ဗက်ဇ်ကွက်ဇ်ကို ၂၀၂၄ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်စာချုပ်သစ်ချုပ်ဆို

ရီးရဲလ်မက်ဒရစ်ဟာလူးကပ်စ်ဗက်ဇ်ကွက်ဇ်ကိုအသင်းတွင်၂၀၂၄ခုနှစ်အထိရှိနေမယ့်စာချုပ်သစ်အားချုပ်ဆိုလိုက်ပါတယ်။

အသက်၂၉နှစ်ရှိဗက်ဇ်ကွက်ဇ်ဟာဇွန်လအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးရီးရဲလ်မက်ဒရစ်အနေဖြင့်အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့်ယခုအခါရီးရဲလ်မက်ဒရစ်ဟာစွယ်စုံကစားနိုင်တဲ့ဗက်ဇ်ကွက်ဇ်အား၂၀၂၄ခုနှစ်အထိ၃နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အကယ်ဒမီထွက်ဗက်ဇ်ကွက်ဇ်ဟာရီးရဲလ်မက်ဒရစ်အတွက်ပွဲ၂၄၀ကစားထားကာ၂၆ဂိုးသွင်းယူထားနိုင်ပါတယ်။သူဟာရီးရဲလ်မက်ဒရစ်နှင့်အတူလာလီဂါဖလား၂ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၃ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။

ZawGyi




