ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဖြစ်ကာ လက်စတာနှင့်ပွဲအတွက် ပြဿနာတက်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းမှကစားသမားအချို့တို့ဟာအသင်းအတွင်းဗိုင်းရပ်စ်တစ်မျိုးကူးစက်ပျံ့ပွားမှုဖြစ်ကာလက်စတာနှင့်ပွဲမတိုင်မီလေ့ကျင့်ခန်းဆင်းမှုမပြုလုပ်နိုင်ခဲ့ကြကြောင်းသိရပါတယ်။

အာဆင်နယ်ဆေးအဖွဲ့ဟာကူးစက်ခံရတဲ့အာဆင်နယ်ကစားသမားများကိုစစ်ဆေးကုသမှုများပြုလုပ်နေပါတယ်။ဗိုင်းရပ်စ်ထိတဲ့ကစားသမားများထဲတွင်ဘင်ဝှိုက်နှင့်ပါဘလိုမာရီတို့လည်းပါဝင်ပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာယင်းဗိုင်းရပ်စ်ကအခြားကစားသမားများကိုလည်းရိုက်ခတ်ထိခိုက်လာမည်ကိုစိုးရိမ်နေပါတယ်။

မာရီဟာလိဒ်အားအနိုင်ရရှိတဲ့ခါရာဘောင်ပွဲအတွက်လူစာရင်းတွင်ရွေးချယ်ခြင်းခံထားရသော်လည်းဗိုင်းရပ်စ်ကူးစက်ခံရပြီးနာမကျန်းဖြစ်ကာလူစာရင်းမှနုတ်ထွက်ခဲ့ရပါတယ်။ဘင်ဝှိုက်မှာလည်းလိဒ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်၅၅မိနစ်သာကစားနိုင်ခဲ့ပါတယ်။

အာတီတာက “ဖျားနာမှုတစ်ချို့ရှိနေပါတယ်။ခေါင်းကိုက်တာတွေဖြစ်နေကြပါတယ်။အားလုံးအဆင်ပြေကောင်းမွန်လာဖို့မျှော်လင့်နေပါတယ်။ဘင်ကလေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။လူစာရင်းမထုတ်ခင်အထိသူ့အခြေအနေကိုစောင့်ကြည့်ပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈျဖစ္ကာ လက္စတာႏွင့္ပြဲအတြက္ ျပႆနာတက္ေနတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းမွကစားသမားအခ်ိဳ႕တို႔ဟာအသင္းအတြင္းဗိုင္းရပ္စ္တစ္မ်ိဳးကူးစက္ပ်ံ႕ပြားမႈျဖစ္ကာလက္စတာႏွင့္ပြဲမတိုင္မီေလ့က်င့္ခန္းဆင္းမႈမျပဳလုပ္ႏိုင္ခဲ့ၾကေၾကာင္းသိရပါတယ္။

အာဆင္နယ္ေဆးအဖြဲ႕ဟာကူးစက္ခံရတဲ့အာဆင္နယ္ကစားသမားမ်ားကိုစစ္ေဆးကုသမႈမ်ားျပဳလုပ္ေနပါတယ္။ဗိုင္းရပ္စ္ထိတဲ့ကစားသမားမ်ားထဲတြင္ဘင္ဝႈိက္ႏွင့္ပါဘလိုမာရီတို႔လည္းပါဝင္ပါတယ္။

အာဆင္နယ္နည္းျပအာတီတာဟာယင္းဗိုင္းရပ္စ္ကအျခားကစားသမားမ်ားကိုလည္း႐ိုက္ခတ္ထိခိုက္လာမည္ကိုစိုးရိမ္ေနပါတယ္။

မာရီဟာလိဒ္အားအႏိုင္ရရွိတဲ့ခါရာေဘာင္ပြဲအတြက္လူစာရင္းတြင္ေ႐ြးခ်ယ္ျခင္းခံထားရေသာ္လည္းဗိုင္းရပ္စ္ကူးစက္ခံရၿပီးနာမက်န္းျဖစ္ကာလူစာရင္းမွႏုတ္ထြက္ခဲ့ရပါတယ္။ဘင္ဝႈိက္မွာလည္းလိဒ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္၅၅မိနစ္သာကစားႏိုင္ခဲ့ပါတယ္။

အာတီတာက “ဖ်ားနာမႈတစ္ခ်ိဳ႕ရွိေနပါတယ္။ေခါင္းကိုက္တာေတြျဖစ္ေနၾကပါတယ္။အားလုံးအဆင္ေျပေကာင္းမြန္လာဖို႔ေမွ်ာ္လင့္ေနပါတယ္။ဘင္ကေလ့က်င့္ခန္းမဆင္းႏိုင္ခဲ့ပါဘူး။လူစာရင္းမထုတ္ခင္အထိသူ႔အေျခအေနကိုေစာင့္ၾကည့္ပါမယ္”လို႔ေျပာၾကားသြားပါတယ္။