ဗဟိုနောက်ခံလူဒါးဗီးစ်ကို ရှက်ဖီးလ်ယူနိုက်တက်သို့ တစ်ရာသီအငှားချလိုက်တဲ့ ကြိုးကြာနီ

လီဗာပူးဟာဗဟိုနောက်ခံလူဘင်ဒါးဗီးစ်အားပရီးမီးယားလိဂ်မှချန်ပီယံရှစ်သို့တန်းဆင်းသွားခဲ့ရတဲ့ရှက်ဖီးလ်ယူနိုက်တက်သို့တစ်ရာသီအငှားချလိုက်ပါတယ်။

လီဗာပူးဟာပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကဗဟိုခံစစ်မှူးပြဿနာကြုံတွေ့နေစဉ်ဘင်ဒါးဗီးစ်အားအရေးပေါ်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါလီဗာပူးဟာအဓိကခံစစ်မှူးများဖြစ်တဲ့ဗန်ဒိုက်နှင့်ဂိုမက်ဇ်တို့ပြန်လည်ကစားလာနိုင်မှုနဲ့အတူနောက်တန်းတွင်နေရာစုံကစားနိုင်တဲ့ဘင်ဒါးဗီးစ်ကိုရှက်ဖီးလ်ယူနိုက်တက်သို့အငှားချရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

လီဗာပူးဟာဘင်ဒါးဗီးစ်အားရှက်ဖီးလ်ယူနိုက်တက်သို့အငှားချထားရာမှာငှားရမ်းကြေးအပြင်ပရီးမီးယားလိဂ်သို့တန်းတက်အောင်ကူညီနိုင်ပါကအပိုဆုကြေးရရှိမယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဘင်ဒါးဗီးစ်ဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကပရက်စတန်မှပေါင်၁.၁သန်းဖြင့်ပြောင်းလာပြီးနောက်လီဗာပူးအတွက်တစ်ပွဲမျှမကစားခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။သူဟာဗဟိုနောက်ခံလူအဖြစ်သာမကဘယ်နောက်ခံလူအဖြစ်လည်းကစားနိုင်သူဖြစ်ပါတယ်။

ZawGyi

ဗဟိုေနာက္ခံလူဒါးဗီးစ္ကို ရွက္ဖီးလ္ယူႏိုက္တက္သို႔ တစ္ရာသီအငွားခ်လိုက္တဲ့ ႀကိဳးၾကာနီ

လီဗာပူးဟာဗဟိုေနာက္ခံလူဘင္ဒါးဗီးစ္အားပရီးမီးယားလိဂ္မွခ်န္ပီယံရွစ္သို႔တန္းဆင္းသြားခဲ့ရတဲ့ရွက္ဖီးလ္ယူႏိုက္တက္သို႔တစ္ရာသီအငွားခ်လိုက္ပါတယ္။

လီဗာပူးဟာၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဗဟိုခံစစ္မႉးျပႆနာႀကဳံေတြ႕ေနစဥ္ဘင္ဒါးဗီးစ္အားအေရးေပၚေခၚယူခဲ့တာလည္းျဖစ္ပါတယ္။

ယခုအခါလီဗာပူးဟာအဓိကခံစစ္မႉးမ်ားျဖစ္တဲ့ဗန္ဒိုက္ႏွင့္ဂိုမက္ဇ္တို႔ျပန္လည္ကစားလာႏိုင္မႈနဲ႔အတူေနာက္တန္းတြင္ေနရာစုံကစားႏိုင္တဲ့ဘင္ဒါးဗီးစ္ကိုရွက္ဖီးလ္ယူႏိုက္တက္သို႔အငွားခ်ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

လီဗာပူးဟာဘင္ဒါးဗီးစ္အားရွက္ဖီးလ္ယူႏိုက္တက္သို႔အငွားခ်ထားရာမွာငွားရမ္းေၾကးအျပင္ပရီးမီးယားလိဂ္သို႔တန္းတက္ေအာင္ကူညီႏိုင္ပါကအပိုဆုေၾကးရရွိမယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဘင္ဒါးဗီးစ္ဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကပရက္စတန္မွေပါင္၁.၁သန္းျဖင့္ေျပာင္းလာၿပီးေနာက္လီဗာပူးအတြက္တစ္ပြဲမွ်မကစားခဲ့ရတဲ့သူလည္းျဖစ္ပါတယ္။သူဟာဗဟိုေနာက္ခံလူအျဖစ္သာမကဘယ္ေနာက္ခံလူအျဖစ္လည္းကစားႏိုင္သူျဖစ္ပါတယ္။