ဗီလာနည်းပြသစ်အဖြစ် စတီဗင်ဂျရတ်ကို ခန့်အပ်လိုက်ပြီ

စတီဗင်ဂျရတ်ဟာအက်စတွန်ဗီလာနည်းပြသစ်အဖြစ်သုံးနှစ်ခွဲစာချုပ်ဖြင့်ခန့်အပ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။ရိန်းဂျားနည်းပြရာထူးမှနုတ်ထွက်လာခဲ့တဲ့လီဗာပူးဂန္ထဝင်ကစားသမားဟာပြီးခဲ့တဲ့အပတ်တုန်းကငါးပွဲဆက်အရှုံးနှင့်ရင်ဆိုင်ခဲ့ရတဲ့ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ဒိန်းစမစ်နေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အက်စတွန်ဗီလာဟာစတီဗင်ဂျရတ်ကိုခန့်အပ်နိုင်ရန်အတွက်ရိန်းဂျားအသင်းကိုစာချုပ်လျော်ကြေးပေါင်၃.၂၅သန်းမှပေါင်၄သန်းအတွင်းပေးခဲ့ရတယ်လို့ယူဆရပါတယ်။

ဗီလာနည်းပြသစ်အဖြစ်ခန့်အပ်ခံရပြီးနောက်ဂျရတ်က “ဗီလာကအင်္ဂလိပ်ဘောလုံးလောကမှအစဉ်အလာကြီးမားတဲ့ကလပ်တစ်ခုပါ။ဒီလိုကလပ်ရဲ့နည်းပြသစ်ဖြစ်လာလို့ အရမ်းဂုဏ်ယူရပါတယ်။နက်စ်ဖ်၊ဝက်စ်နဲ့အခြားဘုတ်အဖွဲ့ဝင်တွေနဲ့ဆွေးနွေးပြီးချိန်မှာသူတို့ဟာဒီကလပ်အတွက်ဘယ်လိုရည်မှန်းချက်အစီအစဉ်တွေနဲ့လုပ်ဆောင်နေသလဲဆိုတာသိခွင့်ရခဲ့ပါတယ်။ကျွန်တော်လည်းသူတို့ရဲ့ရည်မှန်းချက်ဖြစ်မြောက်လာဖို့ကူညီသွားပါမယ်”လို့ပြောကြားသွားပါတယ်။

အသက်၄၁နှစ်ရှိစတီဗင်ဂျရတ်ဟာ၂၀၁၈ခုနှစ်၊ဇွန်လတွင်ရိန်းဂျားကိုကိုင်တွယ်ပြီးနောက်ပြီးခဲ့တဲ့ရာသီတုန်းကစကော့တလန်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင် ဦးဆောင်ကာ၉နှစ်ကြာဆဲလ်တစ်ကြီးစိုးနေမှုကိုအဆုံးသတ်ပေးခဲ့သူဖြစ်ပါတယ်။

စတီဗင်ဂျရတ်ဟာရိန်းဂျားတွင်လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့လီဗာပူးကစားဖော်ဟောင်းဂယ်ရီမက်အလစ်စတာကိုလည်းဗီလာလက်ထောက်နည်းပြအဖြစ်တပါတည်းခေါ်ဆောင်လာခဲ့ပါတယ်။မက်အလစ်စတာဟာ၂၀၁၀-၁၁ရာသီတုန်းကဗီလာတွင်နည်းပြဂါရတ်ဟူလီယာရဲ့လက်ထောက်နည်းပြအဖြစ်ထမ်းဆောင်ခဲ့ဖူးရာဗီလာတွင်အလုပ်လုပ်ဖူးတဲ့အတွေ့အကြုံရှိသူလည်းဖြစ်ပါတယ်။

ဗီလာဟာပရီးမီးယားလိဂ်ပွဲစဉ်၁၁အပြီးမှာတန်းဆင်းဇုန်နှင့်၂မှတ်အကွာအဆင့်၁၆နေရာတွင်ရပ်တည်နေပါတယ်။စတီဗင်ဂျရတ်ဟာသူ့ရဲ့ပထမဆုံးဗီလာပွဲစဉ်အဖြစ်နိုဝင်ဘာလ၂၀ရက်နေ့ဘရိုက်တန်နှင့်ပွဲစဉ်ကိုကိုင်တွယ်သွားပါမယ်။

