ဗိုလ်လုပွဲကို ဘယ်လိုအနိုင်ကစားရမလဲ အီတလီသိကြောင်း အင်္ဂလန်ကို ကွန်တီသတိပေး

ချဲလ်ဆီးနည်းပြဟောင်းအန်တိုနီယိုကွန်တီကအီတလီအသင်းမှကစားသမားများမှာဗိုလ်လုပွဲတွင်မည်သို့အနိုင်ကစားရမည်ကိုသိထားကြောင်းအင်္ဂလန်ကိုသတိပေးလိုက်ပါတယ်။

အီတလီဟာတနင်္ဂနွေနေ့မှာဝင်ဘာလေကွင်းမှာယူရို၂၀၂၀ဗိုလ်လုပွဲအဖြစ်အင်္ဂလန်အသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။ကွန်တီကသူ့နိုင်ငံအီတလီကအနိုင်ရဗိုလ်စွဲမယ်လို့ပြောကြားလာတာလည်းဖြစ်ပါတယ်။

အသက်၅၁နှစ်ရှိကွန်တီဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာအင်တာမှထွက်ခွာလာပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။သူဟာအီတလီသတင်းစာ Gazzetta dello Sport မှာကော်လံစားအဖြစ်ရေးသားနေပါတယ်။

၎င်းက “အင်္ဂလန်ဟာဒီပွဲအတွက်တစ်ဘဝလုံးစောင့်ဆိုင်းလာခဲ့ရတာပါ။သူတို့ဟာတစ်ခါမှယူရိုဖလားမရဖူးပါဘူး။ကမ္ဘာ့ဖလားလည်းတစ်ကြိမ်တည်းဘဲရထားပြီး၁၉၆၆တုန်းကရခဲ့တာပါ။ဝင်ဘာလေကသူတို့ရဲ့စိတ်ဓာတ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။ဒါပေမယ့်ဆွဲချတာမျိုးလည်းဖြစ်နိုင်ပါတယ်။ကစားသမားတွေဟာဖိအားကြုံလာရနိုင်ပါတယ်။ဒိန်းမတ်နဲ့ပွဲတုန်းကသူတို့ရဲ့ခက်ခဲတဲ့ခံစားချက်တစ်ချို့ကိုမြင်တွေ့ခဲ့ရပါတယ်။ဒုတိယပိုင်းကျတော့မှအကြောက်တရားကိုကျော်လွှားနိုင်ခဲ့ကြတယ်။ကျွန်တော်တို့ကတော့ပွဲကြည့်စင်ကနေပရိသတ်အားပေးမှုအနည်းငယ်ဘဲရပါမယ်။ဒါပေမယ့်ကျွန်တော်တို့ကကွင်းထဲမှာပိုပြီးတော့အတွေ့အကြုံရှိပါတယ်။ဗိုလ်လုပွဲကစားရတာဘယ်လောက်အရေးပါသလဲဆိုတာသိပါတယ်။ဘယ်လိုအနိုင်ရမယ်ဆိုတာကိုလည်းသိပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ကွန်တီကအင်္ဂလန်အသင်းမှာကစားသမားကောင်းများစွာဖြင့်ဖွဲ့စည်းထားတဲ့ တောင့်တင်းတဲ့အသင်းဖြစ်ကြောင်းလည်းပြောကြားသွားခဲ့ပြီးဆာကာ၊ဖီးလစ်နဲ့စတာလင်းတို့ရဲ့ခြေစွမ်းကိုလည်းချီးကျူးသွားပါတယ်။

ZawGyi

ဗိုလ္လုပြဲကို ဘယ္လိုအႏိုင္ကစားရမလဲ အီတလီသိေၾကာင္း အဂၤလန္ကို ကြန္တီသတိေပး

ခ်ဲလ္ဆီးနည္းျပေဟာင္းအန္တိုနီယိုကြန္တီကအီတလီအသင္းမွကစားသမားမ်ားမွာဗိုလ္လုပြဲတြင္မည္သို႔အႏိုင္ကစားရမည္ကိုသိထားေၾကာင္းအဂၤလန္ကိုသတိေပးလိုက္ပါတယ္။

အီတလီဟာတနဂၤေႏြေန႔မွာဝင္ဘာေလကြင္းမွာယူ႐ို၂၀၂၀ဗိုလ္လုပြဲအျဖစ္အဂၤလန္အသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။ကြန္တီကသူ႔ႏိုင္ငံအီတလီကအႏိုင္ရဗိုလ္စြဲမယ္လို႔ေျပာၾကားလာတာလည္းျဖစ္ပါတယ္။

အသက္၅၁ႏွစ္ရွိကြန္တီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္မွာအင္တာမွထြက္ခြာလာၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနသူလည္းျဖစ္ပါတယ္။သူဟာအီတလီသတင္းစာ Gazzetta dello Sport မွာေကာ္လံစားအျဖစ္ေရးသားေနပါတယ္။

၎က “အဂၤလန္ဟာဒီပြဲအတြက္တစ္ဘဝလုံးေစာင့္ဆိုင္းလာခဲ့ရတာပါ။သူတို႔ဟာတစ္ခါမွယူ႐ိုဖလားမရဖူးပါဘူး။ကမာၻ႔ဖလားလည္းတစ္ႀကိမ္တည္းဘဲရထားၿပီး၁၉၆၆တုန္းကရခဲ့တာပါ။ဝင္ဘာေလကသူတို႔ရဲ႕စိတ္ဓာတ္ကိုျမႇင့္တင္ေပးႏိုင္ပါတယ္။ဒါေပမယ့္ဆြဲခ်တာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ကစားသမားေတြဟာဖိအားႀကဳံလာရႏိုင္ပါတယ္။ဒိန္းမတ္နဲ႔ပြဲတုန္းကသူတို႔ရဲ႕ခက္ခဲတဲ့ခံစားခ်က္တစ္ခ်ိဳ႕ကိုျမင္ေတြ႕ခဲ့ရပါတယ္။ဒုတိယပိုင္းက်ေတာ့မွအေၾကာက္တရားကိုေက်ာ္လႊားႏိုင္ခဲ့ၾကတယ္။ကြၽန္ေတာ္တို႔ကေတာ့ပြဲၾကည့္စင္ကေနပရိသတ္အားေပးမႈအနည္းငယ္ဘဲရပါမယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ကကြင္းထဲမွာပိုၿပီးေတာ့အေတြ႕အႀကဳံရွိပါတယ္။ဗိုလ္လုပြဲကစားရတာဘယ္ေလာက္အေရးပါသလဲဆိုတာသိပါတယ္။ဘယ္လိုအႏိုင္ရမယ္ဆိုတာကိုလည္းသိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ကြန္တီကအဂၤလန္အသင္းမွာကစားသမားေကာင္းမ်ားစြာျဖင့္ဖြဲ႕စည္းထားတဲ့ ေတာင့္တင္းတဲ့အသင္းျဖစ္ေၾကာင္းလည္းေျပာၾကားသြားခဲ့ၿပီးဆာကာ၊ဖီးလစ္နဲ႔စတာလင္းတို႔ရဲ႕ေျခစြမ္းကိုလည္းခ်ီးက်ဴးသြားပါတယ္။