ဗလက္ကာယမှုစွပ်စွဲသူရဲ့ရှေ့နေထံမှ ပေါင် ၂၇၈၀၀၀ ရရှိလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ကိုဗက္ကာယပြုကျင့်မှုဖြင့်စွပ်စွဲသူရဲ့ရှေ့နေထံမှယုံကြည်မှုဖျောက်ဖျက်မှုအတွက်ပေါင်၂၇၈၀၀၀အနိုင်ရရှိလာပါတယ်။

အမေရိကန်တရားသူကြီးတစ်ဦးကကက်သရင်းမာယော်ဂါရဲ့ရှေ့နေလီစလီစတိုဗယ်အနေဖြင့်ကမ္ဘာ့လုပ်ခအများဆုံးအားကစားသမားအားငွေပေးရန်ဆုံးဖြတ်လာတာဖြစ်ပါတယ်။

အသက်၃၈နှစ်ရှိယူနိုက်တက်၊ရီးရဲလ်မက်ဒရစ်နှင့်ဂျူဗင်တပ်စူပါစတားဟောင်းကသူ့ရဲ့အမှုမှာရှေ့နေရဲ့မလိုမုန်းထားလုပ်ဆောင်မှုများမှာကာလရှည်ကြာလာခဲ့ကြောင်းတိုင်ကြားရာမှယခုကဲ့သို့နစ်နာကြေးရရှိလာတာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၀၉ခုနှစ်တုန်းကလော့စ်ဗီးဂက်စ်ရှိဟိုတယ်တစ်ခုတွင်အသက်၄၀နှစ်ရှိမာယော်ဂါကိုဗလက္ကာယပြုကျင့်ခဲ့ကြောင်းစွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ပေါ်တူဂီစူပါစတားဟာယင်းဖြစ်ရပ်အတွက်ရဲတပ်ဖွဲ့ရဲ့စွဲချက်တင်ခြင်းတစ်ခါမျှခံခဲ့ရခြင်းမရှိပါဘူး။

မာယော်ဂါကရော်နယ်ဒိုဟာ၂၀၁၀ခုနှစ်တုန်းကအမှုကျေအေးပေးရန်ပေါင်၂၇၅၀၀၀ပေးခဲ့ကြောင်းဆိုသွားပါတယ်။

ဒါပေမဲ့ရှစ်နှစ်အကြာတွင်သူမဟာရော်နယ်ဒိုရဲ့ရှေ့နေနှင့်ပူးပေါင်းလုပ်ဆောင်မှုပေါက်ကြားလာမှုနဲ့အတူသန်းပေါင်းများစွာနစ်နာကြေးရရှိရန် အရပ်ဘက်တရားစွဲဆိုမှုပြုလုပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လမှာတော့အမေရိကန်ပြည်နယ်တရားသူကြီးဂျန်နီဖာဒေါ်ဆယ်ကမာယော်ဂါရဲ့တရားစွဲမှုများကိုပယ်ချခဲ့ပါတယ်။

ဒါ့အပြင်တရားသူကြီးကရှေ့နေစတိုဗယ်မှာရော်နယ်ဒိုနှင့်ရှေ့နေတို့အကြားဆွေးနွေးထားတဲ့အချက်အလက်များကိုခိုးယူတယ်လို့လည်းဆုံးဖြတ်ခဲ့ပါတယ်။

ယခုအခါတရားသူကြီးကခရစ္စတီယာနိုရော်နယ်ဒိုအားသူ့အမှုရဲ့တရားစရိတ် ပေါင်၅၀၆၀၀၀ရဲ့တစ်ဝက်မျှရှိတဲ့ပမာဏအား တရားလိုရှေ့နေဘက်ကပေးရန်ဆုံးဖြတ်လာပြီဖြစ်ပါတယ်။

အမှုဖြစ်စဉ်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုမှာအသက်၂၄နှစ်သာရှိပြီးယောက်ဖ၊ညီအစ်ကိုဝမ်းကွဲတို့နှင့်အတူလက်စ်ဗီးဂက်စ်သို့အားလပ်ရက်ခရီးရောက်လာခဲ့တာဖြစ်ပါတယ်။

မော်ဒယ်မာယောဂါမှာထိုစဉ်တုန်းကအသက်၂၅နှစ်ဖြစ်ပြီး Rain နိုက်ကလပ်တွင်အလုပ်လုပ်နေပါတယ်။ရော်နယ်ဒိုဟာသူမနှင့် ယင်းနိုက်ကလပ်ရဲ့VIP ဧရိယာတွင်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ဗလကၠာယမႈစြပ္စြဲသူရဲ႕ေရွ႕ေနထံမွ ေပါင္ ၂၇၈၀၀၀ ရရွိလာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ကိုဗကၠာယျပဳက်င့္မႈျဖင့္စြပ္စြဲသူရဲ႕ေရွ႕ေနထံမွယုံၾကည္မႈေဖ်ာက္ဖ်က္မႈအတြက္ေပါင္၂၇၈၀၀၀အႏိုင္ရရွိလာပါတယ္။

