ဗာရိန်း ဒဏ်ရာထပ်မံရရှိသွားမှုကြောင့် မန်ချက်စတာဒါဘီပွဲအတွက် ခံစစ်ပြဿနာကြုံလာတဲ့ သရဲနီ

ရာဖေးလ်ဗာရိန်းဟာမနေ့ညတုန်းကအတ္တလန္တာနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ နောက်ထပ်ဒဏ်ရာထပ်မံရရှိကာလူစားလဲလှယ်မှုပြုလုပ်ခဲ့ရပါတယ်။မန်ချက်စတာယူနိုက်တက်နောက်ခံလူဟာယခုရာသီတွင်မန်ယူရဲ့ပွဲ၅ပွဲကိုလွဲချော်ထားပြီးသူဖြစ်ပြီးအီတလီမှာကစားတဲ့ပွဲစဉ်မှာပွဲချိန်၃၈မိနစ်မှာဘဲလူစားလဲခဲ့ရပါတယ်။

သူဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကစပါးစ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာပြန်ကစားနိုင်ခဲ့သူဖြစ်ပါတယ်။ယခုအခါဗာရိန်းဟာတံကောက်ကြောဒဏ်ရာရရှိမှုနဲ့အတူနောက်ထပ်တစ်ကြိမ်အနားယူရဦးမှာဖြစ်ပါတယ်။

သူဟာလာမယ့်စနေနေ့မှာပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးနှင့်ရင်ဆိုင်ကစားရမယ့်မန်ချက်စတာဒါဘီပွဲစဉ်တွင်ပါဝင်ရန်မရေမရာဖြစ်နေပြီဖြစ်ပါတယ်။

ဆိုးလ်ရှားဟာစပါးစ်နှင့်ပွဲတွင်ပုံမှန်အသုံးပြုနေကြ၄-၂-၃-၁ကစားကွက်ကိုမသုံးဘဲ၃-၅-၂ကစားကွက်ကိုပြောင်းအသုံးပြုခဲ့ပြီးဗာရိန်းမှာသုံးယောက်တန်းခံစစ်တွင်ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်တွင်မန်ယူတွင်နောက်ခံလူဗစ်တာလင်ဒီလော့ဖ်မှာလည်းဒဏ်ရာကြောင့်အနားယူနေရပါတယ်။တစ်ဖက်တွင်အတ္တလန္တာနှင့်ပွဲတွင်လင်ဒီလော့ဖ်အစားဝင်ရောက်ကစားတဲ့အဲရစ်ဘိုင်လီမှာခြေစွမ်းပြနိုင်ခဲ့ရာဆိုးလ်ရှားအတွက်စိတ်သက်သာရာရစေခဲ့ပါတယ်။

ZawGyi

ဗာရိန္း ဒဏ္ရာထပ္မံရရွိသြားမႈေၾကာင့္ မန္ခ်က္စတာဒါဘီပြဲအတြက္ ခံစစ္ျပႆနာႀကဳံလာတဲ့ သရဲနီ

ရာေဖးလ္ဗာရိန္းဟာမေန႔ညတုန္းကအတၱလႏၲာႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာ ေနာက္ထပ္ဒဏ္ရာထပ္မံရရွိကာလူစားလဲလွယ္မႈျပဳလုပ္ခဲ့ရပါတယ္။မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူဟာယခုရာသီတြင္မန္ယူရဲ႕ပြဲ၅ပြဲကိုလြဲေခ်ာ္ထားၿပီးသူျဖစ္ၿပီးအီတလီမွာကစားတဲ့ပြဲစဥ္မွာပြဲခ်ိန္၃၈မိနစ္မွာဘဲလူစားလဲခဲ့ရပါတယ္။

သူဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကစပါးစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာျပန္ကစားႏိုင္ခဲ့သူျဖစ္ပါတယ္။ယခုအခါဗာရိန္းဟာတံေကာက္ေၾကာဒဏ္ရာရရွိမႈနဲ႔အတူေနာက္ထပ္တစ္ႀကိမ္အနားယူရဦးမွာျဖစ္ပါတယ္။

သူဟာလာမယ့္စေနေန႔မွာပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးႏွင့္ရင္ဆိုင္ကစားရမယ့္မန္ခ်က္စတာဒါဘီပြဲစဥ္တြင္ပါဝင္ရန္မေရမရာျဖစ္ေနၿပီျဖစ္ပါတယ္။

ဆိုးလ္ရွားဟာစပါးစ္ႏွင့္ပြဲတြင္ပုံမွန္အသုံးျပဳေနၾက၄-၂-၃-၁ကစားကြက္ကိုမသုံးဘဲ၃-၅-၂ကစားကြက္ကိုေျပာင္းအသုံးျပဳခဲ့ၿပီးဗာရိန္းမွာသုံးေယာက္တန္းခံစစ္တြင္ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူတြင္ေနာက္ခံလူဗစ္တာလင္ဒီေလာ့ဖ္မွာလည္းဒဏ္ရာေၾကာင့္အနားယူေနရပါတယ္။တစ္ဖက္တြင္အတၱလႏၲာႏွင့္ပြဲတြင္လင္ဒီေလာ့ဖ္အစားဝင္ေရာက္ကစားတဲ့အဲရစ္ဘိုင္လီမွာေျခစြမ္းျပႏိုင္ခဲ့ရာဆိုးလ္ရွားအတြက္စိတ္သက္သာရာရေစခဲ့ပါတယ္။