ဗယ်လီကာနိုနှင့်စာချုပ်ချုပ်ဆိုလိုက်တဲ့ ဖာဘရီဂက်စ်ရဲ့မယားပါသားတစ်တော့ခ်

ဖာဘရီဂက်စ်ရဲ့မယားပါသားဂျိူးဆက်ဖ်တစ်တော့ခ်ဟာလာလီဂါကလပ် ရာယိုဗယ်လီကာနိုနှင့်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ဆယ်ကျော်သားကစားသမားလေးဟာပထွေးဖြစ်သူ အာဆင်နယ်၊ဘာစီလိုနာ၊ချဲလ်ဆီးအလယ်တန်းကစားသမားဟောင်းဖာဘရီဂက်စ်ရဲ့ခြေရာကိုနင်းနိုင်မယ့်အခွင့်အရေးရရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

အသက်၁၇နှစ်ရှိတစ်တော့ခ်ဟာမက်ဒရစ်ရဲ့တတိယအကြီးမားဆုံးကလပ်ရဲ့အခွင့်အရေးပေးခြင်းခံရမှုအတွက်ပျော်ရွှင်နေပါတယ်။သူ့ရဲ့မိခင်ကဖာဘရီဂက်စ်နှင့်တွဲနေတဲ့ မော်ဒယ်ဒါနီလာဆီမန်းဖြစ်ပါတယ်။

တစ်တော့ခ်ဟာမိခင်ဖြစ်သူနှင့်တွဲရိုက်ထားတဲ့ဓာတ်ပုံကိုအွန်လိုင်းတွင်တင်ကာ “ရာယိုဗယ်လီကာနိုနှင့်စာချုပ်ချုပ်ဆိုလိုက်နိုင်တဲ့အတွက်အရမ်းဝမ်းသာဂုဏ်ယူရတဲ့နေ့တစ်နေ့ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ဘုရားသခင်ကိုကျေးဇူးတင်တယ်။ဒီအနေအထားသို့အထိရောက်လာဖို့ရှည်လျားတဲ့ခရီးရှည်တစ်ခုလျှောက်ခဲ့ရတယ်။နောက်ထပ်လည်းအများကြီးလျှောက်လှမ်းရဦးမယ်။ဒီအောင်မြင်မှုအတွက်မိသားစုကိုကျေးဇူးတင်ပါတယ်”လို့ရေးသားသွားပါတယ်။

စပိန်လက်ရွေးစင်ကစားသမားဟောင်းဖာဘရီဂက်စ်ဟာမယားပါသားရဲ့အောင်မြင်မှုအတွက်ဂုဏ်ယူလျက်ရှိပြီး “ဒါမှငါ့ကောင်ကွာ”ဆိုပြီးအွန်လိုင်းတွင်ရေးသားသွားပါတယ်။ဂျိုးဆက်တစ်တော့ခ်ရဲ့ဖခင်ကလက်ဘနွန်စီးပွားရေးလုပ်ငန်းရှင်အီလီတစ်တော့ခ်ဖြစ်ပါတယ်။

ZawGyi

ဗယ္လီကာႏိုႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့ ဖာဘရီဂက္စ္ရဲ႕မယားပါသားတစ္ေတာ့ခ္

ဖာဘရီဂက္စ္ရဲ႕မယားပါသားဂ်ိဴးဆက္ဖ္တစ္ေတာ့ခ္ဟာလာလီဂါကလပ္ ရာယိုဗယ္လီကာႏိုႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါတယ္။ဆယ္ေက်ာ္သားကစားသမားေလးဟာပေထြးျဖစ္သူ အာဆင္နယ္၊ဘာစီလိုနာ၊ခ်ဲလ္ဆီးအလယ္တန္းကစားသမားေဟာင္းဖာဘရီဂက္စ္ရဲ႕ေျခရာကိုနင္းႏိုင္မယ့္အခြင့္အေရးရရွိလာခဲ့ၿပီလည္းျဖစ္ပါတယ္။

အသက္၁၇ႏွစ္ရွိတစ္ေတာ့ခ္ဟာမက္ဒရစ္ရဲ႕တတိယအႀကီးမားဆုံးကလပ္ရဲ႕အခြင့္အေရးေပးျခင္းခံရမႈအတြက္ေပ်ာ္႐ႊင္ေနပါတယ္။သူ႔ရဲ႕မိခင္ကဖာဘရီဂက္စ္ႏွင့္တြဲေနတဲ့ ေမာ္ဒယ္ဒါနီလာဆီမန္းျဖစ္ပါတယ္။

တစ္ေတာ့ခ္ဟာမိခင္ျဖစ္သူႏွင့္တြဲ႐ိုက္ထားတဲ့ဓာတ္ပုံကိုအြန္လိုင္းတြင္တင္ကာ “ရာယိုဗယ္လီကာႏိုႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ႏိုင္တဲ့အတြက္အရမ္းဝမ္းသာဂုဏ္ယူရတဲ့ေန႔တစ္ေန႔ပိုင္ဆိုင္ႏိုင္ခဲ့ပါၿပီ။ဘုရားသခင္ကိုေက်းဇူးတင္တယ္။ဒီအေနအထားသို႔အထိေရာက္လာဖို႔ရွည္လ်ားတဲ့ခရီးရွည္တစ္ခုေလွ်ာက္ခဲ့ရတယ္။ေနာက္ထပ္လည္းအမ်ားႀကီးေလွ်ာက္လွမ္းရဦးမယ္။ဒီေအာင္ျမင္မႈအတြက္မိသားစုကိုေက်းဇူးတင္ပါတယ္”လို႔ေရးသားသြားပါတယ္။

စပိန္လက္ေ႐ြးစင္ကစားသမားေဟာင္းဖာဘရီဂက္စ္ဟာမယားပါသားရဲ႕ေအာင္ျမင္မႈအတြက္ဂုဏ္ယူလ်က္ရွိၿပီး “ဒါမွငါ့ေကာင္ကြာ”ဆိုၿပီးအြန္လိုင္းတြင္ေရးသားသြားပါတယ္။ဂ်ိဳးဆက္တစ္ေတာ့ခ္ရဲ႕ဖခင္ကလက္ဘႏြန္စီးပြားေရးလုပ္ငန္းရွင္အီလီတစ္ေတာ့ခ္ျဖစ္ပါတယ္။