ဗီတက်စ်ဆီပရိသတ်များ ခုန်ပေါက်အောက်ပွဲခံရာမှ ပွဲကြည့်စင်ပြိုကြမှုဖြစ်

မနေ့တုန်းကဒတ်ချ်အဆင့်မြင့်တန်းလိဂ်မှာဗီတက်စ်ပရိသတ်များ အောင်ပွဲခံနေစဉ်ပွဲကြည့်စင်အစွန်းကျိုးကျတဲ့တုန်လှုပ်ဖွယ်ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

ဗီတက်စ်ဆီဟာအဝေးကွင်းမှာ NEC ကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးတစ်လုံးတည်းသောအနိုင်ဂိုးကိုပထမပိုင်းမှာနီကိုလိုင်ဘာဒန်ဖရီဒရစ်ဆင်ကသွင်းယူခဲ့ပါတယ်။

ပွဲအပြီးတွင်ဗီတက်စ်ဆီကစားသမားများဟာ Stadion Galfort ရှိ အဝေးကွင်းပရိသတ်များ ပွဲကြည့်စင်သို့သွားရောက်ကာအောင်ပွဲခံမှုပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့်ပရိသတ်များဟာခုန်ပေါက်အောင်ပွဲခံခဲ့ကြမှုနဲ့အတူပွဲကြည့်စင်မှာကျိုးကျသွားခဲ့ပါတော့တယ်။ပရိသတ်အမြောက်အမြားတို့အောက်သို့ပြုတ်ကျမှုဖြစ်ခဲ့ပေမယ့်လည်းကံကောင်းချင်တော့ဘယ်သူမှဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့်နီမင်ဂျင်မြို့တော်ဝန်ဟူဘတ်ဘရူလ်ကတော့အထက်ပါဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့တောင်းဆိုမှုပြုလုပ်ထားပါတယ်။

ဘရူလ်က “ဒီအဖြစ်အပျက်ကြောင့်အရမ်းတုန်လှုပ်ခဲ့ရတယ်။ကံကောင်းတာကဘယ်သူမှဒဏ်ရာမရခဲ့တာပါ။ဘာကြောင့်ဖြစ်တာလဲဆိုတာစစ်ဆေးသွားပါမယ်”လို့ပြောကြားသွားပါတယ်။

ဗီတက်စ်ဆီဟာယင်းနိုင်ပွဲကြောင့်အမှတ်ပေးဇယားအဆင့်၆နေရာသို့တက်လှမ်းလာခဲ့ပြီးကြာသပတေးနေ့မှာစပါးစ်ကိုအဝေးကွင်းသို့သွားရောက်ကာ ယူရိုပါကွန်ဖရင့်လိဂ်ကစားရပါမယ်။

ZawGyi

ဗီတက္စ္ဆီပရိသတ္မ်ား ခုန္ေပါက္ေအာက္ပြဲခံရာမွ ပြဲၾကည့္စင္ၿပိဳၾကမႈျဖစ္

မေန႔တုန္းကဒတ္ခ်္အဆင့္ျမင့္တန္းလိဂ္မွာဗီတက္စ္ပရိသတ္မ်ား ေအာင္ပြဲခံေနစဥ္ပြဲၾကည့္စင္အစြန္းက်ိဳးက်တဲ့တုန္လႈပ္ဖြယ္ျဖစ္ရပ္ျဖစ္ခဲ့ပါတယ္။

ဗီတက္စ္ဆီဟာအေဝးကြင္းမွာ NEC ကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးတစ္လုံးတည္းေသာအႏိုင္ဂိုးကိုပထမပိုင္းမွာနီကိုလိုင္ဘာဒန္ဖရီဒရစ္ဆင္ကသြင္းယူခဲ့ပါတယ္။

ပြဲအၿပီးတြင္ဗီတက္စ္ဆီကစားသမားမ်ားဟာ Stadion Galfort ရွိ အေဝးကြင္းပရိသတ္မ်ား ပြဲၾကည့္စင္သို႔သြားေရာက္ကာေအာင္ပြဲခံမႈျပဳလုပ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ပရိသတ္မ်ားဟာခုန္ေပါက္ေအာင္ပြဲခံခဲ့ၾကမႈနဲ႔အတူပြဲၾကည့္စင္မွာက်ိဳးက်သြားခဲ့ပါေတာ့တယ္။ပရိသတ္အေျမာက္အျမားတို႔ေအာက္သို႔ျပဳတ္က်မႈျဖစ္ခဲ့ေပမယ့္လည္းကံေကာင္းခ်င္ေတာ့ဘယ္သူမွဒဏ္ရာရရွိခဲ့ျခင္းမရွိပါဘူး။

ဒါေပမယ့္နီမင္ဂ်င္ၿမိဳ႕ေတာ္ဝန္ဟူဘတ္ဘ႐ူလ္ကေတာ့အထက္ပါျဖစ္ရပ္ကိုစုံစမ္းစစ္ေဆးမႈျပဳလုပ္ဖို႔ေတာင္းဆိုမႈျပဳလုပ္ထားပါတယ္။

ဘ႐ူလ္က “ဒီအျဖစ္အပ်က္ေၾကာင့္အရမ္းတုန္လႈပ္ခဲ့ရတယ္။ကံေကာင္းတာကဘယ္သူမွဒဏ္ရာမရခဲ့တာပါ။ဘာေၾကာင့္ျဖစ္တာလဲဆိုတာစစ္ေဆးသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဗီတက္စ္ဆီဟာယင္းႏိုင္ပြဲေၾကာင့္အမွတ္ေပးဇယားအဆင့္၆ေနရာသို႔တက္လွမ္းလာခဲ့ၿပီးၾကာသပေတးေန႔မွာစပါးစ္ကိုအေဝးကြင္းသို႔သြားေရာက္ကာ ယူ႐ိုပါကြန္ဖရင့္လိဂ္ကစားရပါမယ္။