ဗန်ဒီဘိခ် ပီကေဖြင့် ထွေးမှုဖြစ်ပြီးနောက် နေရာမရလို့စိတ်ကောက်နေသူများကို အရေးယူမည်ဟု ဆိုးလ်ရှားပြောကြား

အိုလီဂန်းနားဆိုးလ်ရှားကမန်ယူအသင်းတွင်ပွဲကစားခွင့်မရရှိမှုကြောင့်စိတ်ကောက်ဒေါသထွက်နေတဲ့ကစားသမားများရဲ့သဘောထားကွဲမှုများအပါ်ပြင်းထန်စွာကိုင်တွယ်သွားမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဗန်ဒီဘိခ်ဟာဗုဒ္ဓဟူးနေ့ညတုန်းကဗီလာရီးရဲလ်နှင့်ပွဲတွင်လူစားဝင်ရောက်ကစားခွင့်မရရှိပြီးနောက်ဒေါသထွက်ကာဆိုးလ်ရှားနှင့်ဖရက်ရှိရာသို့ပီကေဖြင့်ထွေးထုတ်ပစ်ခဲ့ပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားကဒတ်ချ်အလယ်တန်းကစားသမားရဲ့အပြုအမူနှင့်ပတ်သက်ပြီးဘာပြဿနာမျှမရှိကြောင်း၊သို့ရာတွင်အသင်းအပေါ်ရိုက်ခတ်လာမည့်အပြုအမူမျိုးပြုလုပ်လာမည်ဆိုပါကအရေးယူမှုပြုလုပ်ရန်လက်နှေးနေမည်မဟုတ်ကြောင်းဆိုလာပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်ဟာနိုင်ငံတကာကစားသမားတွေ၊ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကစားသမားတွေစုဖွဲ့ထားတဲ့အသင်းကိုစီမံခန့်ခွဲနေတာပါ။ကစားသမားတိုင်းကကွဲပြားအောင်လုပ်ချင်တယ်၊ကစားချင်တယ်၊ကစားသမားတိုင်းကွင်းထဲမှာရှိချင်ကြပါတယ်။ဒီအတွက်ပဲသူတို့လုပ်နေကြတာပါ။ဒွန်နီလိုပဲအခြားကစားသမားတွေလည်းကစားဖို့အသင့်ဖြစ်နေကြတဲ့သူတွေပါ။ကစားသမားတွေအနေနဲ့ကိုယ့်ဘက်ကအဆင်သင့်ဖြစ် အောင်လုပ်ထားရပါမယ်။တစ်ခါတလေကျွန်တော်လည်းမပျော်ရပါဘူး။ဒါပေမယ့်ဆုံးဖြတ်ချက်တစ်ခုကတော့ချရပါမယ်။ဒွန်နီမှမဟုတ်ဘူးအသင်းမှာရှိတဲ့ကစားသမားတိုင်းအနေဖြင့်အောင်မြင်မှုရဖို့စုစည်းနေဖို့လိုပါတယ်။ကျွန်တော်တို့အနေနဲ့အပြုသဘောဆောင်တဲ့စွမ်းအင်လိုအပ်ပါတယ်။စိတ်ကောက်တာတွေမလိုချင်ပါဘူး။ဒွန်နီကအသင်းကိုဘယ်တုန်းကမှအနုတ်လက္ခဏာဖြစ်အောင်လုပ်တဲ့သူမဟုတ်ပါဘူး။တကယ်လို့တယောက်ယောက်ကများအသင်းကိုကွဲပြားနစ်နာလာအောင်လုပ်လာမယ်ဆိုရင်ကျွန်တော့်ဘက်ကခပ်ကြမ်းကြမ်းလေးကိုင်တွယ်လာပါမယ်”လို့ပြောကြားသွားပါတယ်။

ဒတ်ချ်ကွင်းလယ်ကစားသမားဒွန်နီဗန်ဒီဘိခ်ဟာယခုရာသီတွင်မန်ယူအတွက်ပရီးမီးယားလိဂ်တွင်ငါးမိနစ်တည်းသာကစားခွင့်ရထားပါတယ်။သူဟာမန်ယူတွင်နေရာပျောက်မှုနဲ့အတူနယ်သာလန်အသင်းတွင်လည်းရွေးချယ်ခြင်းမခံရပါဘူး။

ZawGyi

ဗန္ဒီဘိခ္ ပီေကျဖင့္ ေထြးမႈျဖစ္ၿပီးေနာက္ ေနရာမရလို႔စိတ္ေကာက္ေနသူမ်ားကို အေရးယူမည္ဟု ဆိုးလ္ရွားေျပာၾကား

