ဗီဇာရရှိသွားပြီဖြစ်လို့ ယနေ့ည ဗီတက်စ်ဆီနှင့်ပွဲကို စပါးစ်ကို အန်တိုနီယိုကွန်တီကြီးကြပ်နိုင်မည်

အန်တိုနီယိုကွန်တီဟာဗီဇာရယူလိုက်နိုင်ပြီဖြစ်လို့ယူရိုပါကွန်ဖရင့်လိဂ်တွင်စပါးစ်ကိုစတင်ကြီးကြပ်သွားတော့မှာဖြစ်ကြောင်းသိရပါတယ်။

အီတလီလူမျိုးနည်းပြဟာဗြိတိန်တွင်အလုပ်လုပ်ခွင့်ဗီဇာမရရှိသေးမှုကြောင့် ဒတ်ချ်ကလပ်နှင့်ပွဲတွင်စပါးစ်ကိုကြီးကြပ်နိုင်ရန်မရေမရာဖြစ်နေခဲ့ပါတယ်။

အန်တိုနီယိုကွန်တီဟာအင်္ဂါနေ့တုန်းကဆန်တိုရဲ့နေရာတွင်၁၈လစာချုပ်ဖြင့် နည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

အသက်၅၂နှစ်ရှိကွန်တီဟာစပါးစ်အသင်းတွင်တစ်နှစ်လုပ်ခပေါင်၁၃သန်းရရှိပါမယ်။

သူဟာဗြိတိန်အလုပ်လုပ်ခွင့်ဗီဇာရယူလိုက်ပြီဖြစ်တာကြောင့်ယနေ့ညဗီတက်စ်ဆီနှင့်ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်မှစတင်ပြီးစပါးစ်ကိုကြီးကြပ်သွားနိုင်ပါတော့မယ်။

ပြီးခဲ့တဲ့လတုန်းကဗီတက်စ်ဆီနှင့်ပွဲစဉ်တွင်စပါးစ်နည်းပြဟောင်းနူနိုဟာအရန်ကစားသမားများနှင့်ပွဲထုတ်ကစားခဲ့ပေမယ့်အန်တိုနီယိုကွန်တီကတော့သူ့ရဲ့ပထမဆုံးပွဲစဉ်ကိုအနိုင်နှင့်ဖွင့်လှစ်နိုင်ဖို့အတွက်အတောင့်တင်းဆုံးအသင်းနှင့်ပွဲထွက်လာဖို့ရှိနေပါတယ်။

ZawGyi

ဗီဇာရရွိသြားၿပီျဖစ္လို႔ ယေန႔ည ဗီတက္စ္ဆီႏွင့္ပြဲကို စပါးစ္ကို အန္တိုနီယိုကြန္တီႀကီးၾကပ္ႏိုင္မည္

အန္တိုနီယိုကြန္တီဟာဗီဇာရယူလိုက္ႏိုင္ၿပီျဖစ္လို႔ယူ႐ိုပါကြန္ဖရင့္လိဂ္တြင္စပါးစ္ကိုစတင္ႀကီးၾကပ္သြားေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အီတလီလူမ်ိဳးနည္းျပဟာၿဗိတိန္တြင္အလုပ္လုပ္ခြင့္ဗီဇာမရရွိေသးမႈေၾကာင့္ ဒတ္ခ်္ကလပ္ႏွင့္ပြဲတြင္စပါးစ္ကိုႀကီးၾကပ္ႏိုင္ရန္မေရမရာျဖစ္ေနခဲ့ပါတယ္။

အန္တိုနီယိုကြန္တီဟာအဂၤါေန႔တုန္းကဆန္တိုရဲ႕ေနရာတြင္၁၈လစာခ်ဳပ္ျဖင့္ နည္းျပသစ္အျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

အသက္၅၂ႏွစ္ရွိကြန္တီဟာစပါးစ္အသင္းတြင္တစ္ႏွစ္လုပ္ခေပါင္၁၃သန္းရရွိပါမယ္။

သူဟာၿဗိတိန္အလုပ္လုပ္ခြင့္ဗီဇာရယူလိုက္ၿပီျဖစ္တာေၾကာင့္ယေန႔ညဗီတက္စ္ဆီႏွင့္ယူ႐ိုပါကြန္ဖရင့္လိဂ္ပြဲစဥ္မွစတင္ၿပီးစပါးစ္ကိုႀကီးၾကပ္သြားႏိုင္ပါေတာ့မယ္။

ၿပီးခဲ့တဲ့လတုန္းကဗီတက္စ္ဆီႏွင့္ပြဲစဥ္တြင္စပါးစ္နည္းျပေဟာင္းႏူႏိုဟာအရန္ကစားသမားမ်ားႏွင့္ပြဲထုတ္ကစားခဲ့ေပမယ့္အန္တိုနီယိုကြန္တီကေတာ့သူ႔ရဲ႕ပထမဆုံးပြဲစဥ္ကိုအႏိုင္ႏွင့္ဖြင့္လွစ္ႏိုင္ဖို႔အတြက္အေတာင့္တင္းဆုံးအသင္းႏွင့္ပြဲထြက္လာဖို႔ရွိေနပါတယ္။