ဖျက်ဆီးခံရတဲ့ သူ့ပုံတူပန်းချီကို အသည်းပုံဖြင့် ပရိသတ်များက ဖြည့်စွက်ပြင်ဆင်မှုကြောင့် ရပ်ရှ်ဖို့ဒ် မျက်ရည်ကျနီးပါးဖြစ်ရ

မားကပ်စ်ရပ်ရှ်ဖို့ဒ်ကဖျက်ဆီးခံရတဲ့သူပုံတူပန်းချီကိုပရိသတ်များကအသည်းပုံဖြင့်ဖာထေးဖြည့်စွက်ပေးမှုကိုမြင်တွေ့ရပြီးနောက်မျက်ရည်ကျလုနီးပါးဖြစ်ရကြောင်းဆိုသွားပါတယ်။

အင်္ဂလန်သူရဲကောင်းဟာတနင်္ဂနွေနေ့တုန်းကအီတလီကိုရှုံးနိမ့်တဲ့ယူရို၂၀၂၀ဗိုလ်လုပွဲတွင်ပင်နယ်တီလွဲချော်ပြီးနောက်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုခံလာခဲ့ရသူလည်းဖြစ်ပါတယ်။

ပရိသတ်အချို့တို့ဟာမန်ချက်စတာရှိဝစ်တင်တန်ရှိနံရံတွင်ရေးဆွဲထားတဲ့ရပ်ရှ်ဖို့ဒ်ရဲ့ပုံတူပန်းချီတွင်စာများရေးသားကာတိုက်ခိုက်ဖျက်ဆီးမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်ယင်းပတ်ဝန်းကျင်တွင်ရှိတဲ့ပရိသတ်အချို့တို့ကယင်းဖျက်ဆီးရေးသားထားတဲ့စာများထက်တွင်အသည်းပုံကပ်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကိုသူရဲကောင်း၊စံပြပုဂ္ဂိုလ်ဆိုပြီးချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာဘာကာယိုဆာကာ၊ဆန်ချိုတို့နှင့်အတူအီတလီနှင့်ယူရို၂၀၂၀ဗိုလ်လုပွဲတွင်ပင်နယ်တီလွဲခဲ့သူဖြစ်ပါတယ်။၎င်းတို့သုံးဦးဟာယူရိုပြိုင်ပွဲအပြီးတွင်အွန်လိုင်းတွင်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုခံလာခဲ့ရပါတယ်။

ZawGyi

ဖ်က္ဆီးခံရတဲ့ သူ႔ပုံတူပန္းခ်ီကို အသည္းပုံျဖင့္ ပရိသတ္မ်ားက ျဖည့္စြက္ျပင္ဆင္မႈေၾကာင့္ ရပ္ရွ္ဖို႔ဒ္ မ်က္ရည္က်နီးပါးျဖစ္ရ

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ကဖ်က္ဆီးခံရတဲ့သူပုံတူပန္းခ်ီကိုပရိသတ္မ်ားကအသည္းပုံျဖင့္ဖာေထးျဖည့္စြက္ေပးမႈကိုျမင္ေတြ႕ရၿပီးေနာက္မ်က္ရည္က်လုနီးပါးျဖစ္ရေၾကာင္းဆိုသြားပါတယ္။

အဂၤလန္သူရဲေကာင္းဟာတနဂၤေႏြေန႔တုန္းကအီတလီကိုရႈံးနိမ့္တဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္ပင္နယ္တီလြဲေခ်ာ္ၿပီးေနာက္လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈခံလာခဲ့ရသူလည္းျဖစ္ပါတယ္။

ပရိသတ္အခ်ိဳ႕တို႔ဟာမန္ခ်က္စတာရွိဝစ္တင္တန္ရွိနံရံတြင္ေရးဆြဲထားတဲ့ရပ္ရွ္ဖို႔ဒ္ရဲ႕ပုံတူပန္းခ်ီတြင္စာမ်ားေရးသားကာတိုက္ခိုက္ဖ်က္ဆီးမႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ယင္းပတ္ဝန္းက်င္တြင္ရွိတဲ့ပရိသတ္အခ်ိဳ႕တို႔ကယင္းဖ်က္ဆီးေရးသားထားတဲ့စာမ်ားထက္တြင္အသည္းပုံကပ္ခဲ့ၿပီး ရပ္ရွ္ဖို႔ဒ္ကိုသူရဲေကာင္း၊စံျပပုဂၢိဳလ္ဆိုၿပီးခ်ီးက်ဴးမႈျပဳလုပ္ခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာဘာကာယိုဆာကာ၊ဆန္ခ်ိဳတို႔ႏွင့္အတူအီတလီႏွင့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္ပင္နယ္တီလြဲခဲ့သူျဖစ္ပါတယ္။၎တို႔သုံးဦးဟာယူ႐ိုၿပိဳင္ပြဲအၿပီးတြင္အြန္လိုင္းတြင္လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈခံလာခဲ့ရပါတယ္။