ဗိုလ်လုပွဲတွင် ကံဆိုးစေတဲ့ ဝတ်စုံသစ်ကို မဝတ်ဘဲ ယခုရာသီအိမ်ကွင်းဝတ်စုံကိုသာဝတ်ဆင်မယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာဝတ်စုံသစ်ဖြင့်နှစ်ပွဲအရှုံးဖြင့်ကြုံတွေ့ရပြီးနောက်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ယခုရာသီအိမ်ကွင်းဝတ်စုံကိုသာဝတ်ဆင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ချဲလ်ဆီးဟာလက်စတာအားရှုံးနိမ့်တဲ့အက်ဖ်အေဖလားဗိုလ်လုပွဲတွင်၂၀၂၁-၂၂ရာသီအိမ်ကွင်းဝတ်စုံသစ်ကိုဝတ်ဆင်ကစားခဲ့သလိုဘာစီလိုနာအားရှုံးနိမ့်တဲ့အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲတို့တွင်ဝတ်ဆင်ခဲ့ပါတယ်။

ဗိုလ်လုပွဲနှစ်ပွဲတွင်ရှုံးနိမ့်ပြီးနောက်ချဲလ်ဆီးဘုတ်အဖွဲ့ဝင်များဟာယနေ့ညတွင်မန်စီးတီးနှင့်ကစားမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ဝတ်စုံသစ်မဝတ်ဆင်ဘဲယခုရာသီအိမ်ကွင်းဝတ်စုံကိုသာဝတ်ဆင်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

ချဲလ်ဆီးတာဝန်ရှိသူများကဝတ်စုံသစ်မှာကလပ်အတွက်ကံဆိုးစေတယ်လို့ယူဆနေကြကာ၂၀၂၀-၂၁ရာသီအိမ်ကွင်းဝတ်စုံဘဲဝတ်ဆင်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

ချဲလ်ဆီးနှင့်မန်စီးတီးတို့ဟာယနေ့ညချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ၂၀၂၀-၂၁ရာသီအိမ်ကွင်းဝတ်စုံကိုအသီးသီးဝတ်ဆင်ကြပါမယ်။

ချဲလ်ဆီးဟာ၂၀၀၈ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကမန်ယူနှင့်ပွဲစဉ်မှာအိမ်ကွင်းဝတ်စုံသစ်ကိုဝတ်ဆင်ကစားခဲ့ကြဖူးပါတယ်။၎င်းတို့ဟာဆာအဲလက်စ်ဖာဂူဆန်ရဲ့မန်ယူအသင်းကိုပင်နယ်တီဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi






