ဗီလာကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှ ဒီဂနီရဲ့ဖရီးကစ်ကို ယူနိုက်တက်စတားများရဲ့Wall စီကာကွယ်ပုံအား အဲရစ်တန်ဟက်ဝေဖန်

အဲရစ်တန်ဟက်ဟာတနင်္ဂနွေနေ့ညတုန်းကဗီလာကို၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှ ယူနိုက်တက်ကစားသမားများရဲ့Wall စီပုံအမှားကိုဝေဖန်ပြောဆိုလာပါတယ်။

ယူနိုက်တက်ဟာမနေ့ညတုန်းကဗီလာပါ့ခ်တွင် ဗီလာကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ပြီး၂၇ခုနှစ်တာကာလအတွင်းတွင်ပထဆုံးဗီလာပါ့ခ်ပရီးမီးယားလိဂ်ရှုံးပွဲကြုံခဲ့ရပါတယ်။

ဗီလာဟာလည်းနည်းပြသစ်အူနိုင်းအမ်မရီပထမဆုံးကိုင်တွယ်တဲ့ပွဲတွင်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ယင်းပွဲတွင်လီယွန်ဘိုင်လီကအဖွင့်ဂိုးသွင်းပြီးနောက်ဒီဂနီကဖရီးကစ်မှတဆင့်ဗီလာအတွက်ဒုတိယဂိုးသွင်းခဲ့ပါတယ်။

ဒါပေမဲ့အဲရစ်တန်ဟက်ကဒီဂနီရဲ့ဖရီးကစ်မှာယူနိုက်တက်စတားများရဲ့Wall စီပုံအမှားကြောင့်ပေးလိုက်ရခြင်းဖြစ်တယ်လို့ယုံကြည်နေပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက “ဖရီးကစ်(ဒီဂနီ)ကိုတားလို့ရတယ်။ Wall စီတာကအရမ်းဝေးလွန်းအားကြီးတယ်။ပြောရမယ်ဆိုရင်ဒီလိုသေးငယ်တဲ့အချက်အလက်လေးတွေကြောင့်ပါ။ဒီအချက်အလက်သေးတွေကပဲထိပ်တန်းဘောလုံးအဆင့်မှာကွဲပြားသွားခဲ့တာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ဗီလာကို ၃-၁ ဂိုးျဖင့္ ရႈံးနိမ့္တဲ့ပြဲစဥ္မွ ဒီဂနီရဲ႕ဖရီးကစ္ကို ယူႏိုက္တက္စတားမ်ားရဲ႕Wall စီကာကြယ္ပုံအား အဲရစ္တန္ဟက္ေဝဖန္

အဲရစ္တန္ဟက္ဟာတနဂၤေႏြေန႔ညတုန္းကဗီလာကို၃-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွ ယူႏိုက္တက္ကစားသမားမ်ားရဲ႕Wall စီပုံအမွားကိုေဝဖန္ေျပာဆိုလာပါတယ္။

ယူႏိုက္တက္ဟာမေန႔ညတုန္းကဗီလာပါ့ခ္တြင္ ဗီလာကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီး၂၇ခုႏွစ္တာကာလအတြင္းတြင္ပထဆုံးဗီလာပါ့ခ္ပရီးမီးယားလိဂ္ရႈံးပြဲႀကဳံခဲ့ရပါတယ္။

ဗီလာဟာလည္းနည္းျပသစ္အူႏိုင္းအမ္မရီပထမဆုံးကိုင္တြယ္တဲ့ပြဲတြင္ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ယင္းပြဲတြင္လီယြန္ဘိုင္လီကအဖြင့္ဂိုးသြင္းၿပီးေနာက္ဒီဂနီကဖရီးကစ္မွတဆင့္ဗီလာအတြက္ဒုတိယဂိုးသြင္းခဲ့ပါတယ္။

ဒါေပမဲ့အဲရစ္တန္ဟက္ကဒီဂနီရဲ႕ဖရီးကစ္မွာယူႏိုက္တက္စတားမ်ားရဲ႕Wall စီပုံအမွားေၾကာင့္ေပးလိုက္ရျခင္းျဖစ္တယ္လို႔ယုံၾကည္ေနပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပက “ဖရီးကစ္(ဒီဂနီ)ကိုတားလို႔ရတယ္။ Wall စီတာကအရမ္းေဝးလြန္းအားႀကီးတယ္။ေျပာရမယ္ဆိုရင္ဒီလိုေသးငယ္တဲ့အခ်က္အလက္ေလးေတြေၾကာင့္ပါ။ဒီအခ်က္အလက္ေသးေတြကပဲထိပ္တန္းေဘာလုံးအဆင့္မွာကြဲျပားသြားခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။