အေမရိကန္တရားသူႀကီးတစ္ဦးကကက္သရင္းမာေယာ္ဂါရဲ႕ေရွ႕ေနလီစလီစတိုဗယ္အေနျဖင့္ကမာၻ႔လုပ္ခအမ်ားဆုံးအားကစားသမားအားေငြေပးရန္ဆုံးျဖတ္လာတာျဖစ္ပါတယ္။

အသက္၃၈ႏွစ္ရွိယူႏိုက္တက္၊ရီးရဲလ္မက္ဒရစ္ႏွင့္ဂ်ဴဗင္တပ္စူပါစတားေဟာင္းကသူ႔ရဲ႕အမႈမွာေရွ႕ေနရဲ႕မလိုမုန္းထားလုပ္ေဆာင္မႈမ်ားမွာကာလရွည္ၾကာလာခဲ့ေၾကာင္းတိုင္ၾကားရာမွယခုကဲ့သို႔နစ္နာေၾကးရရွိလာတာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၀၉ခုႏွစ္တုန္းကေလာ့စ္ဗီးဂက္စ္ရွိဟိုတယ္တစ္ခုတြင္အသက္၄၀ႏွစ္ရွိမာေယာ္ဂါကိုဗလကၠာယျပဳက်င့္ခဲ့ေၾကာင္းစြပ္စြဲခံခဲ့ရတာျဖစ္ပါတယ္။ဒါေပမဲ့ေပၚတူဂီစူပါစတားဟာယင္းျဖစ္ရပ္အတြက္ရဲတပ္ဖြဲ႕ရဲ႕စြဲခ်က္တင္ျခင္းတစ္ခါမွ်ခံခဲ့ရျခင္းမရွိပါဘူး။

မာေယာ္ဂါကေရာ္နယ္ဒိုဟာ၂၀၁၀ခုႏွစ္တုန္းကအမႈေက်ေအးေပးရန္ေပါင္၂၇၅၀၀၀ေပးခဲ့ေၾကာင္းဆိုသြားပါတယ္။

ဒါေပမဲ့ရွစ္ႏွစ္အၾကာတြင္သူမဟာေရာ္နယ္ဒိုရဲ႕ေရွ႕ေနႏွင့္ပူးေပါင္းလုပ္ေဆာင္မႈေပါက္ၾကားလာမႈနဲ႔အတူသန္းေပါင္းမ်ားစြာနစ္နာေၾကးရရွိရန္ အရပ္ဘက္တရားစြဲဆိုမႈျပဳလုပ္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဇြန္လမွာေတာ့အေမရိကန္ျပည္နယ္တရားသူႀကီးဂ်န္နီဖာေဒၚဆယ္ကမာေယာ္ဂါရဲ႕တရားစြဲမႈမ်ားကိုပယ္ခ်ခဲ့ပါတယ္။

ဒါ့အျပင္တရားသူႀကီးကေရွ႕ေနစတိုဗယ္မွာေရာ္နယ္ဒိုႏွင့္ေရွ႕ေနတို႔အၾကားေဆြးေႏြးထားတဲ့အခ်က္အလက္မ်ားကိုခိုးယူတယ္လို႔လည္းဆုံးျဖတ္ခဲ့ပါတယ္။

ယခုအခါတရားသူႀကီးကခရစၥတီယာႏိုေရာ္နယ္ဒိုအားသူ႔အမႈရဲ႕တရားစရိတ္ ေပါင္၅၀၆၀၀၀ရဲ႕တစ္ဝက္မွ်ရွိတဲ့ပမာဏအား တရားလိုေရွ႕ေနဘက္ကေပးရန္ဆုံးျဖတ္လာၿပီျဖစ္ပါတယ္။

အမႈျဖစ္စဥ္တုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုမွာအသက္၂၄ႏွစ္သာရွိၿပီးေယာက္ဖ၊ညီအစ္ကိုဝမ္းကြဲတို႔ႏွင့္အတူလက္စ္ဗီးဂက္စ္သို႔အားလပ္ရက္ခရီးေရာက္လာခဲ့တာျဖစ္ပါတယ္။

ေမာ္ဒယ္မာေယာဂါမွာထိုစဥ္တုန္းကအသက္၂၅ႏွစ္ျဖစ္ၿပီး Rain ႏိုက္ကလပ္တြင္အလုပ္လုပ္ေနပါတယ္။ေရာ္နယ္ဒိုဟာသူမႏွင့္ ယင္းႏိုက္ကလပ္ရဲ႕VIP ဧရိယာတြင္ေတြ႕ဆုံခဲ့တာလည္းျဖစ္ပါတယ္။