ဗန်ဒီဘိခ်ရဲ့ကလေးအမည်နဲ့ပတ်သက်ပြီး အဲဗာတန်စတားဟောင်းဗန်ဒါမေဒီ လှောင်ပြောင်လာ

ဒွန်နီဗန်ဒီဘိခ်ကသူ့ရဲ့ချစ်သူတွင်ရင်သွေးလေးလွယ်ထားရပြီးဖြစ်ကြောင်းဝမ်းသာအားရကြေညာမှုပြုလုပ်လာပါတယ်။မန်ယူကွင်းလယ်ကစားသမားဟာအာထရာဆောင်းဓာတ်ပုံကိုင်ထားတဲ့ချစ်သူအက်စ်တဲလ်လီဘားကမ့်နဲ့တွဲပြီးဓာတ်ပုံရိုက်ကူးကာအင်စတာဂရမ်ကနေပရိသတ်များကိုအသိပေးလာခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာယခုရာသီမှာမန်ယူမှာနေရာရရှိရန်ရုန်းကန်နေရသူဖြစ်ပြီးပရီးမီးယားလိဂ်တွင်၆မိနစ်တည်းသာကစားခွင့်ရရှိထားသူဖြစ်ပါတယ်။ရင်သွေးလေးရရှိလာတော့မှာဖြစ်ကြောင်းကြေညာလာတဲ့ဗန်ဒီဘိခ်ကိုမန်ယူကစားဖော်များဖြစ်ကြတဲ့ဂျက်စီလင်ဂတ်၊မားကပ်စ်ရပ်ရှ်ဖို့ဒ်၊အန်တိုနီမာရှယ်တို့ကဂုဏ်ပြုမှုပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်နယ်သာလန်လက်ရွေးစင်ဟောင်းဗန်ဒါမေဒီကတော့အေဂျက်စ်ကစားသမားဟောင်းကိုနောက်ပြောင်မှုပြုလုပ်လာပါတယ်။

အဲဗာတန်ကစားသမားဟောင်းကဗန်ဒီဘိခ်ကိုအာဆင်နယ်ဂန္ထဝင်ကစားသမားဘားကမ့်သမီးနဲ့ရရှိလာမယ့်ကလေးအမည်ကို အိုလီဂန်နာလို့အမည်ပေးလာမှာလားလို့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။

သူက “ဂုဏ်ပြုပါတယ်။ကလေးအမည်ကိုအိုလီဂန်နာလို့ပေးမှာလား”လို့ ရေးသားသွားပြီး ရယ်နေတဲ့ Emoji ၊အသည်းပုံ Emoji တို့နှင့်တင်လာပါတယ်။

ဗန်ဒီဘိခ်ဟာကြားရက်တုန်းကအတ္တလန္တာနှင့်၂ဂိုးစီသရေကျတဲ့ပွဲမှာအရန်အဖြစ်ဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီး မန်ယူနည်းပြဆိုးလ်ရှားရဲ့ချီးကျူးမှုရရှိခဲ့ပါတယ်။

ZawGyi

ဗန္ဒီဘိခ္ရဲ႕ကေလးအမည္နဲ႔ပတ္သက္ၿပီး အဲဗာတန္စတားေဟာင္းဗန္ဒါေမဒီ ေလွာင္ေျပာင္လာ

ဒြန္နီဗန္ဒီဘိခ္ကသူ႔ရဲ႕ခ်စ္သူတြင္ရင္ေသြးေလးလြယ္ထားရၿပီးျဖစ္ေၾကာင္းဝမ္းသာအားရေၾကညာမႈျပဳလုပ္လာပါတယ္။မန္ယူကြင္းလယ္ကစားသမားဟာအာထရာေဆာင္းဓာတ္ပုံကိုင္ထားတဲ့ခ်စ္သူအက္စ္တဲလ္လီဘားကမ့္နဲ႔တြဲၿပီးဓာတ္ပုံ႐ိုက္ကူးကာအင္စတာဂရမ္ကေနပရိသတ္မ်ားကိုအသိေပးလာခဲ့တာျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာယခုရာသီမွာမန္ယူမွာေနရာရရွိရန္႐ုန္းကန္ေနရသူျဖစ္ၿပီးပရီးမီးယားလိဂ္တြင္၆မိနစ္တည္းသာကစားခြင့္ရရွိထားသူျဖစ္ပါတယ္။ရင္ေသြးေလးရရွိလာေတာ့မွာျဖစ္ေၾကာင္းေၾကညာလာတဲ့ဗန္ဒီဘိခ္ကိုမန္ယူကစားေဖာ္မ်ားျဖစ္ၾကတဲ့ဂ်က္စီလင္ဂတ္၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊အန္တိုနီမာရွယ္တို႔ကဂုဏ္ျပဳမႈျပဳလုပ္ခဲ့ၾကပါတယ္။

ဒါေပမယ့္နယ္သာလန္လက္ေ႐ြးစင္ေဟာင္းဗန္ဒါေမဒီကေတာ့ေအဂ်က္စ္ကစားသမားေဟာင္းကိုေနာက္ေျပာင္မႈျပဳလုပ္လာပါတယ္။

အဲဗာတန္ကစားသမားေဟာင္းကဗန္ဒီဘိခ္ကိုအာဆင္နယ္ဂႏၴဝင္ကစားသမားဘားကမ့္သမီးနဲ႔ရရွိလာမယ့္ကေလးအမည္ကို အိုလီဂန္နာလို႔အမည္ေပးလာမွာလားလို႔ ေနာက္ေျပာင္ခဲ့တာျဖစ္ပါတယ္။

သူက “ဂုဏ္ျပဳပါတယ္။ကေလးအမည္ကိုအိုလီဂန္နာလို႔ေပးမွာလား”လို႔ ေရးသားသြားၿပီး ရယ္ေနတဲ့ Emoji ၊အသည္းပုံ Emoji တို႔ႏွင့္တင္လာပါတယ္။

ဗန္ဒီဘိခ္ဟာၾကားရက္တုန္းကအတၱလႏၲာႏွင့္၂ဂိုးစီသေရက်တဲ့ပြဲမွာအရန္အျဖစ္ဝင္ေရာက္ကစားခြင့္ရရွိခဲ့ၿပီး မန္ယူနည္းျပဆိုးလ္ရွားရဲ႕ခ်ီးက်ဴးမႈရရွိခဲ့ပါတယ္။