ဗစ်တိုးရီးယား၊ကမ်ကာဒါရှန်တို့ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးအိတ်ကို ကြွားလာတဲ့ ဝန်ဒါနာရာ

ဝန်ဒါနာရာနှင့်ခင်ပွန်းသည်မော်ရိုအိုင်ကာဒီတို့အကြားမှာအားလုံးပြေလည်သွားပြီလို့ယူဆလို့ရပါတယ်။

ဝန်ဒါနာရာဟာပြီးခဲ့တဲ့လတုန်းကခင်ပွန်းသည်အိုင်ကာဒီ နောက်မီးလင်းလို့ဆိုပြီးမီလန်သို့သားသမီးများကိုခေါ်ဆောင်ကာပြန်သွားခဲ့ပါတယ်။အိုင်ကာဒီဟာလည်းဇနီးသည်ရှိရာသို့ကိုယ်တိုင်လေယာဉ်စီးနင်းပြီးလိုက်သွားကာအကြီးအကျယ်ချော့ခဲ့ရပါတယ်။

ယခုအခါမှာတော့သူတို့အကြားမှာချစ်ခြင်းတွေပြန်လည်ရှိနေပြီလို့ယူဆရပါတယ်။ဝန်ဒါနာရာဟာခင်ပွန်းသည်ဝယ်ပေးတဲ့ကမ္ဘာ့ဈေးအကြီးဆုံးအိတ်များထဲတစ်လုံးကိုကိုင်ပြီးပရိသတ်များကိုကြွားလာပါတယ်။

ခင်ပွန်းသည်ရဲ့အေးဂျင့်အဖြစ်အလုပ်လုပ်နေတဲ့ဝန်ဒါနာရာဟာပေါင်၂၅၃၀၀၀တန် မီးကျောင်းသားရေဖြင့်ပြုလုပ်ထားတဲ့ Hermes အိတ်ကိုကြွားလာခဲ့တာဖြစ်ပါတယ်။

အဆိုပါအိတ်မျိုးကို ဂျော်ဂျီနာရိုဒရီဂွက်ဇ်၊ဗစ်တိုးရီးယားဘက်ဟမ်း၊ကမ်ကာဒါရှန်တို့လည်းပိုင်ဆိုင်ပါတယ်။

ZawGyi





