ဗလက္ကာယမှုဖြင့် စစ်ဆေးခံနေရတဲ့ မင်ဒီရဲ့ပြင်ပလူနေမှုဘဝကို မသိကြောင်း တရားရုံးတွင် ဂွါဒီယိုလာထွက်ဆို

မန်စီးတီးနည်းပြဂွါဒီယိုလာကတရားရုံးတွင်ဘင်ဂျာမင်မန်ဒီမှာအရမ်းကောင်းတဲ့သူတစ်ဦးဖြစ်ကြောင်း၊သို့ရာတွင်သူ့ရဲ့ပြင်ပလူနေမှုဘဝကိုမသိကြောင်းထွက်ဆိုသွားပါတယ်။

အသက်၂၈နှစ်ရှိမန်စီးတီးဘယ်နောက်ခံလူမန်ဒီဟာဗလက္ကာယမှု၇မှု၊ဗလက္ကာယကျူးလွန်ရန်ကြိုးပမ်းမှု၁မှုတို့ဖြင့်စွပ်စွဲမှုအားရုံးတင်စစ်ဆေးခံနေရပါတယ်။ယင်းအထဲမှတစ်ခုမှာအသက်အပြည့်သေးတဲ့သူကိုကျူးလွန်မှုဖြစ်ပါတယ်။

ဂွါဒီယိုလာဟာမန်ဒီရဲ့အမှုနှင့်ပတ်သက်ပြီးChester Crown Courtတွင်သက်သေထွက်ဆိုမှုပြုလုပ်ရာတွင် ပြင်သစ်ကစားသမားမှာလူတိုင်းနှစ်သက်တဲ့သူမျိုးဖြစ်ကြောင်း၊သို့ရာတွင်သူ့ရဲ့ဘောလုံးသမားပြင်ပဘဝလူနေမှုနှင့်ပတ်သက်၍မသိကြောင်းဆိုသွားပါတယ်။

ဂွါဒီယိုလာက “ကျွန်တော်ကသူ့အဖေမဟုတ်ပါဘူး”လို့ဂျူရီကိုပြောကြားသွားပါတယ်။

ဒါ့အပြင်ဂွါဒီယိုလာကမန်ဒီမှာအဝတ်အစားလဲခန်းအတွင်းတွင်ပျော်ပျော်နေတတ်ကာလူချစ်လူခင်ပေါတဲ့သူတစ်ဦးဖြစ်ကြောင်းလည်းဆိုသွားပါတယ်။

ZawGyi

ဗလကၠာယမႈျဖင့္ စစ္ေဆးခံေနရတဲ့ မင္ဒီရဲ႕ျပင္ပလူေနမႈဘဝကို မသိေၾကာင္း တရား႐ုံးတြင္ ဂြါဒီယိုလာထြက္ဆို

မန္စီးတီးနည္းျပဂြါဒီယိုလာကတရား႐ုံးတြင္ဘင္ဂ်ာမင္မန္ဒီမွာအရမ္းေကာင္းတဲ့သူတစ္ဦးျဖစ္ေၾကာင္း၊သို႔ရာတြင္သူ႔ရဲ႕ျပင္ပလူေနမႈဘဝကိုမသိေၾကာင္းထြက္ဆိုသြားပါတယ္။

အသက္၂၈ႏွစ္ရွိမန္စီးတီးဘယ္ေနာက္ခံလူမန္ဒီဟာဗလကၠာယမႈ၇မႈ၊ဗလကၠာယက်ဴးလြန္ရန္ႀကိဳးပမ္းမႈ၁မႈတို႔ျဖင့္စြပ္စြဲမႈအား႐ုံးတင္စစ္ေဆးခံေနရပါတယ္။ယင္းအထဲမွတစ္ခုမွာအသက္အျပည့္ေသးတဲ့သူကိုက်ဴးလြန္မႈျဖစ္ပါတယ္။

ဂြါဒီယိုလာဟာမန္ဒီရဲ႕အမႈႏွင့္ပတ္သက္ၿပီးChester Crown Courtတြင္သက္ေသထြက္ဆိုမႈျပဳလုပ္ရာတြင္ ျပင္သစ္ကစားသမားမွာလူတိုင္းႏွစ္သက္တဲ့သူမ်ိဳးျဖစ္ေၾကာင္း၊သို႔ရာတြင္သူ႔ရဲ႕ေဘာလုံးသမားျပင္ပဘဝလူေနမႈႏွင့္ပတ္သက္၍မသိေၾကာင္းဆိုသြားပါတယ္။

ဂြါဒီယိုလာက “ကြၽန္ေတာ္ကသူ႔အေဖမဟုတ္ပါဘူး”လို႔ဂ်ဴရီကိုေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဂြါဒီယိုလာကမန္ဒီမွာအဝတ္အစားလဲခန္းအတြင္းတြင္ေပ်ာ္ေပ်ာ္ေနတတ္ကာလူခ်စ္လူခင္ေပါတဲ့သူတစ္ဦးျဖစ္ေၾကာင္းလည္းဆိုသြားပါတယ္။