ဗီလာစတားအလီရှာလေမန်းကို ပေါင် ၈၃၀၀၀ ဖြင့် ကမ်းလှမ်းလာတဲ့ အပြာဝက်ဘ်ဆိုက်

အက်စတွန်ဗီလာအမျိုးသမီးအသင်းစတားအလီရှာလေမန်းဟာပုရိသအကြိုက်ဝက်ဘ်ဆိုက်တစ်ခုတွင် Subscripton အခြေခံဝန်ဆောင်မှုအကောင့်ဖွင့်လှစ်ရုံဖြင့်မက်လောက်စရာငွေပေးရန်ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။

အသက်၂၄နှစ်ရှိဆွစ်ဇာလန်လက်ရွေးစင်တိုက်စစ်သမားဟာဆိုရှယ်မီဒီယာတွင် Follower အမြောက်အမြားပိုင်ဆိုင်ထားသူဖြစ်ပါတယ်။သူမတွင်အင်စတာဂရမ်တွင် Follower ၁၂သန်းပိုင်ဆိုင်ထားသလို TikTok တွင်လည်း ၆.၆သန်းပိုင်ဆိုင်ထားပါတယ်။

သူမဟာဆိုရှယ်မီဒီယာတွင် Follower အမြောက်အမြားရရှိနေပေမဲ့လည်းဘောလုံးသမားအဖြစ်သာရပ်တည်သွားဦးမှာဖြစ်ကြောင်းပြောကြားထားသူလည်းဖြစ်ပါတယ်။

ပုရိသအကြိုက်အပြာဝက်ဘ်ဆိုက်ဖြစ်တဲ့ My.Club ဟာအလီရှာလေမန်းအား၎င်းတို့ရဲ့ဝက်ဘ်ဆိုက်တွင်အကောင့်ဖွင့်ရုံဖြင့်ပေါင်၈၃၀၀၀(ဒေါ်လာ၁၀၀၀၀၀)ပေးရန်ကမ်းလှမ်းထားပါတယ်။

ဒါ့အပြင် My.Club ရဲ့ဒုဥက္ကဌမိုက်ဖို့ဒ်ကဆွစ်ဇာလန်အမျိုးသမီးလက်ရွေးစင်အသင်းကိုလည်းပေါင်၄၁၀၀၀(ဒေါ်လာ၅၀၀၀၀)လှူဒါန်းပေးသွားပါဦးမယ်။

My.Club ဟာဆွစ်ဇာလန်အမျိုးသမီးစူပါလိဂ်ကိုလည်းဒေါ်လာ၅၀၀၀၀လှူဒါန်းထားပြီးဖြစ်ပါတယ်။

အလီရှာလေမန်းအနေဖြင့်My.Club တွင်အကောင်းဖွင့်လှစ်ပြီးပါကအဖော်အချွတ်ဓာတ်ပုံများတင်နေစရာမလိုဘဲလေ့ကျင့်ရေးကွင်းတွင်ရိုက်ကူးထားတဲ့ဓာတ်ပုံများ၊ပွဲတက်ဓာတ်ပုံများတင်ခြင်း၊ပရိသတ်များရဲ့မေးခွန်းများကိုဖြေကြားခြင်းသာပြုလုပ်ရပါမယ်။

ZawGyi







