ဗီဒယ်အပြောင်းအရွှေ့ကို Stanger Things ဗီဒီယိုနဲ့ အမိုက်စားကြေညာလာတဲ့ ဖလာမင်ဂို

ဖလာမင်ဂိုအသင်းဟာအာတူရိုဗီဒယ်ရဲ့အပြောင်းအရွှေ့ကို Stranger Things ဗီဒီယိုနဲ့အမိုက်စားကြေညာလာပါတယ်။

အသက်၃၅နှစ်ရှိဗီဒယ်ဟာအင်တာမီလန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးတဲ့နောက်ဘရာဇီးကလပ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

ဖလာမင်ဂိုဟာဗီဒယ်ရဲ့အပြောင်းအရွှေ့ကိုရိုးရိုးတန်းတန်းမကြေညာဘဲလတ်တလောခေတ်စားနေတဲ့ Netflix ရဲ့Stranger Things စီးရီးမှ ဗီဒီယိုတိုကိုအသုံးပြုပြီးကြေညာလာပါတယ်။

ဗီဒယ်ကိုကြေညာတဲ့ဗီဒီယိုတွင် Vecna နာရီလည်နေပြီးUpside Down အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ယင်းနောက် “The time has come. Just a song can save it.”ဆိုတဲ့စာသားပေါ်လာပါတယ်။ ဗီဒယ်ဟာနောက်ခံမှပေါ်ထွက်ထွက်လာကာ ဖလာမင်ဂိုရဲ့သီချင်းစတင်ဖွင့်လာပါတယ်။

ဖလာမင်ဂိုဟာ A dream for some, a nightmare for others.”Upside down? Just the reality: ARTURO VIDAL IS FROM FLAMENGO! “Welcome to the red-black dream, Vidal! Let’s go upstairs!” ဆိုပြီးတော့လည်းရေးသားသွားပါသေးတယ်။

ဗီဒယ်ဟာ၂၀၀၅ခုနှစ်တုန်းကချီလီကလပ်ကိုလိုကိုလိုတွင်ကစားသမားဘဝစတင်ပြီးနောက်၂နှစ်အကြာတွင်လေဗာကူဆင်သို့ပြောင်းခဲ့ပါတယ်။သူဟာ၂၀၁၁ခုနှစ်တွင်ဂျူဗင်တပ်သို့ပြောင်းခဲ့ပြီးယင်းတွင်စီးရီးအေဖလားလေးကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့သလို၂၀၀၅ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်းတက်ရောက်နိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၅ခုနှစ်တွင်ဘိုင်ယန်မြူးနစ်သို့ပြောင်းခဲ့ပြီးဘွန်ဒက်စ်လီဂါဖလားသုံးကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။သုံးနှစ်အကြာတွင်သူဟာဘာစီလိုနာသို့ပြောင်းခဲ့ပြီး၂၀၁၉ခုနှစ်လာလီဂါဖလားရခဲ့ပါတယ်။သူဟာ၂၀၂၀ခုနှစ်တွင်အင်တာမီလန်သို့ပြောင်းခဲ့ကာ၂၀၂၁ခုနှစ်တွင်စီးရီးအေဖလားထပ်မံရယူနိုင်ခဲ့ပါတယ်။

Zawgyi







