ဗလက္ကာယပြုကျင့်မှုစွပ်စွဲမှုနှင့်ပတ်သက်ပြီး ဟာကီမီ လုံးဝငြင်းဆို

ပီအက်စ်ဂျီစတားအာခရက်ဖ်ဟာကီမီကအမျိုးသမီးတစ်ဦးကိုဗက္ကာယပြုကျင့်ရန်ကြိုးပမ်းခဲ့တယ်ဆိုတဲ့စွပ်စွဲမှုကိုငြင်းဆိုထားပြီး၎င်းမှာမရိုးမသားလိမ်လည်စီးပွားရှာမှုရဲ့သားကောင်ဖြစ်နေကြောင်းဆိုထားပါတယ်။

အသက်၂၄နှစ်ရှိမော်ရိုကိုရဲ့ကမ္ဘာ့ဖလားသူရဲကောင်းဟာပြီးခဲ့တဲ့သောကြာနေ့တုန်းကအသက်၂၄နှစ်အရွယ်အမျိုးသမီးတစ်ဦးကိုသူ့ရဲ့နေအိမ်တွင်ဗလက္ကာယပြုကျင့်မှုဖြင့်စွဲချက်တင်ခြင်းခံထားရပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ဝင်များဟာအမျိုးသမီးတစ်ဦးကဟာကီမီရဲ့ဗလက္ကာပြုကျင့်ခြင်းခံ့ရကြောင်းပြောကြားလာမှုအပေါ်စစ်ဆေးမှုပြုလုပ်ပြီးနောက်စွဲချက်တင်ခြင်းပြုလုပ်လာပါတယ်။

ယင်းအမျိုးသမီးကဟာကီမီဟာဇနီးနှင့်သားနှစ်ဦးတို့ဒူဘိုင်းသို့အလည်အပတ်ခရီးသွားနေစဉ်အတွင်းသူမကိုနေအိမ်သို့ဖိတ်ကြားပြီးနောက်ဗလက္ကာယပြုကျင့်ခဲ့ကြောင်းစွပ်စွဲထားပါတယ်။

ဟာကီမီဟာပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းကခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပြီးစွပ်စွဲမှုများကိုငြင်းဆိုထားပါတယ်။

ယခုအခါဟာကီမီရဲ့ရှေ့နေဖန်နီကောလင်းကသူမရဲ့အမှုသည်မှာမရိုးမသားလိမ်လည်စီးပွားရှာမှုရဲ့သားကောင်ဖြစ်နေကြောင်းဆိုသွားပါတယ်။

Le Parisien ရဲ့ဖော်ပြမှုအရဟာကီမီဟာဇန်နဝါရီလ၁၆ရက်နေ့တုန်းကအင်စတာဂရမ်တွင်ယင်းအမျိုးသမီးနှင့်စကားပြောပြီးနောက် စနေနေ့တုန်းကသူ့နေအိမ်သို့ဖိတ်ခေါ်ကာဗလက္ကာယပြုကျင့်ခဲ့ကြောင်းသိရပါတယ်။

ဟာကီမီဟာဗလက္ကာပြုကျင့်မှုစွပ်စွဲမှုကြောင့်ဇနီးသည်ဟီဘာရဲ့လမ်းခွဲခြင်းခံလိုက်ရကြောင်းသတင်းထွက်နေပါတယ်။

ZawGyi








