ဗာရိန်းနှင့်ထရစ်ပီယာတို့ကို ပေါင်၆၈သန်းဖြင့် ခေါ်ယူနိုင်ရန် သရဲနီ နီးစပ်နေပြီ

မန်ချက်စတာယူနိုက်တက်ဟာရာဖေးလ်ဗာရိန်းနှင့်ကီရန်ထရစ်ပီယာတို့နှစ်ဦးအားခေါ်ယူကာခံစစ်အတွက်နှစ်ဦးအားဖြည့်နိုင်ရန်အနီးစပ်ဆုံးနေအထားသို့ရောက်နေပြီဖြစ်ကြောင်းသိရပါတယ်။

မန်ယူဟာပြင်သစ်ဗဟိုနောက်ခံလူဗာရိန်းနှင့်အင်္ဂလန်ညာနောက်ခံလူထရစ်ပီယာတို့ကိုခေါ်ယူရန်လုပ်ဆောင်လာခဲ့တာရက်သတ္တပတ်အနည်းငယ်ရှိပြီဖြစ်ပြီး၎င်းတို့နှစ်ဦးအားခေါ်ယူကြောင်းကိုလာမယ့်အပတ်နှောင်းပိုင်းတွင်ကြေညာနိုင်ဖို့ရှိပါတယ်။

မန်ယူဟာရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့အသက်၂၈နှစ်ရှိဗာရိန်းအတွက်ပေါင်သန်း၅၀သုံးရမှာဖြစ်ပြီးအက်သလက်တီကိုနောက်ခံလူထရစ်ပီယာအတွက်ပေါင်၁၈သန်းအသုံးပြုရပါမယ်။

မန်ယူဟာဒေါ့မွန်မှအင်္ဂလန်သူရဲကောင်းဆန်ချိုကိုပေါင်၇၃သန်းဖြင့်ခေါ်ယူထားရာဗာရိန်းနှင့်ထရစ်ပီယာတို့အားခေါ်ယူပြီးပါကယခုနွေရာသီအသုံးစရိတ်ပေါင်သန်း၁၄၀အထိ သုံးလာမှာဖြစ်ပါတယ်။

စပိန်ထိပ်သီးရီးရဲလ်မက်ဒရစ်ဟာဗာရိန်းအတွက်ပေါင်သန်း၆၀အထိအလိုရှိပေမယ့်လည်းစာချုပ်သစ်မချုပ်ဆိုနိုင်လျှင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ဆုံးရှုံးရမယ့်အနေအထားတွင်ရှိနေမှုကြောင့်ပေါင်သန်း၅၀ဖြင့်ရောင်းချရန်ဆုံးဖြတ်လာတာပါ။သူဟာမန်ယူနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုရန်ဆွေးနွေးနေပါတယ်။

ZawGyi

ဗာရိန္းႏွင့္ထရစ္ပီယာတို႔ကို ေပါင္၆၈သန္းျဖင့္ ေခၚယူႏိုင္ရန္ သရဲနီ နီးစပ္ေနၿပီ

မန္ခ်က္စတာယူႏိုက္တက္ဟာရာေဖးလ္ဗာရိန္းႏွင့္ကီရန္ထရစ္ပီယာတို႔ႏွစ္ဦးအားေခၚယူကာခံစစ္အတြက္ႏွစ္ဦးအားျဖည့္ႏိုင္ရန္အနီးစပ္ဆုံးေနအထားသို႔ေရာက္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

မန္ယူဟာျပင္သစ္ဗဟိုေနာက္ခံလူဗာရိန္းႏွင့္အဂၤလန္ညာေနာက္ခံလူထရစ္ပီယာတို႔ကိုေခၚယူရန္လုပ္ေဆာင္လာခဲ့တာရက္သတၱပတ္အနည္းငယ္ရွိၿပီျဖစ္ၿပီး၎တို႔ႏွစ္ဦးအားေခၚယူေၾကာင္းကိုလာမယ့္အပတ္ေႏွာင္းပိုင္းတြင္ေၾကညာႏိုင္ဖို႔ရွိပါတယ္။

မန္ယူဟာရီးရဲလ္မက္ဒရစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့အသက္၂၈ႏွစ္ရွိဗာရိန္းအတြက္ေပါင္သန္း၅၀သုံးရမွာျဖစ္ၿပီးအက္သလက္တီကိုေနာက္ခံလူထရစ္ပီယာအတြက္ေပါင္၁၈သန္းအသုံးျပဳရပါမယ္။

မန္ယူဟာေဒါ့မြန္မွအဂၤလန္သူရဲေကာင္းဆန္ခ်ိဳကိုေပါင္၇၃သန္းျဖင့္ေခၚယူထားရာဗာရိန္းႏွင့္ထရစ္ပီယာတို႔အားေခၚယူၿပီးပါကယခုေႏြရာသီအသုံးစရိတ္ေပါင္သန္း၁၄၀အထိ သုံးလာမွာျဖစ္ပါတယ္။

စပိန္ထိပ္သီးရီးရဲလ္မက္ဒရစ္ဟာဗာရိန္းအတြက္ေပါင္သန္း၆၀အထိအလိုရွိေပမယ့္လည္းစာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္လွ်င္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ဆုံးရႈံးရမယ့္အေနအထားတြင္ရွိေနမႈေၾကာင့္ေပါင္သန္း၅၀ျဖင့္ေရာင္းခ်ရန္ဆုံးျဖတ္လာတာပါ။သူဟာမန္ယူႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုရန္ေဆြးေႏြးေနပါတယ္။