
ချဲလ်ဆီးဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကဗီယက်နမ်လက်ရွေးစင်အသင်းနောက်ပိုင်းတွင်ဒေါ့မွန်အသင်းကိုပထမဆုံးအနိုင်ရတဲ့အသင်းဖြစ်လာပါတယ်။
ချဲလ်ဆီးဟာအင်္ဂါနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်စတာလင်း၊ကိုင်ဟာဗက်ဇ်တို့ရဲ့ဂိုးဖြင့်ဒေါ့မွန်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိကာနှစ်ကျော့ပေါင်းရလဒ်၂-၁ဖြင့်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့တက်ခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာဟာချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့မှုနှင့်အတူဖိအားများလျှော့ကျလာခဲ့ပြီဖြစ်ပါတယ်။
အင်္ဂါနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်မတိုင်မီတာဇစ်ဦးဆောင်တဲ့ဒေါ့မွန်အသင်းဟာလေဗာကူဆင်၊ဝါဒါဘရီမင်၊ချဲလ်ဆီး(ပထမအကျော့)အပါအဝင်၁၁ပွဲဆက်တိုက်နိုင်ပွဲရရှိထားတာဖြစ်ပါတယ်။
ဒေါ့မွန်ဟာ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ၃၀ရက်နေ့တုန်းကဗီယက်နမ်လက်ရွေးစင်အသင်းကို၂-၁ဂိုးဖြင့်မထင်မှတ်ဘဲရှု့းနိမ့်ပြီးနောက်ပထမဆုံးရှုံးပွဲအဖြစ်ချဲလ်ဆီးကိုရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်ဟာနိုဝင်ဘာလတုန်းကအာရှခရီးစဉ်တွင်ခြေစမ်းပွဲ၃ပွဲကစားခဲ့ပြီးLion City Sailors နှင့်d Johor Darul Ta’zimတို့ကိုအနိုင်ယူခဲ့ပါတယ်။ဒါပေမဲ့၎င်းတို့ဟာဟန်နွိုင်းက Mỹ Đình National Stadium ကွင်းမှာကစားတဲ့ဗီယက်နမ်နှင့်ပွဲမှာတော့ ဖန်တွန်ဟိုင်းရဲ့နောက်ကျပင်နယ်တီဂိုးကြောင့်၂-၁ဂိုးဖြင့်တုန်လှုပ်ဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။ဗီယက်နမ်ဟာဖီဖာကမ္ဘာ့အဆင့်၉၆နေရာမှာသာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။
ZawGyi
ဗီယက္နမ္ၿပီးလွ်င္ ေဒါ့မြန္ကို ပထမဆုံးအႏိုင္ရတဲ့အသင္းျဖစ္လာတဲ့ ေဒါ့မြန္
ခ်ဲလ္ဆီးဟာၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလတုန္းကဗီယက္နမ္လက္ေ႐ြးစင္အသင္းေနာက္ပိုင္းတြင္ေဒါ့မြန္အသင္းကိုပထမဆုံးအႏိုင္ရတဲ့အသင္းျဖစ္လာပါတယ္။
ခ်ဲလ္ဆီးဟာအဂၤါေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းတြင္စတာလင္း၊ကိုင္ဟာဗက္ဇ္တို႔ရဲ႕ဂိုးျဖင့္ေဒါ့မြန္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိကာႏွစ္ေက်ာ့ေပါင္းရလဒ္၂-၁ျဖင့္ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္သို႔တက္ခဲ့ပါတယ္။
ခ်ဲလ္ဆီးနည္းျပဂေရဟမ္ေပၚတာဟာခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္သို႔တက္ေရာက္ႏိုင္ခဲ့မႈႏွင့္အတူဖိအားမ်ားေလွ်ာ့က်လာခဲ့ၿပီျဖစ္ပါတယ္။
အဂၤါေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္ပြဲစဥ္မတိုင္မီတာဇစ္ဦးေဆာင္တဲ့ေဒါ့မြန္အသင္းဟာေလဗာကူဆင္၊ဝါဒါဘရီမင္၊ခ်ဲလ္ဆီး(ပထမအေက်ာ့)အပါအဝင္၁၁ပြဲဆက္တိုက္ႏိုင္ပြဲရရွိထားတာျဖစ္ပါတယ္။
ေဒါ့မြန္ဟာ၂၀၂၂ခုႏွစ္၊ႏိုဝင္ဘာလ၃၀ရက္ေန႔တုန္းကဗီယက္နမ္လက္ေ႐ြးစင္အသင္းကို၂-၁ဂိုးျဖင့္မထင္မွတ္ဘဲရႈ႕းနိမ့္ၿပီးေနာက္ပထမဆုံးရႈံးပြဲအျဖစ္ခ်ဲလ္ဆီးကိုရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
ေဒါ့မြန္ဟာႏိုဝင္ဘာလတုန္းကအာရွခရီးစဥ္တြင္ေျခစမ္းပြဲ၃ပြဲကစားခဲ့ၿပီးLion City Sailors ႏွင့္d Johor Darul Ta’zimတို႔ကိုအႏိုင္ယူခဲ့ပါတယ္။ဒါေပမဲ့၎တို႔ဟာဟန္ႏြိဳင္းက Mỹ Đình National Stadium ကြင္းမွာကစားတဲ့ဗီယက္နမ္ႏွင့္ပြဲမွာေတာ့ ဖန္တြန္ဟိုင္းရဲ႕ေနာက္က်ပင္နယ္တီဂိုးေၾကာင့္၂-၁ဂိုးျဖင့္တုန္လႈပ္ဖြယ္ရႈံးနိမ့္ခဲ့ပါတယ္။ဗီယက္နမ္ဟာဖီဖာကမာၻ႔အဆင့္၉၆ေနရာမွာသာရပ္တည္ေနတဲ့အသင္းျဖစ္ပါတယ္။