ဗီလာနည်းပြရာထူးမှထုတ်ပယ်ခံရပြီး တစ်ပတ်အကြာတွင် နော့ဝှစ်ချ်နည်းပြအဖြစ် ဒိန်းစမစ်ခန့်အပ်ခြင်းခံရ
နော့ဝှစ်ချ်ကဒိန်းစမစ်ကို၂နှစ်ခွဲစာချုပ်ဖြင့်နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာလာပါတယ်။ဒိန်းစမစ်ဟာပြီးခဲ့တဲ့အပတ်တုန်းကငယ်စဉ်ကတည်းကအားပေးလာခဲ့တဲ့ဗီလာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်တစ်ပတ်အကြာတွင်နော့ဝှစ်ချ်နည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဒိန်းစမစ်ဟာဗီလာတွင်အတူလက်တွဲခဲ့တဲ့လက်ထောက်နည်းပြခရစ်ရှိတ်စပီးယားကိုလည်းနော့ဝှစ်ချ်လက်ထောက်နည်းပြအဖြစ်တပါတည်းခေါ်ဆောင်လာခဲ့ပါတယ်။
နော့ဝှစ်ချ်အားကစားဒါရိုက်တာစတူးအပ်ဝက်ဘ်ဘာက၎င်းတို့နှစ်ဦးမှာ အသင်းကိုပရီးမီးယားလိဂ်တွင်တင်ကျန်ရစ်အောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းဆိုသွားပါတယ်။
ဒိန်းစမစ်ကနော့ဝှစ်ချ်ကိုပရီးမီးယားလိဂ်တွင်တင်ကျန်ရေးအစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပရိသတ်များကိုကတိပြုသွားပါတယ်။
ဒိန်းစမစ်က “လေပွေလိုအရမ်းမြန်တဲ့ခုနှစ်ရက်တာပါ။ဒါပေမယ့်နော့ဝှစ်ချ်နဲ့အတူပရီးမီးယားလိဂ်သို့ပြန်လာခွင့်ရလို့ဝမ်းသာပါတယ်။ဒီကလပ်ကပြီးခဲ့တဲ့လေးနှစ်ခွဲကာလမှာအံ့ဩစရာတွေလုပ်ပြလာခဲ့တဲ့ကလပ်ပါ။အခုကျွန်တော်နဲ့ခရစ်(လက်ထောက်)တို့တာဝန်ကပရီးမီးယားလိဂ်မှာရှင်သန်နိုင်အောင်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။နော့ဝှစ်ချ်ကပရိသတ်အခိုင်အမာရှိထားတဲ့ကလပ်ကြီးတစ်ခုပါ။ကျွန်တော်တို့အတူလက်တွဲပြီး Carrow Road ကိုဧည့်သည်တွေအတွက်ခက်ခဲတဲ့နေရာဖြစ်အောင် လုပ်ဆောင်သွားပါမယ်”လို့ပြောကြားသွားပါတယ်။
နော့ဝှစ်ချ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေပြီးတန်းဆင်းဇုန်အပြင်ဘက်မှဗီလာနှင့်ရမှတ်၅မှတ်ကွာဟနေပါတယ်။
စမစ်ဟာဒီဇင်ဘာလ၁၄ရက်နေ့တွင်သူ့နေရာမှာအစားထိုးတာဝန်ယူတဲ့စတီဗင်ဂျရတ်ရဲ့ဗီလာကိုရင်ဆိုင်ရပါမယ်။
ZawGyi
ဗီလာနည်းပြရာထူးမှထုတ်ပယ်ခံရပြီး တစ်ပတ်အကြာတွင် နော့ဝှစ်ခ်ျနည်းပြအဖြစ် ဒိန်းစမစ်ခန့်အပ်ခြင်းခံရ
နော့ဝှစ်ခ်ျကဒိန်းစမစ်ကို၂နှစ်ခွဲစာချုပ်ဖြင့်နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာလာပါတယ်။ဒိန်းစမစ်ဟာပြီးခဲ့တဲ့အပတ်တုန်းကငယ်စဉ်ကတည်းကအားပေးလာခဲ့တဲ့ဗီလာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်တစ်ပတ်အကြာတွင်နော့ဝှစ်ခ်ျနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဒိန်းစမစ်ဟာဗီလာတွင်အတူလက်တွဲခဲ့တဲ့လက်ထောက်နည်းပြခရစ်ရှိတ်စပီးယားကိုလည်းနော့ဝှစ်ခ်ျလက်ထောက်နည်းပြအဖြစ်တပါတည်းခေါ်ဆောင်လာခဲ့ပါတယ်။
နော့ဝှစ်ခ်ျအားကစားဒါရိုက်တာစတူးအပ်ဝက်ဘ်ဘာက၎င်းတို့နှစ်ဦးမှာ အသင်းကိုပရီးမီးယားလိဂ်တွင်တင်ကျန်ရစ်အောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းဆိုသွားပါတယ်။
ဒိန်းစမစ်ကနော့ဝှစ်ခ်ျကိုပရီးမီးယားလိဂ်တွင်တင်ကျန်ရေးအစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပရိသတ်များကိုကတိပြုသွားပါတယ်။
နော့ဝှစ်ခ်ျဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေပြီးတန်းဆင်းဇုန်အပြင်ဘက်မှဗီလာနှင့်ရမှတ်၅မှတ်ကွာဟနေပါတယ်။