ဗီလာနည်းပြဖြစ်လာရန် ဂျရတ်နီးစပ်နေပြီဖြစ်ပြီး မက်အလီစတာအပါအဝင် ရိန်းဂျားနည်းပြအဖွဲ့ကိုပါ ခေါ်ဆောင်လာမည်

စတီဗင်ဂျရတ်ဟာအက်စတွန်ဗီလာနည်းပြဖြစ်လာရန်အလွန်နီးစပ်နေပြီဖြစ်ပါတယ်။

လီဗာပူးဂန္ထဝင်ကစားသမားဟာမကြာသေးမီတုန်းကထုတ်ပယ်ခြင်းခံခဲ့ရတဲ့ဒိန်းစမစ်နေရာတွင်အစားထိုးတာဝန်ယူရန်သဘောတူညီမှုရရှိထားပြီလည်းဖြစ်ပါတယ်။

အက်စတွန်ဗီလာဟာစတီဗင်ဂျရတ်အားခန့်အပ်နိုင်ရေးအတွက်လျော်ကြေးပေါင်၃သန်းပေးရန်အသင့်ရှိနေပါတယ်။ဂျရတ်ဟာရိန်းဂျားနှင့်၂နှစ်ခွဲစာချုပ်ကျန်နေသေးသူဖြစ်ပြီးရိန်းဂျားကလည်းဂျရတ်ဘက်သာထွက်ခွာလိုပါကတားဆီးလိုခြင်းမရှိပါဘူး။

အသက်၄၁နှစ်ရှိဂျရတ်ဟာမနေ့ညတုန်းကရိန်းဂျားရဲ့ခွင့်ပြုချက်ဖြင့်လန်ဒန်သို့ဗီလာတာဝန်ရှိသူများနှင့်ဆွေးနွေးရန်ရောက်လာခဲ့ပါတယ်။

စတီဗင်ဂျရတ်ဟာယခုရက်ပိုင်းအတွင်းတွင်ဗီလာနည်းပြအဖြစ်ခန့်အပ်ခြင်းခံရဖို့သေချာနေပြီးနိုဝင်ဘာလ၂၀ရက်နေ့ဘရိုက်တန်နှင့်အိမ်ကွင်းပွဲစဉ်ကိုစတင်ကိုင်တွယ်သွားဖို့ရှိပါတယ်။

စတီဗင်ဂျရတ်ဟာဗီလာနည်းပြသစ်ဖြစ်လာပါကရိန်းဂျားတွင်သူနဲ့အတူတာဝန်ထမ်းဆောင်ခဲ့တဲ့လီဗာပူးကစားဖော်ဟောင်းဂယ်ရီမက်အလစ်စတာအပါအဝင်ရိန်းဂျားနည်းပြအဖွဲ့ဝင်များကိုလည်တပါတည်းခေါ်ဆောင်လာပါမယ်။အလစ်စတာဟာ၂၀၁၀ခုနှစ်မှ၂၀၁၁ခုနှစ်အထိဗီလာတွင်ဂျရတ်ဟူလီယာရဲ့လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

ဂျရတ်ရဲ့အခြားလက်ထောက်များဖြစ်တဲ့မိုက်ကယ်ဘေလာ၊အလွတ်တည်ကန်ဘာနည်းပြတွမ်ကူလ်ရှော၊စွမ်းဆောင်ရည်နည်းပြဂျော်ဒန်မီလ်ဆင်တို့လည်းတပါတည်းလိုက်ပါလာဖို့သေချာနေပါတယ်။

ZawGyi

ဗီလာနည္းျပျဖစ္လာရန္ ဂ်ရတ္နီးစပ္ေနၿပီျဖစ္ၿပီး မက္အလစ္စတာအပါအဝင္ ရိန္းဂ်ားနည္းျပအဖြဲ႕ကိုပါ ေခၚေဆာင္လာမည္

စတီဗင္ဂ်ရတ္ဟာအက္စတြန္ဗီလာနည္းျပျဖစ္လာရန္အလြန္နီးစပ္ေနၿပီျဖစ္ပါတယ္။

လီဗာပူးဂႏၴဝင္ကစားသမားဟာမၾကာေသးမီတုန္းကထုတ္ပယ္ျခင္းခံခဲ့ရတဲ့ဒိန္းစမစ္ေနရာတြင္အစားထိုးတာဝန္ယူရန္သေဘာတူညီမႈရရွိထားၿပီလည္းျဖစ္ပါတယ္။

အက္စတြန္ဗီလာဟာစတီဗင္ဂ်ရတ္အားခန႔္အပ္ႏိုင္ေရးအတြက္ေလ်ာ္ေၾကးေပါင္၃သန္းေပးရန္အသင့္ရွိေနပါတယ္။ဂ်ရတ္ဟာရိန္းဂ်ားႏွင့္၂ႏွစ္ခြဲစာခ်ဳပ္က်န္ေနေသးသူျဖစ္ၿပီးရိန္းဂ်ားကလည္းဂ်ရတ္ဘက္သာထြက္ခြာလိုပါကတားဆီးလိုျခင္းမရွိပါဘူး။

အသက္၄၁ႏွစ္ရွိဂ်ရတ္ဟာမေန႔ညတုန္းကရိန္းဂ်ားရဲ႕ခြင့္ျပဳခ်က္ျဖင့္လန္ဒန္သို႔ဗီလာတာဝန္ရွိသူမ်ားႏွင့္ေဆြးေႏြးရန္ေရာက္လာခဲ့ပါတယ္။

စတီဗင္ဂ်ရတ္ဟာယခုရက္ပိုင္းအတြင္းတြင္ဗီလာနည္းျပအျဖစ္ခန႔္အပ္ျခင္းခံရဖို႔ေသခ်ာေနၿပီးႏိုဝင္ဘာလ၂၀ရက္ေန႔ဘ႐ိုက္တန္ႏွင့္အိမ္ကြင္းပြဲစဥ္ကိုစတင္ကိုင္တြယ္သြားဖို႔ရွိပါတယ္။

စတီဗင္ဂ်ရတ္ဟာဗီလာနည္းျပသစ္ျဖစ္လာပါကရိန္းဂ်ားတြင္သူနဲ႔အတူတာဝန္ထမ္းေဆာင္ခဲ့တဲ့လီဗာပူးကစားေဖာ္ေဟာင္းဂယ္ရီမက္အလစ္စတာအပါအဝင္ရိန္းဂ်ားနည္းျပအဖြဲ႕ဝင္မ်ားကိုလည္တပါတည္းေခၚေဆာင္လာပါမယ္။အလစ္စတာဟာ၂၀၁၀ခုႏွစ္မွ၂၀၁၁ခုႏွစ္အထိဗီလာတြင္ဂ်ရတ္ဟူလီယာရဲ႕လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။

ဂ်ရတ္ရဲ႕အျခားလက္ေထာက္မ်ားျဖစ္တဲ့မိုက္ကယ္ေဘလာ၊အလြတ္တည္ကန္ဘာနည္းျပတြမ္ကူလ္ေရွာ၊စြမ္းေဆာင္ရည္နည္းျပေဂ်ာ္ဒန္မီလ္ဆင္တို႔လည္းတပါတည္းလိုက္ပါလာဖို႔ေသခ်ာေနပါတယ္။