ဗယ်ဘူနာကို ကိုယ်တိုင်ရိုက်အခွေဖြင့် ငွေညှစ်မှုတွင် ပါဝင်မှုကြောင့် ဘန်ဇီးမား ထောင်ဒဏ်၁နှစ်နှင့်ပေါင်၆၃၀၀၀ဒဏ်ရိုက်ခံရ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကာရမ်ဘန်ဇီးမားဟာပြင်သစ်ကစားဖော်ဟောင်းမားသရူးဗယ်ဘူနာကိုကိုယ်တိုင်ရိုက်ဗီဒီယိုခွေဖြင့်ခြိမ်းခြောက်ငွေညှစ်မှုတွင်ပါဝင်ပတ်သက်ကြောင်းတရားရုံးကဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာပြစ်မှုထင်ရှားမှုကြောင့်ဆိုင်းငံ့ထောင်ဒဏ်တစ်နှစ်နှင့်ပေါင်၆၃၀၀၀(ယူရို၇၅၀၀၀)ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာပဲရစ်အနီးရှိဗာဆဲလ်လက်စ်တွင် ရုံးတင်ကြားနာခြင်းခံခဲ့ရသူငါးဦးထဲမှတစ်ဦးဖြစ်ဖြစ်ပါတယ်။၎င်းတို့ဟာ၂၀၁၅ခုနှစ်တုန်းကဗယ်ဘူနာရဲ့ဖုန်းထဲမှကိုယ်တိုင်ရိုက်ဗီဒီယိုဖိုင်ကိုခိုးယူကာခြိမ်းခြောက်ငွေညှစ်မှုတွင်ပါဝင်ပတ်သက်ခဲ့တာလည်းဖြစ်ပါတယ်။

ဘန်ဇီးမားက၂၀၁၅ခုနှစ်၊အောက်တိုဘာလတုန်းကပြင်သစ်အသင်းလေ့ကျင့်ရေးစင်တင်တွင်ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီးချဉ်းကပ်ခံရချိန်တွင်ကစားဖော်ကိုအကူအညီပေးရန်ကြိုးပမ်းခဲ့ခြင်းမျှသာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ထိုစဉ်ကသူကယင်းဗီဒီယိုဖိုင်နှင့်ပတ်သက်ပြီးဖြေရှင်းပေးမယ့်သူကိုရှာဖွေပေးမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ယနေ့ပြုလုပ်ခဲ့တဲ့တရားရုံးကြားနာမှုသို့ဘန်ဇီးမားတက်ရောက်ခြင်းမရှိဘဲကိုယ်စားရှေ့နေသာတက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လကတရားရုံးကတရားလိုရှေ့နေကဘန်ဇီးမားကိုဆိုင်းငံ့ထောင်ဒဏ်၁၀လနှင့်ယူရို၇၅၀၀၀ဒဏ်ရိုက်ရန်တောင်းဆိုခဲ့ပါတယ်။ဘန်ဇီးမားအတွက်အမြင့်မားဆုံးကျနိုင်တဲ့ပြစ်ဒဏ်ကထောင်ဒဏ်၅နှစ်နှင့်ဒဏ်ငွေယူရို၉၀၀၀၀(ပေါင်၇၅၀၀၀)ဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဘန်ဇီးမားရဲ့ရှေ့နေကကစားသမားဟာတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအယူခံဝင်သွားမယ်လို့ဆိုထားပါတယ်။

ယခုကဲ့သို့တရားရုံးရဲ့ဆုံးဖြတ်ချက်ကဘန်ဇီးမားရဲ့အားကစားလှုပ်ရှားမှုများအပေါ်တစ်စုံတစ်ရာရိုက်ခတ်လာဖို့မရှိပါဘူး။ဘန်ဇီးမားဟာယနေ့ညမော်ဒိုဗာတွင်ရှရစ်နှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်ပါဝင်လာပါမယ်။

လက်ရှိအချိန်တွင်ရီးရဲလ်မက်ဒရစ်ကဘန်ဇီးမားရဲ့ဖြစ်ရပ်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိသေးပါဘူး။

အမှုတွဲတွင်ပါဝင်တဲ့ဘန်ဇီးမားရဲ့ငယ်သူငယ်ချင်းကာရမ်ဇီနာတီမှာလည်းရုံးတင်စစ်ဆေးမှုသို့မတက်ရောက်ခဲ့ပါဘူး။၎င်းနှင့်ကျန်သုံးဦးတို့ဟာဆိုင်းငံ့ထောင်ဒဏ်၁၈လမှထောင်ဒဏ်၂နှစ်ခွဲအထိချမှတ်ခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင်၎င်းတို့ဟာဗယ်ဘူနာအားတရားရုံးစရိတ်ယူရို၈၀၀၀၀နှင့်နစ်နာကြေးယူရို၁၅၀၀၀၀ပေးရပါမယ်။

ZawGyi

ဗယ္ဘူနာကို ကိုယ္တိုင္႐ိုက္အေခြျဖင့္ ေငြညႇစ္မႈတြင္ ပါဝင္မႈေၾကာင့္ ဘန္ဇီးမား ေထာင္ဒဏ္၁ႏွစ္ႏွင့္ေပါင္၆၃၀၀၀ဒဏ္႐ိုက္ခံရ