ZawGyi

ဗီလာနည္းျပသစ္အျဖစ္ စတီဗင္ဂ်ရတ္ကို ခန႔္အပ္လိုက္ၿပီ

စတီဗင္ဂ်ရတ္ဟာအက္စတြန္ဗီလာနည္းျပသစ္အျဖစ္သုံးႏွစ္ခြဲစာခ်ဳပ္ျဖင့္ခန႔္အပ္ျခင္းခံလိုက္ရၿပီျဖစ္ပါတယ္။ရိန္းဂ်ားနည္းျပရာထူးမွႏုတ္ထြက္လာခဲ့တဲ့လီဗာပူးဂႏၴဝင္ကစားသမားဟာၿပီးခဲ့တဲ့အပတ္တုန္းကငါးပြဲဆက္အရႈံးႏွင့္ရင္ဆိုင္ခဲ့ရတဲ့ထုတ္ပယ္ျခင္းခံခဲ့ရတဲ့ဒိန္းစမစ္ေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အက္စတြန္ဗီလာဟာစတီဗင္ဂ်ရတ္ကိုခန႔္အပ္ႏိုင္ရန္အတြက္ရိန္းဂ်ားအသင္းကိုစာခ်ဳပ္ေလ်ာ္ေၾကးေပါင္၃.၂၅သန္းမွေပါင္၄သန္းအတြင္းေပးခဲ့ရတယ္လို႔ယူဆရပါတယ္။

ဗီလာနည္းျပသစ္အျဖစ္ခန႔္အပ္ခံရၿပီးေနာက္ဂ်ရတ္က “ဗီလာကအဂၤလိပ္ေဘာလုံးေလာကမွအစဥ္အလာႀကီးမားတဲ့ကလပ္တစ္ခုပါ။ဒီလိုကလပ္ရဲ႕နည္းျပသစ္ျဖစ္လာလို႔ အရမ္းဂုဏ္ယူရပါတယ္။နက္စ္ဖ္၊ဝက္စ္နဲ႔အျခားဘုတ္အဖြဲ႕ဝင္ေတြနဲ႔ေဆြးေႏြးၿပီးခ်ိန္မွာသူတို႔ဟာဒီကလပ္အတြက္ဘယ္လိုရည္မွန္းခ်က္အစီအစဥ္ေတြနဲ႔လုပ္ေဆာင္ေနသလဲဆိုတာသိခြင့္ရခဲ့ပါတယ္။ကြၽန္ေတာ္လည္းသူတို႔ရဲ႕ရည္မွန္းခ်က္ျဖစ္ေျမာက္လာဖို႔ကူညီသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၄၁ႏွစ္ရွိစတီဗင္ဂ်ရတ္ဟာ၂၀၁၈ခုႏွစ္၊ဇြန္လတြင္ရိန္းဂ်ားကိုကိုင္တြယ္ၿပီးေနာက္ၿပီးခဲ့တဲ့ရာသီတုန္းကစေကာ့တလန္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ ဦးေဆာင္ကာ၉ႏွစ္ၾကာဆဲလ္တစ္ႀကီးစိုးေနမႈကိုအဆုံးသတ္ေပးခဲ့သူျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္ဟာရိန္းဂ်ားတြင္လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့တဲ့လီဗာပူးကစားေဖာ္ေဟာင္းဂယ္ရီမက္အလစ္စတာကိုလည္းဗီလာလက္ေထာက္နည္းျပအျဖစ္တပါတည္းေခၚေဆာင္လာခဲ့ပါတယ္။မက္အလစ္စတာဟာ၂၀၁၀-၁၁ရာသီတုန္းကဗီလာတြင္နည္းျပဂါရတ္ဟူလီယာရဲ႕လက္ေထာက္နည္းျပအျဖစ္ထမ္းေဆာင္ခဲ့ဖူးရာဗီလာတြင္အလုပ္လုပ္ဖူးတဲ့အေတြ႕အႀကဳံရွိသူလည္းျဖစ္ပါတယ္။

ဗီလာဟာပရီးမီးယားလိဂ္ပြဲစဥ္၁၁အၿပီးမွာတန္းဆင္းဇုန္ႏွင့္၂မွတ္အကြာအဆင့္၁၆ေနရာတြင္ရပ္တည္ေနပါတယ္။စတီဗင္ဂ်ရတ္ဟာသူ႔ရဲ႕ပထမဆုံးဗီလာပြဲစဥ္အျဖစ္ႏိုဝင္ဘာလ၂၀ရက္ေန႔ဘ႐ိုက္တန္ႏွင့္ပြဲစဥ္ကိုကိုင္တြယ္သြားပါမယ္။