်မံပိတ်ကန်ချက်အပေါ်ထောင်သွားပါတယ်။
ဖောရက်စ်နှင့်သရေကျတဲ့ပွဲအပြီးတွင်မန်စီးတီးနည်းပြဂွါဒီယိုလာက ယင်းသရေပွဲအတွက်အခွင့်အရေးများကိုအသုံးမချနိုင်ခဲ့တဲ့မိမိကိုယ်ကိုယ်သာအပြစ်တင်ကြရန်မန်စီးတီးစတားများကိုပြောကြားသွားခဲ့ပါတယ်။
ZawGyi
ေဖာရက္စ္ႏွင့္ပြဲတြင္ အပိုင္အခြင့္အေရး ၂ ႀကိမ္ျဖဳန္းတီးခဲ့တဲ့ အာလင္းဟာလန္း။ သူ႔ကိုယ္သူေတာင္ မယုံၾကည္ႏိုင္ေအာင္ ျဖစ္ေန
အေကာင္းဆုံပုံစံရရွိေနတဲ့မန္စီးတီးတိုက္စစ္မႉးအာလင္းဟာလန္းဟာမေန႔ညတုန္းကေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာႀကီးမားတဲ့အပိုင္အခြင့္အေရး၂ႀကိမ္ျဖဳန္းတီးပစ္ခဲ့ပါတယ္။
မန္စီးတီးဟာၾကားရက္တုန္းကအမ္းမရိတ္ကြင္းတြင္အာဆင္နယ္ကို၃-၁ဂိုးျဖင့္အႏိုင္ယူၿပီးေနာက္အမွတ္ေပးဇယားထိပ္ဆုံးသို႔တက္လွမ္းလာႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့အာဆင္နယ္ဟာဗီလာပါ့ခ္တြင္အက္စတြန္ဗီလာကို၄-၂ျဖင့္အႏိုင္ယူၿပီးအမွတ္ေပးဇယားထိပ္ဆုံးေနရာကိုျပန္လည္ရယူသြားခဲ့ပါတယ္။
ယခုအခါအာဆင္နယ္ဟာမန္စီးတီးကိုတစ္ပြဲေလွ်ာ့ကစားၿပီးရမွတ္၂မွတ္ျဖတ္ထားႏိုင္ပါတယ္။
ေဖာရက္စ္ႏွင့္ပြဲတြင္မန္စီးတီးဟာဘာနာဒိုေဆးလ္ဗားရဲ႕ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္းခရစ္ဝုဒ္ကအိမ္ရွင္အျဖစ္အဖိုးတန္ရမွတ္တစ္မွတ္ရရွိေစမဲ့ေခ်ပဂိုးကိုသြင္းခဲ့ပါတယ္။
ဒါေပမဲ့မန္စီးတီးဟာခရစ္ဝုဒ္ ေခ်ပဂိုးမသြင္းမီတုန္းကေနာက္ထပ္၂ဂိုးရႏိုင္မဲ့အခြင့္အေရးႀကဳံခဲ့ေပမဲ့အာလင္းဟာလန္းအသုံးမခ်ႏိုင္လို႔နစ္နာခဲ့ရပါတယ္။
ပြဲခ်ိန္၆၆မိနစ္တြင္ဖီးလ္ဖိုဒန္ရဲ႕အေဝးကန္ခ်က္ကိုေဖာရက္စ္ဂိုးသမားကိုင္လီနာဗက္စ္ပုတ္ထုတ္လိုက္တဲ့ေဘာလုံးကအာလင္းဟာလန္းရဲ႕လမ္းေၾကာင္းေပၚသို႔က်လာခဲ့ပါတယ္။အာလင္းဟာလန္းဟာယင္းကိုအပိုင္ကန္ခဲ့ေပမဲ့ဘားထိၿပီးျပန္ထြက္လာပါတယ္။ကံေကာင္းခ်င္ေတာ့အာလင္းဟာလန္းေရွ႕သို႔ပဲျပန္က်လာကာထပ္မံအခြင့္အေရးရခဲ့ပါတယ္။ဒါေပမဲ့ကံဆိုးစြာဘဲအာလင္းဟာလန္းရဲ႕ထပ္မံပိတ္ကန္ခ်က္အေပၚေထာင္သြားပါတယ္။
ေဖာရက္စ္ႏွင့္သေရက်တဲ့ပြဲအၿပီးတြင္မန္စီးတီးနည္းျပဂြါဒီယိုလာက ယင္းသေရပြဲအတြက္အခြင့္အေရးမ်ားကိုအသုံးမခ်ႏိုင္ခဲ့တဲ့မိမိကိုယ္ကိုယ္သာအျပစ္တင္ၾကရန္မန္စီးတီးစတားမ်ားကိုေျပာၾကားသြားခဲ့ပါတယ္။