ဗိုလ်လုပွဲသို့ ပို့ဆောင်ပြီး ဆောက်ဂိတ်ကို ကျေးဇူးဆပ်မည်ဟု မက်ဂွိုင်းယားကြုံးဝါး

ဟယ်ရီမက်ဂွိုင်းယားကဗုဒ္ဓဟူးညတွင်အင်္ဂလန်အားဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင်ကူညီပြီးသူ့အပေါ်ယုံကြည်မှုရှိခဲ့တဲ့နည်းပြဂါရတ်ဆောက်ဂိတ်အားကျေးဇူးဆပ်သွားမည်ဖြစ်ကြောင်းကြုံးဝါးပြောကြားလိုက်ပါတယ်။

မန်ယူနောက်ခံလူဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းကမိုင်ကိုနို့စ်အပန်းဖြေကျွန်းတွင်ရန်ဖြစ်မှုကြောင့်ဖမ်းဆီးခံခဲ့ရပြီးအောက်တိုဘာလတုန်းကဒိန်းမတ်အားရှုံးနိမ့်တဲ့ပွဲတွင်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာဟယ်ရီမက်ဂွိုင်းယားအားအပြည့်အဝထောက်ခံမှုပြုလုပ်ပြီးယုံကြည်စွာဆက်လက်အသုံးပြုခဲ့ပါတယ်။

မက်ဂွိုင်းယားက “ဘာတွေဖြစ်ခဲ့တယ်ဆိုတာသိပါတယ်။ကျွန်တော်အားလုံးကိုကျော်ဖြတ်ပြီးချန်ထားခဲ့ပါတယ်။အရမ်းကိုခက်ခဲတဲ့ကာလပါ။ဒါပေမယ့်ကျွန်တော်ချန်ထားခဲ့ နိုင်တယ်။ဂါရတ်ဟာကျွန်တော်ပထမဆုံးပွဲကစားခွင့်ရပြီးကတည်းကအပြည့်အဝထောက်ပံ့လာခဲ့ပါတယ်။ကျွန်တော်ကစားနိုင်တဲ့ပွဲတိုင်းလည်းကစားခွင့်ရခဲ့ပါတယ်။ဒါတွေကကျွန်တော့်ယုံကြည်မှုတွေ၊ယုံကြည်ချက်တွေ၊စိတ်ခွန်အားတွေရရှိခဲ့ပါတယ်။ကွင်းထဲသို့ခြေချတိုင်းကျွန်တော့်အပေါ်ယုံကြည်မှုတွေအတွက်ပြန်ပေးဆပ်ဖို့ကြိုးစားပါတယ်။အဲဒီတုန်းကကျွန်တော်နဲ့ဂါရတ်အကြားမက်ဆော့ချ်ပို့တာတွေ၊ဖုန်းခေါ်တာတွေအများကြီးရှိခဲ့ပါတယ်။ဘဝမှာအခက်အခဲ၊အမှားတွေဆိုတာရှိပါတယ်။ဂါရတ်ကသူ့အတွေ့အကြုံတွေနဲ့အားလုံးကိုကိုင်တွယ်ဖြေရှင်းပေးသွားခဲ့ပါတယ်။ကျွန်တော်ကလည်းအမြဲတမ်းသင်ယူပြီးပိုကောင်းအောင်လုပ်ပါတယ်။ကျွန်တော့်အတွက်ဂါရတ်လုပ်ပေးခဲ့တာတွေနဲ့ပတ်သက်ပြီးပြောဖို့စကားလုံးတောင်မရှိအောင်များပြားပါတယ်”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာ၁၉၆၆ကမ္ဘာ့ဖလားနောက်ပိုင်းတွင်ဆုဖလားတစ်ကြိမ်မျှဆွတ်ခူးဖူးခြင်းမရှိပါဘူး။၎င်းတို့ဟာမနက်ဖြန်မှာဝင်ဘာလေကွင်းမှာဒိန်းမတ်နှင့်ယူရို၂၀၂၀ဆီမီးဖိုင်နယ်ပွဲကစားရပါမယ်။အနိုင်ရမယ်ဆိုရင်အင်္ဂလန်ဟာဗိုလ်လုပွဲမှာစပိန်(သို့မဟုတ်)အီတလီနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ဗိုလ္လုပြဲသို႔ ပို႔ေဆာင္ၿပီး ေဆာက္ဂိတ္ကို ေက်းဇူးဆပ္မည္ဟု မက္ဂြိဳင္းယားႀကဳံးဝါး

