
ခရစ္စတီယာနိုရော်နယ်ဒိုမှာဖျားနာနေမှုကြောင့်မနေ့ညတုန်းကဗီလာကိုအနိုင်ရရှိတဲ့ခါရာဘောင်ဖလားပွဲစဉ်တွင်မပါဝင်နိုင်ခြင်းဖြစ်ကြောင်းယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကဖွင့်ဟလာပါတယ်။
အသက်၃၈နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကဗီလာကို၄-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ယူနိုက်တက်ပွဲထွက်လူစာရင်းတွင်သာမကအရန်စာရင်းထဲတွင်လည်းပါဝင်ခဲ့ခြင်းမရှိပါဘူး။
အဲရစ်တန်ဟက်က “နေမကောင်းဖြစ်နေတာ။ဒီတော့မကစားနိုင်ဘူး။(ဖူလ်ဟမ်)ကစားလာနိုင်မလားဆိုတာပြောဖို့ခက်တယ်။သူပြန်ကောင်းလာမလားကြည့်ရဦးမယ်”လို့ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီနောက်ဆုံးပွဲအဖြစ်တနင်္ဂနွေနေ့တွင်ဖူလ်ဟမ်နှင့်ရင်ဆိုင်ရပါမယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီအသင်းရဲ့ကမ္ဘာ့ဖလားလူစာရင်းတွင် ယူနိုက်တက်ကစားဖော်များဖြစ်ကြတဲ့ဘရူနိုဖာနန်ဒက်စ်၊ဒါလော့တို့နှင့်အတူ ပါဝင်နေပါတယ်။
ယူနိုက်တက်ဟာမနေ့ညတုန်းကဗီလာနှင့်ပွဲတွင်နောက်ကလိုက်ကစားခဲ့ရပေမဲ့လည်း၄-၂ဖြင့်အနိုင်ရရှိကာခါရာဘောင်ဖလားစတုတ္ထအဆင့်သို့တက်လှမ်းနိုင်ပါတယ်။ယူနိုက်တက်ဟာခါရာဘောင်ဖလားစတုတ္ထအဆင့်တွင် ကွန်ပနီရဲ့ဘန်လေနှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
ဗီလာႏိုင္ပြဲတြင္ ခရစၥတီယာႏိုေရာ္နယ္ဒို ဘာေၾကာင့္ မပါဝင္သလဲ အဲရစ္တန္ဟက္ဖြင့္ဟလာ
ခရစၥတီယာႏိုေရာ္နယ္ဒိုမွာဖ်ားနာေနမႈေၾကာင့္မေန႔ညတုန္းကဗီလာကိုအႏိုင္ရရွိတဲ့ခါရာေဘာင္ဖလားပြဲစဥ္တြင္မပါဝင္ႏိုင္ျခင္းျဖစ္ေၾကာင္းယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ကဖြင့္ဟလာပါတယ္။
အသက္၃၈ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကဗီလာကို၄-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ယူႏိုက္တက္ပြဲထြက္လူစာရင္းတြင္သာမကအရန္စာရင္းထဲတြင္လည္းပါဝင္ခဲ့ျခင္းမရွိပါဘူး။
အဲရစ္တန္ဟက္က “ေနမေကာင္းျဖစ္ေနတာ။ဒီေတာ့မကစားႏိုင္ဘူး။(ဖူလ္ဟမ္)ကစားလာႏိုင္မလားဆိုတာေျပာဖို႔ခက္တယ္။သူျပန္ေကာင္းလာမလားၾကည့္ရဦးမယ္”လို႔ေျပာၾကားသြားပါတယ္။
ယူႏိုက္တက္ဟာကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီေနာက္ဆုံးပြဲအျဖစ္တနဂၤေႏြေန႔တြင္ဖူလ္ဟမ္ႏွင့္ရင္ဆိုင္ရပါမယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီအသင္းရဲ႕ကမာၻ႔ဖလားလူစာရင္းတြင္ ယူႏိုက္တက္ကစားေဖာ္မ်ားျဖစ္ၾကတဲ့ဘ႐ူႏိုဖာနန္ဒက္စ္၊ဒါေလာ့တို႔ႏွင့္အတူ ပါဝင္ေနပါတယ္။
ယူႏိုက္တက္ဟာမေန႔ညတုန္းကဗီလာႏွင့္ပြဲတြင္ေနာက္ကလိုက္ကစားခဲ့ရေပမဲ့လည္း၄-၂ျဖင့္အႏိုင္ရရွိကာခါရာေဘာင္ဖလားစတုတၳအဆင့္သို႔တက္လွမ္းႏိုင္ပါတယ္။ယူႏိုက္တက္ဟာခါရာေဘာင္ဖလားစတုတၳအဆင့္တြင္ ကြန္ပနီရဲ႕ဘန္ေလႏွင့္ရင္ဆိုင္ကစားရပါမယ္။