ဗလက္ကာယမှုအတွက် ထောင်ဒဏ် ၉ နှစ်ကျခံရေး ရော်ဘင်ဟိုကို လွဲပြောင်းပေးရန် ဘရာဇီးကို အီတလီတောင်းဆို

အီတလီတရားရေးဝန်ကြီးဟာဗလက္ကာယကျူးလွန်ခဲ့တဲ့ ရော်ဘင်ဟိုအားထောင်ဒဏ်၉နှစ်ကျခံစေရေးလွဲပြောင်းပေးရန်ဘရာဇီးအာဏာပိုင်များကိုတောင်းဆိုလာပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့်မန်စီးတီးစတားဟောင်းရော်ဘင်ဟိုဟာဇန်နဝါရီလတုန်းကအုပ်စုဖွဲ့ဗလက္ကာယမှုတွင်ပါဝင်မှုကြောင့်ထောင်ဒဏ်၉နှစ်ကျမှတ်ခံရမှုအားအယူခံဝင်မှုပယ်ချခြင်းခံခဲ့ရပါတယ်။

အယ်ဘေးနီးယားအမျိုးသမီးဟာ၂၀၁၃ခုနှစ်တုန်းကမီလန်ရှိနိုက်ကလပ်တစ်ခုတွင်အသက်၂၃နှစ်ပြည့်မွေးနေ့ပွဲကျင်းပနေခဲ့ပြီးထိုစဉ်တုန်းကရော်ဘင်ဟိုမှာအေစီမီလန်တွင်ကစားနေပါတယ်။

ရော်ဘင်ဟိုနှင့်အခြားလူငါးဦးတို့ဟာ၂၀၁၇ခုနှစ်မှာတော့ဗလက္ကာယမှုကျူးလွန်ကြောင်းတွေ့ရှိခဲ့ပါတယ်။

အသက်၃၈နှစ်ရှိရော်ဘင်ဟိုဟာရောမရှိတရားရုံးရဲ့ထောင်ဒဏ်၉နှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

ရော်ဘင်ဟိုဟာလက်ရှိအချိန်တွင်ဘရာဇီးတွင်နေထိုင်နေပါတယ်။

ယနေ့တွင် ESPN ရဲ့ဖော်ပြလာမှုအရ အီတလီတရားရေးရာဝန်ကြီးဌာနက ရော်ဘင်ဟိုအားလွဲပြောင်းပေးရန် ဘရာဇီးအာဏာပိုင်တို့အားတောင်းဆိုမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ဒါ့အပြင်အီတလီဟာရော်ဘင်ဟိုနှင့်အတူအမှုကျူးလွန်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူရီကာဒိုဖယ်ကိုကိုလည်းလွဲပြောင်းပေးရန်တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ဘရာဇီးအခြေခံဥပဒေအရ ဘရာဇီးသားများကို အခြားနိုင်ငံသို့လွဲပြောင်းခြင်းကိုကာကွယ်ပေးထားမှုနဲ့အတူ ရော်ဘင်ဟိုမှာလွဲပြောင်းခြင်းမပြုလုပ်ပါဘူး။

ZawGyi

ဗလကၠာယမႈအတြက္ ေထာင္ဒဏ္ ၉ ႏွစ္က်ခံေရး ေရာ္ဘင္ဟိုကို လြဲေျပာင္းေပးရန္ ဘရာဇီးကို အီတလီေတာင္းဆို

အီတလီတရားေရးဝန္ႀကီးဟာဗလကၠာယက်ဴးလြန္ခဲ့တဲ့ ေရာ္ဘင္ဟိုအားေထာင္ဒဏ္၉ႏွစ္က်ခံေစေရးလြဲေျပာင္းေပးရန္ဘရာဇီးအာဏာပိုင္မ်ားကိုေတာင္းဆိုလာပါတယ္။

ရီးရဲလ္မက္ဒရစ္ႏွင့္မန္စီးတီးစတားေဟာင္းေရာ္ဘင္ဟိုဟာဇန္နဝါရီလတုန္းကအုပ္စုဖြဲ႕ဗလကၠာယမႈတြင္ပါဝင္မႈေၾကာင့္ေထာင္ဒဏ္၉ႏွစ္က်မွတ္ခံရမႈအားအယူခံဝင္မႈပယ္ခ်ျခင္းခံခဲ့ရပါတယ္။

အယ္ေဘးနီးယားအမ်ိဳးသမီးဟာ၂၀၁၃ခုႏွစ္တုန္းကမီလန္ရွိႏိုက္ကလပ္တစ္ခုတြင္အသက္၂၃ႏွစ္ျပည့္ေမြးေန႔ပြဲက်င္းပေနခဲ့ၿပီးထိုစဥ္တုန္းကေရာ္ဘင္ဟိုမွာေအစီမီလန္တြင္ကစားေနပါတယ္။

ေရာ္ဘင္ဟိုႏွင့္အျခားလူငါးဦးတို႔ဟာ၂၀၁၇ခုႏွစ္မွာေတာ့ဗလကၠာယမႈက်ဴးလြန္ေၾကာင္းေတြ႕ရွိခဲ့ပါတယ္။

အသက္၃၈ႏွစ္ရွိေရာ္ဘင္ဟိုဟာေရာမရွိတရား႐ုံးရဲ႕ေထာင္ဒဏ္၉ႏွစ္ခ်မွတ္ျခင္းခံခဲ့ရပါတယ္။

ေရာ္ဘင္ဟိုဟာလက္ရွိအခ်ိန္တြင္ဘရာဇီးတြင္ေနထိုင္ေနပါတယ္။

ယေန႔တြင္ ESPN ရဲ႕ေဖာ္ျပလာမႈအရ အီတလီတရားေရးရာဝန္ႀကီးဌာနက ေရာ္ဘင္ဟိုအားလြဲေျပာင္းေပးရန္ ဘရာဇီးအာဏာပိုင္တို႔အားေတာင္းဆိုမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ဒါ့အျပင္အီတလီဟာေရာ္ဘင္ဟိုႏွင့္အတူအမႈက်ဴးလြန္ခဲ့တဲ့ သူငယ္ခ်င္းျဖစ္သူရီကာဒိုဖယ္ကိုကိုလည္းလြဲေျပာင္းေပးရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ဘရာဇီးအေျခခံဥပေဒအရ ဘရာဇီးသားမ်ားကို အျခားႏိုင္ငံသို႔လြဲေျပာင္းျခင္းကိုကာကြယ္ေပးထားမႈနဲ႔အတူ ေရာ္ဘင္ဟိုမွာလြဲေျပာင္းျခင္းမျပဳလုပ္ပါဘူး။