ဗလက္ကာယမှုဖြင့် စွပ်စွဲခံထားရတဲ့ ယူနိုက်တက်ရဲ့လူငယ်ကစားသမားဟောင်းဂျွန်ကိုဖီး

ယူနိုက်တက်ပါရမီရှင်လူငယ်ကစားသမားဟောင်းတစ်ဦးဟာတရားရုံးတွင်ဗက္ကာယမှုစွပ်စွဲမှုနှင့်ရင်ဆိုင်နေရပါတယ်။

အသက်၂၉နှစ်ရှိဂျွန်ကိုဖီးဟာအသက်၁၄နှစ်အရွယ်တုန်းကဆာအဲလက်စ်ဖာဂူဆန်ရဲ့ခေါ်ယူခြင်းခံခဲ့ရကာပေါင်၁သန်းတန်စာချုပ်ချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။

ကိုဖီးဟာ၂၀၁၉ခုနှစ်တုန်းကဂရိတ်မန်ချက်စတာရှိ ထရက်ဖို့ဒ်တွင်အမျိုးသမီးတစ်ဦးကိုသူငယ်ချင်းဖြစ်သူနသန်စတူးအပ်နှင့်အတူဗက္ကာယပြုကျင့်မှုဖြင့်စွဲချက်တင်ခြင်းခံထားရပါတယ်။

ကိုဖီးဟာ၂၀၀၇ခုနှစ်တုန်းကယူနိုက်တက်သို့ပြောင်းကစားစဉ်တုန်းကခင်မင်ခဲ့ကြတဲ့ပေါလ်ပေါ့ဘာ၊ဂျက်စီလင်ဂတ်တို့နှင့်သူငယ်ချင်းများအဖြစ်ရှိနေကြတုန်းဖြစ်ပါတယ်။

ဒါပေမဲ့ဂါနာဖွားကစားသမားဟာယူနိုက်တက်စီနီယာအသင်းအတွက်တစ်ပွဲမျှကစားခွင့်မရခဲ့ဘဲ၂၀၁၃ခုနှစ်တွင်ထွက်ခွာခဲ့ပါတယ်။

သူဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကကစားသမားဘဝမှအနားယူခဲ့ပြီးနောက်လင်ကက်စ်ရှိုင်းယားတွင်ကလေးများအားဘောလုံးသင်တန်းပို့ချပေးလျက်ရှိပါတယ်။

ကိုဖီးကတော့သူ့အပေါ်စွပ်စွဲမှုများကိုငြင်းဆိုထားပြီးManchester Minshull Street တရားရုံးတွင်ဆက်လက်အမှုရင်ဆိုင်နေရပါတယ်။

ZawGyi

ဗလကၠာယမႈျဖင့္ စြပ္စြဲခံထားရတဲ့ ယူႏိုက္တက္ရဲ႕လူငယ္ကစားသမားေဟာင္းဂြၽန္ကိုဖီး

ယူႏိုက္တက္ပါရမီရွင္လူငယ္ကစားသမားေဟာင္းတစ္ဦးဟာတရား႐ုံးတြင္ဗကၠာယမႈစြပ္စြဲမႈႏွင့္ရင္ဆိုင္ေနရပါတယ္။

အသက္၂၉ႏွစ္ရွိဂြၽန္ကိုဖီးဟာအသက္၁၄ႏွစ္အ႐ြယ္တုန္းကဆာအဲလက္စ္ဖာဂူဆန္ရဲ႕ေခၚယူျခင္းခံခဲ့ရကာေပါင္၁သန္းတန္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ပါတယ္။

ကိုဖီးဟာ၂၀၁၉ခုႏွစ္တုန္းကဂရိတ္မန္ခ်က္စတာရွိ ထရက္ဖို႔ဒ္တြင္အမ်ိဳးသမီးတစ္ဦးကိုသူငယ္ခ်င္းျဖစ္သူနသန္စတူးအပ္ႏွင့္အတူဗကၠာယျပဳက်င့္မႈျဖင့္စြဲခ်က္တင္ျခင္းခံထားရပါတယ္။

ကိုဖီးဟာ၂၀၀၇ခုႏွစ္တုန္းကယူႏိုက္တက္သို႔ေျပာင္းကစားစဥ္တုန္းကခင္မင္ခဲ့ၾကတဲ့ေပါလ္ေပါ့ဘာ၊ဂ်က္စီလင္ဂတ္တို႔ႏွင့္သူငယ္ခ်င္းမ်ားအျဖစ္ရွိေနၾကတုန္းျဖစ္ပါတယ္။

ဒါေပမဲ့ဂါနာဖြားကစားသမားဟာယူႏိုက္တက္စီနီယာအသင္းအတြက္တစ္ပြဲမွ်ကစားခြင့္မရခဲ့ဘဲ၂၀၁၃ခုႏွစ္တြင္ထြက္ခြာခဲ့ပါတယ္။

သူဟာလြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကကစားသမားဘဝမွအနားယူခဲ့ၿပီးေနာက္လင္ကက္စ္ရႈိင္းယားတြင္ကေလးမ်ားအားေဘာလုံးသင္တန္းပို႔ခ်ေပးလ်က္ရွိပါတယ္။

ကိုဖီးကေတာ့သူ႔အေပၚစြပ္စြဲမႈမ်ားကိုျငင္းဆိုထားၿပီးManchester Minshull Street တရား႐ုံးတြင္ဆက္လက္အမႈရင္ဆိုင္ေနရပါတယ္။