ဗလက်ကာယမှုများစွာဖြင့် စွဲချက်တင်ခံထားရပေမယ့် အထူးအကျဉ်းထောင်တွင်နေထိုင်ရမယ့်လို့ယူဆခဲ့တဲ့ မင်ဒီ

မုဒိန်းမှုဖြင့်စွဲချက်တင်ခြင်းခံထားရတဲ့ဘောလုံးသမားဘင်ဂျာမင်မင်ဒီဟာနာမည်ကျော်များ၊အားကစားစတားများကိုထားတဲ့အထူးအကျဉ်းထောင်တွင်နေထိုင်ရမယ်လို့ယူဆခဲ့ပေမယ့်သာမန်အကျဉ်းထောင်တွင်နေထိုင်ရမှုအပေါ်အကြီးအကျယ်တုန်လှုပ်လျက်ရှိနေကြောင်းသိရပါတယ်။

အသက်၂၇နှစ်ရှိမင်ဒီဟာသောကြာနေ့တုန်းကအမျိုးသမီးသုံးဦးအားအလိုမပါဘဲကာမရယူမှု၊တစ်ဦးအားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့ဖြင့်စွဲချက်တင်ခံခဲ့ရပြီးရုံးတင်စစ်ဆေးခံခဲ့ရပါတယ်။

သူဟာအစောပိုင်းတုန်းကအမှုစစ်ဆေးနေစဉ်ကာလအတွင်းတွင်ချီရှိုင်းယားရှိပေါင်၅သန်းတန်နေအိမ်တွင်နေအိမ်အကျယ်ချုပ်ဖြင့်နေထိုင်ရမယ်လို့ယူဆခဲ့ပေမယ့် ထင်မှတ်သလိုမဖြစ်လာဘဲလီဗာပူးရဲ့ Calegory B ထောင်သို့အပို့ခံခဲ့ရပါတယ်။

ယင်းသို့ရောက်ချိန်တွင်လည်း၂၀၁၈ကမ္ဘာ့ဖလားဆုရှင်ဟာနာမည်ကျော်အနုပညာရှင်များ၊အားကစားစတားများကိုထားတဲ့အထူးအကျဉ်းထောင်တွင်နေထိုင်ရမယ်လို့ယူဆခဲ့ပါသေးတယ်။ဒါပေမယ့်လည်းသူဟာသာမန်အကျဉ်းသားများထားရာသို့ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။

မင်ဒီဟာအမျိုးသမီးသုံးဦးကိုအလိုမတူဘဲကာမရယူမှုဖြင့်စွဲချက်တင်ခြင်းခံထားရပြီးယင်းမှတစ်ဦးမှာအသက်၁၈နှစ်အောက်အမျိုးသမီးငယ်ဖြစ်ပါတယ်။သူဟာယင်းအမှုများကိုလွန်ခဲ့တဲ့ဆယ်လကျော်တုန်းကပရက်ဘူရီရှိသူ့နေအိမ်မှာကျူးလွန်ခဲ့ပါတယ်။

 

၂၀၁၇ခုနှစ်တွင်မိုနာကိုမှပေါင်၅၂သန်းဖြင့်မန်စီးတီးသို့ရောက်လာခဲ့တဲ့မင်ဒီဟာတရားရုံးမှာအနားခံမှုမပြုလုပ်ခဲ့ပေမယ့်လည်းသူ့အပေါ်စွဲချက်အားလုံးကိုငြင်းဆိုထားပါတယ်။

သူဟာစက်တင်ဘာလ၁၀ရက်နေ့မှာချက်စတာတရားရုံးတွင်အမှုထပ်မံစစ်ဆေးခြင်းခံရပါတယ်။

ZawGyi

ဗလက္ကာယမႈမ်ားစြာျဖင့္ စြဲခ်က္တင္ခံထားရေပမယ့္ အထူးအက်ဥ္းေထာင္တြင္ေနထိုင္ရမယ့္လို႔ယူဆခဲ့တဲ့ မင္ဒီ

