ဗီလာနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ပိုလန်နည်းပြရာထူးအတွက် လီဗာပူးဂန္ထဝင်ဂျရတ်ဆွေးနွေးနေ

စတီဗင်ဂျရတ်ဟာအက်စတွန်ဗီလာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက် အံ့ဩသင့်ဖွယ်နိုင်ငံအသင်းတစ်သင်းကိုကိုင်တွယ်ရန်စဉ်းစားနေပါတယ်။

လီဗာပူးဂန္ထဝင်ကစားသမားဟာမစ်နီဝစ်ဇ်ရဲ့ပိုလန်အသင်းနည်းပြရာထူးတွင်အစားထိုးတာဝန်ယူရန်ပိုလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ဆက်သွယ်ခြင်းခံနေရပါတယ်။

စတီဗင်ဂျရတ်ဟာနည်းပြဘဝပထမဆုံးအသင်းဖြစ်တဲ့ရိန်းဂျားကိုကိုင်တွယ်တုန်းက၂၀၁၁ခုနှစ်နောက်ပိုင်းပထမဆုံးစကော့တလန်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးပေးခဲ့သူဖြစ်ပါတယ်။

သူဟာရိန်းဂျားတွင်အောင်မြင်မှုရယူပြီးနောက်အက်စတွန်ဗီလာကိုပြောင်းလဲကိုင်တွယ်ခဲ့ပါတယ်။ဒါပေမဲ့သူဟာပထမရာသီမှာရလဒ်ဆိုးရွားပြီးအဆင့်၁၄နေရာတွင်သာရပ်တည်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့သလိုယခုရာသီတွင်လည်းရာသီအစအထိနှေးမှုကြောင့်အောက်တိုဘာလတုန်းကထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်စတားဟောင်းဟာပိုလန်အသင်းတွင်ထိပ်တန်းကစားသမားများပိုင်ဆိုင်နေမှုနဲ့အတူပိုလန်အသင်းကိုကိုင်တွယ်ရန်အလေးအနက်ထားစဉ်းစားနေပါတယ်။

ပိုလန်ဘောလုံးအဖွဲ့ချုပ်ဟာစတီဗင်ဂျရတ်ကိုမက်လောက်စရာကောင်းတဲ့ကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။၎င်းတို့ဟာစတီဗင်ဂျရတ်ကိုသာခန့်အပ်နိုင်ပါကစပွန်ဆာများစွာရရှိလာနိုင်မှုနဲ့အတူလုပ်ခများစွာပေးပြီးကမ်းလှမ်းထားတာလည်းဖြစ်ပါတယ်။

တကယ်လို့များဂျရတ်သာပိုလန်အသင်းကိုကိုင်တွယ်လာမည်ဆိုပါက ဗီလာတွင်လက်တွဲခဲ့ဖူးတဲ့ဂျန်ဘက်နာရစ်ခ်၊မတ်တီကက်ရှ်တို့နှင့်ပြန်လည်လက်တွဲရပါမယ်။

ပိုလန်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက၁၆သင်းရှုံးထွက်အဆင့်သို့အထိတက်ရောက်နိုင်ခဲ့ကာ၁၉၈၂ကမ္ဘာ့ဖလားနောက်ပိုင်းအကောင်းဆုံးရလဒ်ရယူထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့နည်းပြမစ်နီဝစ်ဇ်မှာခံစစ်အသားပေးနည်းဗျူဟာအသုံးပြုမှုနဲ့အတူ ပရိသတ်များ၊ကစားသမားများရဲ့သဘောကျခြင်းမခံခဲ့ရပါဘူး။

ZawGyi

ဗီလာနည္းျပရာထူးမွ ထုတ္ပယ္ျခင္းခံရၿပီးေနာက္ ပိုလန္နည္းျပရာထူးအတြက္ လီဗာပူးဂႏၴဝင္ဂ်ရတ္ေဆြးေႏြးေန

စတီဗင္ဂ်ရတ္ဟာအက္စတြန္ဗီလာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္ အံ့ဩသင့္ဖြယ္ႏိုင္ငံအသင္းတစ္သင္းကိုကိုင္တြယ္ရန္စဥ္းစားေနပါတယ္။

လီဗာပူးဂႏၴဝင္ကစားသမားဟာမစ္နီဝစ္ဇ္ရဲ႕ပိုလန္အသင္းနည္းျပရာထူးတြင္အစားထိုးတာဝန္ယူရန္ပိုလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ဆက္သြယ္ျခင္းခံေနရပါတယ္။

စတီဗင္ဂ်ရတ္ဟာနည္းျပဘဝပထမဆုံးအသင္းျဖစ္တဲ့ရိန္းဂ်ားကိုကိုင္တြယ္တုန္းက၂၀၁၁ခုႏွစ္ေနာက္ပိုင္းပထမဆုံးစေကာ့တလန္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးေပးခဲ့သူျဖစ္ပါတယ္။

သူဟာရိန္းဂ်ားတြင္ေအာင္ျမင္မႈရယူၿပီးေနာက္အက္စတြန္ဗီလာကိုေျပာင္းလဲကိုင္တြယ္ခဲ့ပါတယ္။ဒါေပမဲ့သူဟာပထမရာသီမွာရလဒ္ဆိုး႐ြားၿပီးအဆင့္၁၄ေနရာတြင္သာရပ္တည္ႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့သလိုယခုရာသီတြင္လည္းရာသီအစအထိေႏွးမႈေၾကာင့္ေအာက္တိုဘာလတုန္းကထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အဂၤလန္စတားေဟာင္းဟာပိုလန္အသင္းတြင္ထိပ္တန္းကစားသမားမ်ားပိုင္ဆိုင္ေနမႈနဲ႔အတူပိုလန္အသင္းကိုကိုင္တြယ္ရန္အေလးအနက္ထားစဥ္းစားေနပါတယ္။

ပိုလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာစတီဗင္ဂ်ရတ္ကိုမက္ေလာက္စရာေကာင္းတဲ့ကမ္းလွမ္းမႈျပဳလုပ္ထားပါတယ္။၎တို႔ဟာစတီဗင္ဂ်ရတ္ကိုသာခန႔္အပ္ႏိုင္ပါကစပြန္ဆာမ်ားစြာရရွိလာႏိုင္မႈနဲ႔အတူလုပ္ခမ်ားစြာေပးၿပီးကမ္းလွမ္းထားတာလည္းျဖစ္ပါတယ္။

တကယ္လို႔မ်ားဂ်ရတ္သာပိုလန္အသင္းကိုကိုင္တြယ္လာမည္ဆိုပါက ဗီလာတြင္လက္တြဲခဲ့ဖူးတဲ့ဂ်န္ဘက္နာရစ္ခ္၊မတ္တီကက္ရွ္တို႔ႏွင့္ျပန္လည္လက္တြဲရပါမယ္။

ပိုလန္ဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက၁၆သင္းရႈံးထြက္အဆင့္သို႔အထိတက္ေရာက္ႏိုင္ခဲ့ကာ၁၉၈၂ကမာၻ႔ဖလားေနာက္ပိုင္းအေကာင္းဆုံးရလဒ္ရယူထားႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့နည္းျပမစ္နီဝစ္ဇ္မွာခံစစ္အသားေပးနည္းဗ်ဴဟာအသုံးျပဳမႈနဲ႔အတူ ပရိသတ္မ်ား၊ကစားသမားမ်ားရဲ႕သေဘာက်ျခင္းမခံခဲ့ရပါဘူး။