ဗယ်ဘူနာနှင့်အမှုအား အဆုံးသတ်ရန် ဘန်ဇီးမား စိတ်အားထက်သန်နေ

ကာရမ်ဘန်ဇီးမားဟာပြင်သစ်ကစားဖော်ဟောင်းမားသီးယပ်စ်ဘယ်ဘူနာအားဗီဒီယိုခွေဖြင့်ငွေညှစ်ခြိမ်းခြောက်မှုစွဲချက်အတွက်တရားရင်ဆိုင်ရမယ့်ရက်ထွက်ပေါ်လာမှုကိုကြိုဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာမာဆေးလ်ကစားသမားဟောင်းအားလိင်ပိုင်းဆိုင်ရာဗီဒီယိုခွေဖြင့်ငွေညှစ်ခြိမ်းခြောက်မှုတွင်ပါဝင်ပတ်သက်တယ်ဆိုပြီးစွပ်စွဲခံထားရပါတယ်။

ဘန်ဇီးမားဟာယင်းစွပ်စွဲချက်ကြောင့်၂၀၁၅ခုနှစ်ကတည်းကပြင်သစ်လက်ရွေးစင်အသင်းတွင်ကစားခွင့်ရရှိခဲ့ခြင်းမရှိပါဘူး။

ယခုအခါဘန်ဇီးမားရဲံအမှုအားလာမယ့်အောက်တိုဘာလ၂၀ရက်နေ့မှ၂၂ရက်နေ့တို့တွင်စစ်ဆေးမှုပြုလုပ်သွားမှာဖြစ်ကြောင်းကြေညာလာပါတယ်။

ယင်းသို့တရားရင်ဆိုင်ရမယ့်ရက်ထွက်ပေါ်လာပြီးနောက်ဘန်ဇီးမားက “ဟုတ်ပြီ။နောက်ဆုံးအနေနဲ့ ချီတက်ကြစို့။ဒီပြဿနာဆိုးကိုရာသက်ပန်အဆုံးသတ်လိုက်ကြစို့”လို့ဆိုသွားပါတယ်။

၂၀၁၅ခုနှစ်တုန်းကဘန်ဇီးမားဟာဗီဒီယိုတိတ်ခွေဖြင့်ငွေညှစ်သူများအားငွေပေးလိုက်ရန်ဘယ်ဘူနာကိုတိုက်တွန်းခဲ့ကြောင်းစွဲပ်စွဲခံခဲ့ရပါတယ်။ဒါပေမယ့်ဘယ်ဘူနာဟာငွေညှစ်သူများနှင့်ညှိနှိုင်းမှုမပြုလုပ်ဘဲရဲတပ်ဖွဲ့ထံသို့အကြောင်းကြားခဲ့ပါတယ်။

ဘန်ဇီးမားဟာယင်းဖြစ်ရပ်ပြီးကတည်းကပြင်သစ်အသင်းမှချန်လှပ်ခြင်းခံခဲ့ရပါတယ်။သူဟာရီးရဲလ်မက်ဒရစ်နှင့်အတူခြေစွမ်းပြကစားနိုင်သော်လည်းပြင်သစ်မှာလုံးဝရွေးချယ်ခြင်းမခံရပါဘူး။

ZawGyi

ဗယ္ဘူနာႏွင့္အမႈအား အဆုံးသတ္ရန္ ဘန္ဇီးမား စိတ္အားထက္သန္ေန

ကာရမ္ဘန္ဇီးမားဟာျပင္သစ္ကစားေဖာ္ေဟာင္းမားသီးယပ္စ္ဘယ္ဘူနာအားဗီဒီယိုေခြျဖင့္ေငြညႇစ္ၿခိမ္းေျခာက္မႈစြဲခ်က္အတြက္တရားရင္ဆိုင္ရမယ့္ရက္ထြက္ေပၚလာမႈကိုႀကိဳဆိုလိုက္ပါတယ္။

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာမာေဆးလ္ကစားသမားေဟာင္းအားလိင္ပိုင္းဆိုင္ရာဗီဒီယိုေခြျဖင့္ေငြညႇစ္ၿခိမ္းေျခာက္မႈတြင္ပါဝင္ပတ္သက္တယ္ဆိုၿပီးစြပ္စြဲခံထားရပါတယ္။

ဘန္ဇီးမားဟာယင္းစြပ္စြဲခ်က္ေၾကာင့္၂၀၁၅ခုႏွစ္ကတည္းကျပင္သစ္လက္ေ႐ြးစင္အသင္းတြင္ကစားခြင့္ရရွိခဲ့ျခင္းမရွိပါဘူး။

ယခုအခါဘန္ဇီးမားရဲံအမႈအားလာမယ့္ေအာက္တိုဘာလ၂၀ရက္ေန႔မွ၂၂ရက္ေန႔တို႔တြင္စစ္ေဆးမႈျပဳလုပ္သြားမွာျဖစ္ေၾကာင္းေၾကညာလာပါတယ္။

ယင္းသို႔တရားရင္ဆိုင္ရမယ့္ရက္ထြက္ေပၚလာၿပီးေနာက္ဘန္ဇီးမားက “ဟုတ္ၿပီ။ေနာက္ဆုံးအေနနဲ႔ ခ်ီတက္ၾကစို႔။ဒီျပႆနာဆိုးကိုရာသက္ပန္အဆုံးသတ္လိုက္ၾကစို႔”လို႔ဆိုသြားပါတယ္။

၂၀၁၅ခုႏွစ္တုန္းကဘန္ဇီးမားဟာဗီဒီယိုတိတ္ေခြျဖင့္ေငြညႇစ္သူမ်ားအားေငြေပးလိုက္ရန္ဘယ္ဘူနာကိုတိုက္တြန္းခဲ့ေၾကာင္းစြဲပ္စြဲခံခဲ့ရပါတယ္။ဒါေပမယ့္ဘယ္ဘူနာဟာေငြညႇစ္သူမ်ားႏွင့္ညႇိႏႈိင္းမႈမျပဳလုပ္ဘဲရဲတပ္ဖြဲ႕ထံသို႔အေၾကာင္းၾကားခဲ့ပါတယ္။

ဘန္ဇီးမားဟာယင္းျဖစ္ရပ္ၿပီးကတည္းကျပင္သစ္အသင္းမွခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။သူဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူေျခစြမ္းျပကစားႏိုင္ေသာ္လည္းျပင္သစ္မွာလုံးဝေ႐ြးခ်ယ္ျခင္းမခံရပါဘူး။