ဟယ္ရီမက္ဂြိဳင္းယားကဗုဒၶဟူးညတြင္အဂၤလန္အားဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ေအာင္ကူညီၿပီးသူ႔အေပၚယုံၾကည္မႈရွိခဲ့တဲ့နည္းျပဂါရတ္ေဆာက္ဂိတ္အားေက်းဇူးဆပ္သြားမည္ျဖစ္ေၾကာင္းႀကဳံးဝါးေျပာၾကားလိုက္ပါတယ္။

မန္ယူေနာက္ခံလူဟာၿပီးခဲ့တဲ့ႏွစ္ဩဂုတ္လတုန္းကမိုင္ကိုႏို႔စ္အပန္းေျဖကြၽန္းတြင္ရန္ျဖစ္မႈေၾကာင့္ဖမ္းဆီးခံခဲ့ရၿပီးေအာက္တိုဘာလတုန္းကဒိန္းမတ္အားရႈံးနိမ့္တဲ့ပြဲတြင္အနီကတ္ျပသျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္အဂၤလန္နည္းျပေဆာက္ဂိတ္ဟာဟယ္ရီမက္ဂြိဳင္းယားအားအျပည့္အဝေထာက္ခံမႈျပဳလုပ္ၿပီးယုံၾကည္စြာဆက္လက္အသုံးျပဳခဲ့ပါတယ္။

မက္ဂြိဳင္းယားက “ဘာေတြျဖစ္ခဲ့တယ္ဆိုတာသိပါတယ္။ကြၽန္ေတာ္အားလုံးကိုေက်ာ္ျဖတ္ၿပီးခ်န္ထားခဲ့ပါတယ္။အရမ္းကိုခက္ခဲတဲ့ကာလပါ။ဒါေပမယ့္ကြၽန္ေတာ္ခ်န္ထားခဲ့ ႏိုင္တယ္။ဂါရတ္ဟာကြၽန္ေတာ္ပထမဆုံးပြဲကစားခြင့္ရၿပီးကတည္းကအျပည့္အဝေထာက္ပံ့လာခဲ့ပါတယ္။ကြၽန္ေတာ္ကစားႏိုင္တဲ့ပြဲတိုင္းလည္းကစားခြင့္ရခဲ့ပါတယ္။ဒါေတြကကြၽန္ေတာ့္ယုံၾကည္မႈေတြ၊ယုံၾကည္ခ်က္ေတြ၊စိတ္ခြန္အားေတြရရွိခဲ့ပါတယ္။ကြင္းထဲသို႔ေျခခ်တိုင္းကြၽန္ေတာ့္အေပၚယုံၾကည္မႈေတြအတြက္ျပန္ေပးဆပ္ဖို႔ႀကိဳးစားပါတယ္။အဲဒီတုန္းကကြၽန္ေတာ္နဲ႔ဂါရတ္အၾကားမက္ေဆာ့ခ်္ပို႔တာေတြ၊ဖုန္းေခၚတာေတြအမ်ားႀကီးရွိခဲ့ပါတယ္။ဘဝမွာအခက္အခဲ၊အမွားေတြဆိုတာရွိပါတယ္။ဂါရတ္ကသူ႔အေတြ႕အႀကဳံေတြနဲ႔အားလုံးကိုကိုင္တြယ္ေျဖရွင္းေပးသြားခဲ့ပါတယ္။ကြၽန္ေတာ္ကလည္းအၿမဲတမ္းသင္ယူၿပီးပိုေကာင္းေအာင္လုပ္ပါတယ္။ကြၽန္ေတာ့္အတြက္ဂါရတ္လုပ္ေပးခဲ့တာေတြနဲ႔ပတ္သက္ၿပီးေျပာဖို႔စကားလုံးေတာင္မရွိေအာင္မ်ားျပားပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္ဟာ၁၉၆၆ကမာၻ႔ဖလားေနာက္ပိုင္းတြင္ဆုဖလားတစ္ႀကိမ္မွ်ဆြတ္ခူးဖူးျခင္းမရွိပါဘူး။၎တို႔ဟာမနက္ျဖန္မွာဝင္ဘာေလကြင္းမွာဒိန္းမတ္ႏွင့္ယူ႐ို၂၀၂၀ဆီမီးဖိုင္နယ္ပြဲကစားရပါမယ္။အႏိုင္ရမယ္ဆိုရင္အဂၤလန္ဟာဗိုလ္လုပြဲမွာစပိန္(သို႔မဟုတ္)အီတလီႏွင့္ရင္ဆိုင္ကစားရပါမယ္။