အိုလီဂန္းနားဆိုးလ္ရွားကမန္ယူအသင္းတြင္ပြဲကစားခြင့္မရရွိမႈေၾကာင့္စိတ္ေကာက္ေဒါသထြက္ေနတဲ့ကစားသမားမ်ားရဲ႕သေဘာထားကြဲမႈမ်ားအပၚျပင္းထန္စြာကိုင္တြယ္သြားမည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဗန္ဒီဘိခ္ဟာဗုဒၶဟူးေန႔ညတုန္းကဗီလာရီးရဲလ္ႏွင့္ပြဲတြင္လူစားဝင္ေရာက္ကစားခြင့္မရရွိၿပီးေနာက္ေဒါသထြက္ကာဆိုးလ္ရွားႏွင့္ဖရက္ရွိရာသို႔ပီေကျဖင့္ေထြးထုတ္ပစ္ခဲ့ပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားကဒတ္ခ်္အလယ္တန္းကစားသမားရဲ႕အျပဳအမူႏွင့္ပတ္သက္ၿပီးဘာျပႆနာမွ်မရွိေၾကာင္း၊သို႔ရာတြင္အသင္းအေပၚ႐ိုက္ခတ္လာမည့္အျပဳအမူမ်ိဳးျပဳလုပ္လာမည္ဆိုပါကအေရးယူမႈျပဳလုပ္ရန္လက္ေႏွးေနမည္မဟုတ္ေၾကာင္းဆိုလာပါတယ္။

ဆိုးလ္ရွားက “ကြၽန္ေတာ္ဟာႏိုင္ငံတကာကစားသမားေတြ၊ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ကစားသမားေတြစုဖြဲ႕ထားတဲ့အသင္းကိုစီမံခန႔္ခြဲေနတာပါ။ကစားသမားတိုင္းကကြဲျပားေအာင္လုပ္ခ်င္တယ္၊ကစားခ်င္တယ္၊ကစားသမားတိုင္းကြင္းထဲမွာရွိခ်င္ၾကပါတယ္။ဒီအတြက္ပဲသူတို႔လုပ္ေနၾကတာပါ။ဒြန္နီလိုပဲအျခားကစားသမားေတြလည္းကစားဖို႔အသင့္ျဖစ္ေနၾကတဲ့သူေတြပါ။ကစားသမားေတြအေနနဲ႔ကိုယ့္ဘက္ကအဆင္သင့္ျဖစ္ ေအာင္လုပ္ထားရပါမယ္။တစ္ခါတေလကြၽန္ေတာ္လည္းမေပ်ာ္ရပါဘူး။ဒါေပမယ့္ဆုံးျဖတ္ခ်က္တစ္ခုကေတာ့ခ်ရပါမယ္။ဒြန္နီမွမဟုတ္ဘူးအသင္းမွာရွိတဲ့ကစားသမားတိုင္းအေနျဖင့္ေအာင္ျမင္မႈရဖို႔စုစည္းေနဖို႔လိုပါတယ္။ကြၽန္ေတာ္တို႔အေနနဲ႔အျပဳသေဘာေဆာင္တဲ့စြမ္းအင္လိုအပ္ပါတယ္။စိတ္ေကာက္တာေတြမလိုခ်င္ပါဘူး။ဒြန္နီကအသင္းကိုဘယ္တုန္းကမွအႏုတ္လကၡဏာျဖစ္ေအာင္လုပ္တဲ့သူမဟုတ္ပါဘူး။တကယ္လို႔တေယာက္ေယာက္ကမ်ားအသင္းကိုကြဲျပားနစ္နာလာေအာင္လုပ္လာမယ္ဆိုရင္ကြၽန္ေတာ့္ဘက္ကခပ္ၾကမ္းၾကမ္းေလးကိုင္တြယ္လာပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒတ္ခ်္ကြင္းလယ္ကစားသမားဒြန္နီဗန္ဒီဘိခ္ဟာယခုရာသီတြင္မန္ယူအတြက္ပရီးမီးယားလိဂ္တြင္ငါးမိနစ္တည္းသာကစားခြင့္ရထားပါတယ္။သူဟာမန္ယူတြင္ေနရာေပ်ာက္မႈနဲ႔အတူနယ္သာလန္အသင္းတြင္လည္းေ႐ြးခ်ယ္ျခင္းမခံရပါဘူး။