ဗန်ဒိုက်ကို ကွင်းဘေးတွင် အော်ဟစ်ကြိမ်းမောင်းမှုမှာ သာမန်ဖြစ်ရပ်မျှသာဖြစ်ကြောင်း ကလော့ပ်ရှင်းလင်း

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကဘရိုက်တန်နှင့်၂ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် နောက်ခံလူဗာဂယ်ဗန်ဒိုက်အားဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းမှုမှာသာမန်ဖြစ်ရပ်မျှသာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

လီဗာပူးဟာပွဲချိန်၂၄မိနစ်အတွင်းတွင်ပင်ဂျော်ဒန်ဟင်ဒါဆင်နှင့်ဆာဒေယိုမာနေးတို့သွင်းယူတဲ့ဂိုးဖြင့်ဘရိုက်တန်ကို၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်ဘရိုက်တန်ဟာပထမပိုင်းမပြီးခင်အီနော့ခ်မတ်ပုကချေပဂိုးစတင်သွားယူခဲ့ပြီးဒုတိယပိုင်း၆၅မိနစ်တွင်လီယန်ဒရိုထရိုဆတ်ကဒုတိယချေပဂိုးသွင်းယူခဲ့ကာအဖိုးတန်ရမှတ်တစ်မှတ်ရယူသွားခဲ့ပါတယ်။

ဒုတိယပိုင်းတွင်ဂျာမန်လူမျိုးနည်းပြဟာဗန်ဒိုက်ကိုကွင်းဘေးစည်းတွင်အကြီးအကျယ်အော်ဟစ်ကြိမ်းမောင်းမှုပြုလုပ်နေတာတွေ့ရပါတယ်။

ကလော့ပ်က “၁၀၀ရာခိုင်နှုန်းမမှတ်မိတော့ပါဘူး။ကျွန်တော်တို့အများကြီးစကားပြောခဲ့ကြတယ်။ဘာတော့မှလည်းရှင်းပြမှာမဟုတ်ပါဘူး။ကျွန်တော်တို့ဟာနေရာလွတ်ကိုမကာကွယ်နိုင်ခဲ့ပါဘူးလို့ပြောခဲ့တာကြောင့်ခင်ဗျားတို့ သတင်းကြီးတစ်ခုလုပ်လို့ရတော့မှာမဟုတ်တော့ပါဘူး။ဒါကပဲပြဿနာပါ။ဘောလုံးကိုလူတစ်ယောက်ကဖိအားမရှိတဲ့ကိုင်ထားချိန်မှာအောက်ဆင်းပြီးခုခံနေလို့မရပါဘူး။ဆင်းရင်းနဲ့ကျွန်တော်တို့အားလုံးဖိအားအောက်သို့ရောက်သွားပါတယ်။အခုသိပါပြီ(ဗန်ဒိုက်ကိုဆူပူနဲ့ပတ်သက်ပြီ)။ဘရိုက်တန်တိုက်စစ်မှာမတ်(ဆူလ်လီ)တစ်ဦးတည်းရှိနေတဲ့အချိန်မှာဗာဂယ်ကအရမ်းဝေးတဲ့နေရာသို့ရောက်နေလို့ပါ။အဲဒီတုန်းကအဲဒီအတွက်ပြောခဲ့တာပါ။ဒါကလည်းနည်းပြနဲ့ကစားသမားသာမန်ပြောဆိုနေကြအရာပါ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ကလော့ပ်ကဘရိုက်တန်နှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှကစားသမားအချို့တို့ရဲ့ခန္ဓာကိုယ်အပြုအမူများအပေါ်စိတ်ပျက်ရကြောင်းလည်းပြောကြားသွားပါတယ်။ကလော့ပ်ဟာဘရိုက်တန်နှင့်ပွဲတွင်ကစားသမားများကသူ့နည်းဗျူဟာအတိုင်းလိုက်နာကစားခြင်းမရှိမှုအပေါ်စိတ်ပျက်နေတာလည်းဖြစ်ပါတယ်။

ကလော့ပ်က “အကောင်းဆုံးခံစစ်ကဘောလုံးများများပိုင်ဆိုင်ထားတာပါ။ပါးပါးနပ်နပ်လုပ်ရပါမယ်။ပညာသားပါပါလုပ်ရပါမယ်။သူတို့ပြန်လာနိုင်ဖို့တံခါးဖွင့်ပေးခဲ့ကြတယ်။ကျွန်တော်တို့ပေးဆပ်လိုက်ရတယ်။ဘရိုက်တန် တစ်မှတ်နဲ့ထိုက်တန်ပါတယ်။ကျွန်တော်တို့အကောင်းဆုံးအချိန်အခါတွေရှိခဲ့ပေမယ့်ဘောလုံးကောင်းကောင်းမကစားနိုင်ခဲ့ကြပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ဗန္ဒိုက္ကို ကြင္းေဘးတြင္ ေအာ္ဟစ္ႀကိမ္းေမာင္းမႈမွာ သာမန္ျဖစ္ရပ္မွ်သာျဖစ္ေၾကာင္း ကေလာ့ပ္ရွင္းလင္း

