ဗဟိုနောက်ခံလူဘိုင်လီရဲ့ကြံ့ခိုင်မှုအခြေအနေကို မန်ယူနည်းပြဆိုးလ်ရှားဖွင့်ဟလာ

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကလီဗာပူးအား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ် တွင်ဗဟိုနောက်ခံလူအဲရစ်ဘိုင်လီအားအသုံးမပြုခဲ့ခြင်းမှာဒဏ်ရာရရှိနိုင်တဲ့အခြေအနေကိုရှောင်ရှားနိုင်ရန်အ တွက်အနားပေးခဲ့ခြင်းဖြစ်ပြီးဗုဒ္ဓဟူးနေ့တွင်ရှက်ဖီးလ်ယူနိုက်တက်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲတွင်ပါဝင်လာမှာ ဖြစ်ကြောင်းဆိုသွားပါတယ်။

ဆိုးလ်ရှားဟာတနင်္ဂနွေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ခါးသီးတဲ့ပြိုင်ဘက်လီဗာပူးအား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲ တွင်ဗဟိုခံစစ်တွင်ဟယ်ရီမက်ဂွိုင်းယားနှင့်ဗစ်တာလင်ဒီလော့ဖ်တို့ကိုအသုံးပြုခဲ့ပါတယ်။

အသက်၂၆နှစ်ရှိဘိုင်လီဟာယခုရာသီတွင်မန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၃ပွဲကစားထားပြီးအကောင်းဆုံးပုံစံ ပြန်လည်ရရှိနေပါတယ်။

ဘိုင်လီဟာပြီးခဲ့တဲ့ရာသီများအတွင်းမှာဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်လာရတဲ့ကစားသမားတစ်ဦးဖြစ်တာနဲ့အညီ ဆိုးလ်ရှားဟာသူ့ကိုအထူးဂရုစိုက်အသုံးပြုနေရပါတယ်။

ဆိုးလ်ရှားက “အဲရစ်ပြန်ပါလာမယ်(ရှက်ဖီးလ်ယူနိုက်တက်ပွဲ)။သူ့အခြေအနေမဆိုးရွားဖို့ကျွန်တော်တို့အနည်းငယ် ဂရုစိုက်လုပ်ခဲ့တာပါ။ဗစ်တာကလည်းအဆင်သင့်ရှိနေပါတယ်။သူ့အခြေအနေကောင်းပါတယ်။ဘာပြသနာမှမရှိပါ ဘူး။သူ့ကြံ့ခိုင်မှုကောင်းပါတယ်။ဗုဒ္ဓဟူးနေ့ပွဲမှာအသင့်ရှိနေပါမယ်”လို့ပြောကြားသွားပါတယ်။

ဘိုင်လီဟာယခုရာသီတွင်မန်ယူရဲ့ပွဲစဉ်များတွင်အကောင်းဆုံးပုံစံဖြင့်ကစားနိုင်မှုနဲ့အတူချီးကျူးမှုများနှင့် ရရှိထားသူလည်းဖြစ်ပါတယ်။

ZawGyi

ဗဟိုေနာက္ခံလူဘိုင္လီရဲ႕ႀကံ့ခိုင္မႈအေျခအေနကို မန္ယူနည္းျပဆိုးလ္ရွားဖြင့္ဟလာ

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကလီဗာပူးအား၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္ တြင္ဗဟိုေနာက္ခံလူအဲရစ္ဘိုင္လီအားအသုံးမျပဳခဲ့ျခင္းမွာဒဏ္ရာရရွိႏိုင္တဲ့အေျခအေနကိုေရွာင္ရွားႏိုင္ရန္အ တြက္အနားေပးခဲ့ျခင္းျဖစ္ၿပီးဗုဒၶဟူးေန႔တြင္ရွက္ဖီးလ္ယူႏိုက္တက္ႏွင့္ရင္ဆိုင္ကစားရမယ့္ပြဲတြင္ပါဝင္လာမွာ ျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဆိုးလ္ရွားဟာတနဂၤေႏြေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ခါးသီးတဲ့ၿပိဳင္ဘက္လီဗာပူးအား၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲ တြင္ဗဟိုခံစစ္တြင္ဟယ္ရီမက္ဂြိဳင္းယားႏွင့္ဗစ္တာလင္ဒီေလာ့ဖ္တို႔ကိုအသုံးျပဳခဲ့ပါတယ္။

အသက္၂၆ႏွစ္ရွိဘိုင္လီဟာယခုရာသီတြင္မန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၃ပြဲကစားထားၿပီးအေကာင္းဆုံးပုံစံ ျပန္လည္ရရွိေနပါတယ္။

ဘိုင္လီဟာၿပီးခဲ့တဲ့ရာသီမ်ားအတြင္းမွာဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆိုင္လာရတဲ့ကစားသမားတစ္ဦးျဖစ္တာနဲ႔အညီ ဆိုးလ္ရွားဟာသူ႔ကိုအထူးဂ႐ုစိုက္အသုံးျပဳေနရပါတယ္။

ဆိုးလ္ရွားက “အဲရစ္ျပန္ပါလာမယ္(ရွက္ဖီးလ္ယူႏိုက္တက္ပြဲ)။သူ႔အေျခအေနမဆိုး႐ြားဖို႔ကြၽန္ေတာ္တို႔အနည္းငယ္ ဂ႐ုစိုက္လုပ္ခဲ့တာပါ။ဗစ္တာကလည္းအဆင္သင့္ရွိေနပါတယ္။သူ႔အေျခအေနေကာင္းပါတယ္။ဘာျပသနာမွမရွိပါ ဘူး။သူ႔ႀကံ့ခိုင္မႈေကာင္းပါတယ္။ဗုဒၶဟူးေန႔ပြဲမွာအသင့္ရွိေနပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဘိုင္လီဟာယခုရာသီတြင္မန္ယူရဲ႕ပြဲစဥ္မ်ားတြင္အေကာင္းဆုံးပုံစံျဖင့္ကစားႏိုင္မႈနဲ႔အတူခ်ီးက်ဴးမႈမ်ားႏွင့္ ရရွိထားသူလည္းျဖစ္ပါတယ္။