မုဒိန္းမႈျဖင့္စြဲခ်က္တင္ျခင္းခံထားရတဲ့ေဘာလုံးသမားဘင္ဂ်ာမင္မင္ဒီဟာနာမည္ေက်ာ္မ်ား၊အားကစားစတားမ်ားကိုထားတဲ့အထူးအက်ဥ္းေထာင္တြင္ေနထိုင္ရမယ္လို႔ယူဆခဲ့ေပမယ့္သာမန္အက်ဥ္းေထာင္တြင္ေနထိုင္ရမႈအေပၚအႀကီးအက်ယ္တုန္လႈပ္လ်က္ရွိေနေၾကာင္းသိရပါတယ္။

အသက္၂၇ႏွစ္ရွိမင္ဒီဟာေသာၾကာေန႔တုန္းကအမ်ိဳးသမီးသုံးဦးအားအလိုမပါဘဲကာမရယူမႈ၊တစ္ဦးအားလိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈတို႔ျဖင့္စြဲခ်က္တင္ခံခဲ့ရၿပီး႐ုံးတင္စစ္ေဆးခံခဲ့ရပါတယ္။

သူဟာအေစာပိုင္းတုန္းကအမႈစစ္ေဆးေနစဥ္ကာလအတြင္းတြင္ခ်ီရႈိင္းယားရွိေပါင္၅သန္းတန္ေနအိမ္တြင္ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ေနထိုင္ရမယ္လို႔ယူဆခဲ့ေပမယ့္ ထင္မွတ္သလိုမျဖစ္လာဘဲလီဗာပူးရဲ႕ Calegory B ေထာင္သို႔အပို႔ခံခဲ့ရပါတယ္။

ယင္းသို႔ေရာက္ခ်ိန္တြင္လည္း၂၀၁၈ကမာၻ႔ဖလားဆုရွင္ဟာနာမည္ေက်ာ္အႏုပညာရွင္မ်ား၊အားကစားစတားမ်ားကိုထားတဲ့အထူးအက်ဥ္းေထာင္တြင္ေနထိုင္ရမယ္လို႔ယူဆခဲ့ပါေသးတယ္။ဒါေပမယ့္လည္းသူဟာသာမန္အက်ဥ္းသားမ်ားထားရာသို႔ပို႔ေဆာင္ျခင္းခံခဲ့ရပါတယ္။

မင္ဒီဟာအမ်ိဳးသမီးသုံးဦးကိုအလိုမတူဘဲကာမရယူမႈျဖင့္စြဲခ်က္တင္ျခင္းခံထားရၿပီးယင္းမွတစ္ဦးမွာအသက္၁၈ႏွစ္ေအာက္အမ်ိဳးသမီးငယ္ျဖစ္ပါတယ္။သူဟာယင္းအမႈမ်ားကိုလြန္ခဲ့တဲ့ဆယ္လေက်ာ္တုန္းကပရက္ဘူရီရွိသူ႔ေနအိမ္မွာက်ဴးလြန္ခဲ့ပါတယ္။

၂၀၁၇ခုႏွစ္တြင္မိုနာကိုမွေပါင္၅၂သန္းျဖင့္မန္စီးတီးသို႔ေရာက္လာခဲ့တဲ့မင္ဒီဟာတရား႐ုံးမွာအနားခံမႈမျပဳလုပ္ခဲ့ေပမယ့္လည္းသူ႔အေပၚစြဲခ်က္အားလုံးကိုျငင္းဆိုထားပါတယ္။

သူဟာစက္တင္ဘာလ၁၀ရက္ေန႔မွာခ်က္စတာတရား႐ုံးတြင္အမႈထပ္မံစစ္ေဆးျခင္းခံရပါတယ္။pmnews

pmnews