ဗလက္ကာယစွပ်စွဲမှု ၆ မှုမှ လွတ်မြောက်သွားပြီးနောက် အမည်ကို သန့်စင်အောင် လုပ်ဆောင်လာတော့မဲ့ မန်စီးတီးရဲ့မန်ဒီ

မန်စီးတီးစတားဘင်ဂျာမင်မန်ဒီဟာသူ့အမည်ကိုသန့်စင်နိုင်ရေးအတွက်လာမယ့်နွေရာသီတွင်အမှုကိုပြန်လည်ကြားနာမှုပြုလုပ်လာတော့မှာဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိပြင်သစ်လက်ရွေးစင်ကစားသမားရဲ့ရှေ့နေကသူ့အမှုသည်ဟာအမျိုးသမီးလေးဦးကိုဗလက္ကာယပြုကျင့်တယ်လို့စွပ်စွဲမှု၆မှုမှလွတ်မြောက်သွားပြီဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ယခုအခါမန်ဒီဟာသူ့အမည်ပျက်ကိုပြန်လည်သန့်စင်လာအောင်လုပ်ဆောင်ပြီးဘဝကိုပြန်လည်ထူထောင်မှုပြုလုပ်လာတော့မှာဖြစ်ပါတယ်။

မန်ဒီဟာဗလက္ကာယမှု၆မှု၊လိင်အကြမ်းဖက်မှု၁မှုတို့မှလွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။

မန်ဒီဟာစွပ်စွဲမှုမှလွတ်မြောက်သွားပြီဖြစ်ပေမဲ့လည်းအချုပ်ခန်းတွင်နေထိုင်နေရဆဲဖြစ်ပါတယ်။

သူဟာလာမယ့်ဇန်နဝါရီလတွင်အကြိုအမှုရင်ဆိုင်ရမှာဖြစ်ပြီးဇွန်လ၂၆ရက်နေ့မှစတင်ကာသုံးပတ်ကြာအမှုကြားနာစစ်ဆေးခြင်းခံရပါဦးမယ်။

ZawGyi