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးကာရမ္ဘန္ဇီးမားဟာျပင္သစ္ကစားေဖာ္ေဟာင္းမားသ႐ူးဗယ္ဘူနာကိုကိုယ္တိုင္႐ိုက္ဗီဒီယိုေခြျဖင့္ၿခိမ္းေျခာက္ေငြညႇစ္မႈတြင္ပါဝင္ပတ္သက္ေၾကာင္းတရား႐ုံးကဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာျပစ္မႈထင္ရွားမႈေၾကာင့္ဆိုင္းငံ့ေထာင္ဒဏ္တစ္ႏွစ္ႏွင့္ေပါင္၆၃၀၀၀(ယူ႐ို၇၅၀၀၀)ဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာပဲရစ္အနီးရွိဗာဆဲလ္လက္စ္တြင္ ႐ုံးတင္ၾကားနာျခင္းခံခဲ့ရသူငါးဦးထဲမွတစ္ဦးျဖစ္ျဖစ္ပါတယ္။၎တို႔ဟာ၂၀၁၅ခုႏွစ္တုန္းကဗယ္ဘူနာရဲ႕ဖုန္းထဲမွကိုယ္တိုင္႐ိုက္ဗီဒီယိုဖိုင္ကိုခိုးယူကာၿခိမ္းေျခာက္ေငြညႇစ္မႈတြင္ပါဝင္ပတ္သက္ခဲ့တာလည္းျဖစ္ပါတယ္။

ဘန္ဇီးမားက၂၀၁၅ခုႏွစ္၊ေအာက္တိုဘာလတုန္းကျပင္သစ္အသင္းေလ့က်င့္ေရးစင္တင္တြင္ယင္းျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးခ်ဥ္းကပ္ခံရခ်ိန္တြင္ကစားေဖာ္ကိုအကူအညီေပးရန္ႀကိဳးပမ္းခဲ့ျခင္းမွ်သာျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။ထိုစဥ္ကသူကယင္းဗီဒီယိုဖိုင္ႏွင့္ပတ္သက္ၿပီးေျဖရွင္းေပးမယ့္သူကိုရွာေဖြေပးမယ္လို႔ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ယေန႔ျပဳလုပ္ခဲ့တဲ့တရား႐ုံးၾကားနာမႈသို႔ဘန္ဇီးမားတက္ေရာက္ျခင္းမရွိဘဲကိုယ္စားေရွ႕ေနသာတက္ေရာက္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့လကတရား႐ုံးကတရားလိုေရွ႕ေနကဘန္ဇီးမားကိုဆိုင္းငံ့ေထာင္ဒဏ္၁၀လႏွင့္ယူ႐ို၇၅၀၀၀ဒဏ္႐ိုက္ရန္ေတာင္းဆိုခဲ့ပါတယ္။ဘန္ဇီးမားအတြက္အျမင့္မားဆုံးက်ႏိုင္တဲ့ျပစ္ဒဏ္ကေထာင္ဒဏ္၅ႏွစ္ႏွင့္ဒဏ္ေငြယူ႐ို၉၀၀၀၀(ေပါင္၇၅၀၀၀)ျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဘန္ဇီးမားရဲ႕ေရွ႕ေနကကစားသမားဟာတရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကိုအယူခံဝင္သြားမယ္လို႔ဆိုထားပါတယ္။

ယခုကဲ့သို႔တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကဘန္ဇီးမားရဲ႕အားကစားလႈပ္ရွားမႈမ်ားအေပၚတစ္စုံတစ္ရာ႐ိုက္ခတ္လာဖို႔မရွိပါဘူး။ဘန္ဇီးမားဟာယေန႔ညေမာ္ဒိုဗာတြင္ရွရစ္ႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္တြင္ပါဝင္လာပါမယ္။

လက္ရွိအခ်ိန္တြင္ရီးရဲလ္မက္ဒရစ္ကဘန္ဇီးမားရဲ႕ျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာမွတ္ခ်က္ျပဳျခင္းမရွိေသးပါဘူး။

အမႈတြဲတြင္ပါဝင္တဲ့ဘန္ဇီးမားရဲ႕ငယ္သူငယ္ခ်င္းကာရမ္ဇီနာတီမွာလည္း႐ုံးတင္စစ္ေဆးမႈသို႔မတက္ေရာက္ခဲ့ပါဘူး။၎ႏွင့္က်န္သုံးဦးတို႔ဟာဆိုင္းငံ့ေထာင္ဒဏ္၁၈လမွေထာင္ဒဏ္၂ႏွစ္ခြဲအထိခ်မွတ္ျခင္းခံခဲ့ရပါတယ္။

ဒါ့အျပင္၎တို႔ဟာဗယ္ဘူနာအားတရား႐ုံးစရိတ္ယူ႐ို၈၀၀၀၀ႏွင့္နစ္နာေၾကးယူ႐ို၁၅၀၀၀၀ေပးရပါမယ္။