ဗန်ဒီဘိခ်၊လင်ဂတ်၊မာရှယ်အပါအဝင် ကစားသမားခုနှစ်ဦး ရှင်းထုတ်သွားမယ့် မန်ယူ

မန်ယူဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာကစားသမားခုနှစ်ဦးအထိရှင်းထုတ်သွားရန်စီစဉ်နေပါတယ်။

မန်ယူကလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့တွင်ရောင်းချလာမယ့်ကစားသမားခုနှစ်ဦးထဲတွင်ဒွန်နီဗန်ဒီဘိခ်၊ဂျက်စီလင်ဂတ်၊ဖီးလ်ဂျုံးစ်နှင့်အဲရစ်ဘိုင်လီတို့လည်းပါဝင်နေပါတယ်။ဒါ့အပြင်မန်ယူဟာအန်တိုနီမာရှယ်၊ဒီယေဂိုဒါလော့နှင့်အဲလက်စ်တဲလ်လက်စ်တို့ကိုလည်းရောင်းချသွားနိုင်ပါတယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာအသင်းတွင်ပွဲများစွာကစားဖို့ရှိနေတဲ့ကစားသမားများကိုရောင်းချရန်ကြိုးပမ်းသွားမှာလည်းဖြစ်ပါတယ်။မန်ယူဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီယင်းကစားသမားများနှင့်ဆွေးနွေးမှုပြုလုပ်သွားပါမယ်။

ဒါ့အပြင်မန်ယူဟာအသင်းကြီးနေရာရရှိရန်ရုန်းကန်နေရတဲ့လူငယ်ကစားသမားများကိုလည်းပွဲအတွေ့အကြုံများစွာရရှိလာစေရန်အတွက်အငှားချရန်စီစဉ်နေပါတယ်။

တစ်ဖက်တွင်မန်ယူဟာအသင်းနှင့်စာချုပ်သက်တမ်း၁၀လသာကျန်တော့တဲ့ကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာကိုလည်းစာချုုပ်သစ်ချုပ်ဆိုရေးဆွေးနွေးရန်စီစဉ်နေပါတယ်။

မန်ယူဟာလာမယ့်နှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာအဓိကပစ်မှတ်အဖြစ်ဝက်စ်ဟမ်းကွင်းလယ်ကစားသမားဒက်လန်းရိုက်စ်ကိုခေါ်ယူရန်ပစ်မှတ်ထားနေပြီး၎င်းအား ပေါင်သန်း၁၀၀ဖြင့်ဝယ်ယူရမည်ဖြစ်ရာလိုအပ်ငွေကြေးအတွက်ကစားသမားများကိုရှင်းထုတ်ရန်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ZawGyi

ဗန္ဒီဘိခ္၊လင္ဂတ္၊မာရွယ္အပါအဝင္ ကစားသမားခုႏွစ္ဦး ရွင္းထုတ္သြားမယ့္ မန္ယူ

မန္ယူဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာကစားသမားခုႏွစ္ဦးအထိရွင္းထုတ္သြားရန္စီစဥ္ေနပါတယ္။

မန္ယူကလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ေရာင္းခ်လာမယ့္ကစားသမားခုႏွစ္ဦးထဲတြင္ဒြန္နီဗန္ဒီဘိခ္၊ဂ်က္စီလင္ဂတ္၊ဖီးလ္ဂ်ဳံးစ္ႏွင့္အဲရစ္ဘိုင္လီတို႔လည္းပါဝင္ေနပါတယ္။ဒါ့အျပင္မန္ယူဟာအန္တိုနီမာရွယ္၊ဒီေယဂိုဒါေလာ့ႏွင့္အဲလက္စ္တဲလ္လက္စ္တို႔ကိုလည္းေရာင္းခ်သြားႏိုင္ပါတယ္။

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာအသင္းတြင္ပြဲမ်ားစြာကစားဖို႔ရွိေနတဲ့ကစားသမားမ်ားကိုေရာင္းခ်ရန္ႀကိဳးပမ္းသြားမွာလည္းျဖစ္ပါတယ္။မန္ယူဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မတိုင္မီယင္းကစားသမားမ်ားႏွင့္ေဆြးေႏြးမႈျပဳလုပ္သြားပါမယ္။

ဒါ့အျပင္မန္ယူဟာအသင္းႀကီးေနရာရရွိရန္႐ုန္းကန္ေနရတဲ့လူငယ္ကစားသမားမ်ားကိုလည္းပြဲအေတြ႕အႀကဳံမ်ားစြာရရွိလာေစရန္အတြက္အငွားခ်ရန္စီစဥ္ေနပါတယ္။

တစ္ဖက္တြင္မန္ယူဟာအသင္းႏွင့္စာခ်ဳပ္သက္တမ္း၁၀လသာက်န္ေတာ့တဲ့ကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာကိုလည္းစာခ်ဳုပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးရန္စီစဥ္ေနပါတယ္။

မန္ယူဟာလာမယ့္ႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာအဓိကပစ္မွတ္အျဖစ္ဝက္စ္ဟမ္းကြင္းလယ္ကစားသမားဒက္လန္း႐ိုက္စ္ကိုေခၚယူရန္ပစ္မွတ္ထားေနၿပီး၎အား ေပါင္သန္း၁၀၀ျဖင့္ဝယ္ယူရမည္ျဖစ္ရာလိုအပ္ေငြေၾကးအတြက္ကစားသမားမ်ားကိုရွင္းထုတ္ရန္လုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။