ဗယ်ဗာဒီအား ယူရို ၁ ဘီလီယံပေးမှသာ ခေါ်ယူနိုင်မယ့်အချက်ပါ စာချုပ်သစ်ကို ချုပ်ဆိုလိုက်တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်ဟာကွင်းလယ်ကစားသမားဖီဒီရီကိုဗယ်ဗာဒီအားစာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ပါတယ်။လာလီဂါထိပ်သီးကလပ်ဟာဗယ်ဗာဒီရဲ့စာချုပ်အတွင်းမှာသူ့ကိုယူရို၁ဘီလီယံပေးမှသာလျှင်ခေါ်ယူနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

ဗယ်ဗာဒီဟာ၂၀၁၆ခုနှစ်တွင်ဥရုဂွေးကလပ်ပီနိုင်းရိုးလ်မှာလူငယ်ကစားသမားတစ်ဦးအဖြစ်ရီးရဲလ်မက်ဒရစ်သို့ရောက်လာခဲ့ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်ပထမအသင်းမှာအမာခံကစားသမားများထဲမှတစ်ဦးအဖြစ်ကစားလာခဲ့သူဖြစ်ပါတယ်။ယခုအခါရီးရဲလ်မက်ဒရစ်ဟာဥရုဂွေးလက်ရွေးစင်အားဘာနေဗျူးတွင်၂၀၂၇ခုနှစ်အထိကာလရှည်ကြာထိိန်းထားနိုင်မယ့်စာချုပ်သစ်အားချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဗယ်ဗာဒီကိုစာချုပ်သစ်ချုပ်ဆိုလိုက်တဲ့အပြင်ယခင်စာချုပ်မှာတုန်းကယူရိုသန်း၅၀၀ဖြင့်ခေါ်ယူနိုင်မယ်ဆိုတဲ့အချက်နေရာမှယူရို၁ဘီလီယံအထိတိုးမြှင့်ကာပြောင်းလဲချုပ်ဆိုခဲ့ပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၀၄ပွဲကစားကာ၅ဂိုးသွင်းယူပြီး၆ကြိမ်ဖန်တီးထားပါတယ်။

ZawGyi

ဗယ္ဗာဒီအား ယူ႐ို ၁ ဘီလီယံေပးမွသာ ေခၚယူႏိုင္မယ့္အခ်က္ပါ စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုလိုက္တဲ့ ရီးရဲလ္

ရီးရဲလ္မက္ဒရစ္ဟာကြင္းလယ္ကစားသမားဖီဒီရီကိုဗယ္ဗာဒီအားစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္ပါတယ္။လာလီဂါထိပ္သီးကလပ္ဟာဗယ္ဗာဒီရဲ႕စာခ်ဳပ္အတြင္းမွာသူ႔ကိုယူ႐ို၁ဘီလီယံေပးမွသာလွ်င္ေခၚယူႏိုင္မယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။

ဗယ္ဗာဒီဟာ၂၀၁၆ခုႏွစ္တြင္ဥ႐ုေဂြးကလပ္ပီႏိုင္း႐ိုးလ္မွာလူငယ္ကစားသမားတစ္ဦးအျဖစ္ရီးရဲလ္မက္ဒရစ္သို႔ေရာက္လာခဲ့ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္ပထမအသင္းမွာအမာခံကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ကစားလာခဲ့သူျဖစ္ပါတယ္။ယခုအခါရီးရဲလ္မက္ဒရစ္ဟာဥ႐ုေဂြးလက္ေ႐ြးစင္အားဘာေနဗ်ဴးတြင္၂၀၂၇ခုႏွစ္အထိကာလရွည္ၾကာထိိန္းထားႏိုင္မယ့္စာခ်ဳပ္သစ္အားခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဗယ္ဗာဒီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့အျပင္ယခင္စာခ်ဳပ္မွာတုန္းကယူ႐ိုသန္း၅၀၀ျဖင့္ေခၚယူႏိုင္မယ္ဆိုတဲ့အခ်က္ေနရာမွယူ႐ို၁ဘီလီယံအထိတိုးျမႇင့္ကာေျပာင္းလဲခ်ဳပ္ဆိုခဲ့ပါတယ္။

သူဟာရီးရဲလ္မက္ဒရစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၁၀၄ပြဲကစားကာ၅ဂိုးသြင္းယူၿပီး၆ႀကိမ္ဖန္တီးထားပါတယ္။