ဖွန်ဆီကာအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် နယူးကာဆယ်ရဲ့ဆွေးနွေးမှု အဆင်ပြေနေ

နယူးကာဆယ်ဟာရာထူးမှထွက်ခွာသွားတဲ့စတိဗ်ဘရုစ်ရဲ့နေရာမှာအစားထိုးဖို့ရိုးမားနည်းပြဟောင်းပေါ်လိုဖွန်ဆီကာနှင့်ဆွေးနွေးခဲ့ရာတိုးတက်မှုများရှိနေကြောင်းသိရပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာစတိဗ်ဘရုစ်ထွက်ခွာသွားပြီးနောက်နာရီအနည်းငယ်အကြာတွင်ပင်နယူးကာဆယ်အသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဖွန်ဆီကာနှင့်နယူးကာဆယ်တာဝန်ရှိသူများအကြားဆွေးနွေးမှုမှာအပြီးမသတ်နိုင်သေးသော်လည်းတိုးတက်တဲ့အလားအလာများရှိကြောင်းသိရပါတယ်။

အသက်၄၈နှစ်ရှိဖွန်ဆီကာဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ရိုးမားမှထွက်ခွာလာပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီးစပါးစ်နည်းပြရာထူးအတွက်လည်းဆွေးနွေးခဲ့သူဖြစ်ပါတယ်။

သူဟာတိုက်စစ်အသားပေးနည်းဗျူဟာကြောင့်စပါးစ်နည်းပြရာထူးကိုဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်။

နယူးကာဆယ်အသင်းတာဝန်ရှိသူများဟာယခုအပတ်အကုန်တွင်ကစားရမယ့်ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲမတိုင်မီနည်းပြသစ်အားခန့်အပ်လိုနေပါတယ်။နယူးကာဆယ်ဟာလွန်ခဲ့တဲ့ဆယ်လတုန်းကချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်အသင်းသစ်ရှာဖွေနေတဲ့ဖရန့်လမ်းပတ်နှင့်လည်းဆွေးနွေးမှုပြုလုပ်ထားပါတယ်။

ZawGyi

ဖြန္ဆီကာအား နည္းျပသစ္အျဖစ္ ခန႔္အပ္ရန္ နယူးကာဆယ္ရဲ႕ေဆြးေႏြးမႈ အဆင္ေျပေန

နယူးကာဆယ္ဟာရာထူးမွထြက္ခြာသြားတဲ့စတိဗ္ဘ႐ုစ္ရဲ႕ေနရာမွာအစားထိုးဖို႔႐ိုးမားနည္းျပေဟာင္းေပၚလိုဖြန္ဆီကာႏွင့္ေဆြးေႏြးခဲ့ရာတိုးတက္မႈမ်ားရွိေနေၾကာင္းသိရပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာစတိဗ္ဘ႐ုစ္ထြက္ခြာသြားၿပီးေနာက္နာရီအနည္းငယ္အၾကာတြင္ပင္နယူးကာဆယ္အသင္းတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဖြန္ဆီကာႏွင့္နယူးကာဆယ္တာဝန္ရွိသူမ်ားအၾကားေဆြးေႏြးမႈမွာအၿပီးမသတ္ႏိုင္ေသးေသာ္လည္းတိုးတက္တဲ့အလားအလာမ်ားရွိေၾကာင္းသိရပါတယ္။

အသက္၄၈ႏွစ္ရွိဖြန္ဆီကာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္႐ိုးမားမွထြက္ခြာလာၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ၿပီးစပါးစ္နည္းျပရာထူးအတြက္လည္းေဆြးေႏြးခဲ့သူျဖစ္ပါတယ္။

သူဟာတိုက္စစ္အသားေပးနည္းဗ်ဴဟာေၾကာင့္စပါးစ္နည္းျပရာထူးကိုဆုံးရႈံးခဲ့ရသူလည္းျဖစ္ပါတယ္။

နယူးကာဆယ္အသင္းတာဝန္ရွိသူမ်ားဟာယခုအပတ္အကုန္တြင္ကစားရမယ့္ခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲမတိုင္မီနည္းျပသစ္အားခန႔္အပ္လိုေနပါတယ္။နယူးကာဆယ္ဟာလြန္ခဲ့တဲ့ဆယ္လတုန္းကခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္အသင္းသစ္ရွာေဖြေနတဲ့ဖရန႔္လမ္းပတ္ႏွင့္လည္းေဆြးေႏြးမႈျပဳလုပ္ထားပါတယ္။