ဗယ်လီကာနိုအတွက် ပထမဆုံးလာလီဂါပွဲမှာ ပွဲချိန် ၁၆ မိနစ်မှာအထုတ်ခံခဲ့ရတဲ့ ဇီဒန်းရဲ့သားလူကာ

ပြင်သစ်နှင့်ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားဇီဒန်းရဲ့သားဖြစ်သူလူကာဇီဒန်းဟာဗယ်လီကာနိုနဲ့အတူလာလီဂါမှာပထမဆုံးပွဲမှာ၁၆မိနစ်မှာဘဲအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရကာဆိုးရွားစွာစတင်ခဲ့ရပါတယ်။

မက်ဒရစ်အခြေစိုက်ကလပ်ဗယ်လီကာနိုဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပလေးအော့ဖ်မှတဆင့်လာလီဂါသို့တန်းတက်လာခဲ့တာဖြစ်ပါတယ်။လူကာဇီဒန်းဟာဦးစားပေးဂိုးသမားဒီမီထရီစကီးမှာယူရိုပြိုင်ပွဲကစားနေရမှုနဲ့အတူရာသီလက်ကျန်ပွဲများကိုဦးစားပေးဂိုးသမားအဖြစ်ကစားပြီးတန်းတက်အောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိလူကာဇီဒန်းဟာတနင်္ဂနွေနေ့တုန်းကဆီဗီလာနှင့်လာလီဂါအဖွင့်ပွဲမှာလည်းပွဲထွက်ဂိုးသမားအဖြစ်ကစားခွင့်ရရှိခဲ့ပါတယ်။ဒါပေမယ့်သူဟာပွဲချိန်၁၆မိနစ်မှာဘဲဂိုးသွင်းရန်ကြိုးစားတဲ့ဆီဗီလာတိုက်စစ်မှူးအိုင်ဒရက်စ်စီဆွဲထားမှုအတွက်တိုက်ရိုက်အနီကတ်ပြခဲ့ပြီးပင်နယ်တီပါပေးခဲ့ရပါတယ်။

ယင်းသို့တစ်ယောက်အလျှော့နဲ့ကစားရမှုနဲ့အတူဗယ်လီကာနိုဟာလည်းလာလီဂါအဖွင့်ပွဲမှာဆီဗီလာကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

ဗယ္လီကာႏိုအတြက္ ပထမဆုံးလာလီဂါပြဲမွာ ပြဲခ်ိန္ ၁၆ မိနစ္မွာအထုတ္ခံခဲ့ရတဲ့ ဇီဒန္းရဲ႕သားလူကာ

ျပင္သစ္ႏွင့္ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကစားသမားဇီဒန္းရဲ႕သားျဖစ္သူလူကာဇီဒန္းဟာဗယ္လီကာႏိုနဲ႔အတူလာလီဂါမွာပထမဆုံးပြဲမွာ၁၆မိနစ္မွာဘဲအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရကာဆိုး႐ြားစြာစတင္ခဲ့ရပါတယ္။

မက္ဒရစ္အေျခစိုက္ကလပ္ဗယ္လီကာႏိုဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပေလးေအာ့ဖ္မွတဆင့္လာလီဂါသို႔တန္းတက္လာခဲ့တာျဖစ္ပါတယ္။လူကာဇီဒန္းဟာဦးစားေပးဂိုးသမားဒီမီထရီစကီးမွာယူ႐ိုၿပိဳင္ပြဲကစားေနရမႈနဲ႔အတူရာသီလက္က်န္ပြဲမ်ားကိုဦးစားေပးဂိုးသမားအျဖစ္ကစားၿပီးတန္းတက္ေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။

အသက္၂၃ႏွစ္ရွိလူကာဇီဒန္းဟာတနဂၤေႏြေန႔တုန္းကဆီဗီလာႏွင့္လာလီဂါအဖြင့္ပြဲမွာလည္းပြဲထြက္ဂိုးသမားအျဖစ္ကစားခြင့္ရရွိခဲ့ပါတယ္။ဒါေပမယ့္သူဟာပြဲခ်ိန္၁၆မိနစ္မွာဘဲဂိုးသြင္းရန္ႀကိဳးစားတဲ့ဆီဗီလာတိုက္စစ္မႉးအိုင္ဒရက္စ္စီဆြဲထားမႈအတြက္တိုက္႐ိုက္အနီကတ္ျပခဲ့ၿပီးပင္နယ္တီပါေပးခဲ့ရပါတယ္။

ယင္းသို႔တစ္ေယာက္အေလွ်ာ့နဲ႔ကစားရမႈနဲ႔အတူဗယ္လီကာႏိုဟာလည္းလာလီဂါအဖြင့္ပြဲမွာဆီဗီလာကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။