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကဘ႐ိုက္တန္ႏွင့္၂ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္ ေနာက္ခံလူဗာဂယ္ဗန္ဒိုက္အားေဒါသတႀကီးေအာ္ဟစ္ႀကိမ္းေမာင္းမႈမွာသာမန္ျဖစ္ရပ္မွ်သာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

လီဗာပူးဟာပြဲခ်ိန္၂၄မိနစ္အတြင္းတြင္ပင္ေဂ်ာ္ဒန္ဟင္ဒါဆင္ႏွင့္ဆာေဒယိုမာေနးတို႔သြင္းယူတဲ့ဂိုးျဖင့္ဘ႐ိုက္တန္ကို၂-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ဘ႐ိုက္တန္ဟာပထမပိုင္းမၿပီးခင္အီေနာ့ခ္မတ္ပုကေခ်ပဂိုးစတင္သြားယူခဲ့ၿပီးဒုတိယပိုင္း၆၅မိနစ္တြင္လီယန္ဒ႐ိုထ႐ိုဆတ္ကဒုတိယေခ်ပဂိုးသြင္းယူခဲ့ကာအဖိုးတန္ရမွတ္တစ္မွတ္ရယူသြားခဲ့ပါတယ္။

ဒုတိယပိုင္းတြင္ဂ်ာမန္လူမ်ိဳးနည္းျပဟာဗန္ဒိုက္ကိုကြင္းေဘးစည္းတြင္အႀကီးအက်ယ္ေအာ္ဟစ္ႀကိမ္းေမာင္းမႈျပဳလုပ္ေနတာေတြ႕ရပါတယ္။

ကေလာ့ပ္က “၁၀၀ရာခိုင္ႏႈန္းမမွတ္မိေတာ့ပါဘူး။ကြၽန္ေတာ္တို႔အမ်ားႀကီးစကားေျပာခဲ့ၾကတယ္။ဘာေတာ့မွလည္းရွင္းျပမွာမဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ဟာေနရာလြတ္ကိုမကာကြယ္ႏိုင္ခဲ့ပါဘူးလို႔ေျပာခဲ့တာေၾကာင့္ခင္ဗ်ားတို႔ သတင္းႀကီးတစ္ခုလုပ္လို႔ရေတာ့မွာမဟုတ္ေတာ့ပါဘူး။ဒါကပဲျပႆနာပါ။ေဘာလုံးကိုလူတစ္ေယာက္ကဖိအားမရွိတဲ့ကိုင္ထားခ်ိန္မွာေအာက္ဆင္းၿပီးခုခံေနလို႔မရပါဘူး။ဆင္းရင္းနဲ႔ကြၽန္ေတာ္တို႔အားလုံးဖိအားေအာက္သို႔ေရာက္သြားပါတယ္။အခုသိပါၿပီ(ဗန္ဒိုက္ကိုဆူပူနဲ႔ပတ္သက္ၿပီ)။ဘ႐ိုက္တန္တိုက္စစ္မွာမတ္(ဆူလ္လီ)တစ္ဦးတည္းရွိေနတဲ့အခ်ိန္မွာဗာဂယ္ကအရမ္းေဝးတဲ့ေနရာသို႔ေရာက္ေနလို႔ပါ။အဲဒီတုန္းကအဲဒီအတြက္ေျပာခဲ့တာပါ။ဒါကလည္းနည္းျပနဲ႔ကစားသမားသာမန္ေျပာဆိုေနၾကအရာပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ကေလာ့ပ္ကဘ႐ိုက္တန္ႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွကစားသမားအခ်ိဳ႕တို႔ရဲ႕ခႏၶာကိုယ္အျပဳအမူမ်ားအေပၚစိတ္ပ်က္ရေၾကာင္းလည္းေျပာၾကားသြားပါတယ္။ကေလာ့ပ္ဟာဘ႐ိုက္တန္ႏွင့္ပြဲတြင္ကစားသမားမ်ားကသူ႔နည္းဗ်ဴဟာအတိုင္းလိုက္နာကစားျခင္းမရွိမႈအေပၚစိတ္ပ်က္ေနတာလည္းျဖစ္ပါတယ္။

ကေလာ့ပ္က “အေကာင္းဆုံးခံစစ္ကေဘာလုံးမ်ားမ်ားပိုင္ဆိုင္ထားတာပါ။ပါးပါးနပ္နပ္လုပ္ရပါမယ္။ပညာသားပါပါလုပ္ရပါမယ္။သူတို႔ျပန္လာႏိုင္ဖို႔တံခါးဖြင့္ေပးခဲ့ၾကတယ္။ကြၽန္ေတာ္တို႔ေပးဆပ္လိုက္ရတယ္။ဘ႐ိုက္တန္ တစ္မွတ္နဲ႔ထိုက္တန္ပါတယ္။ကြၽန္ေတာ္တို႔အေကာင္းဆုံးအခ်ိန္အခါေတြရွိခဲ့ေပမယ့္ေဘာလုံးေကာင္းေကာင္းမကစားႏိုင္ခဲ့ၾကပါဘူး”လို႔ေျပာၾကားသြားပါတယ္။