ဗီလာနဲ့ပွဲမှာ လုခ်ရှောကို ဟန်ဆောင်ဒိုင်ဗင်ထိုးဖို့ပြောခဲ့တဲ့ ပေါလ်ပေါ့ဘာ

ပေါလ်ပေါ့ဘာဟာမနေ့ညတုန်းကဗီလာကို၂-၁ဂိုးနဲ့အနိုင်ရတဲ့ပွဲစဉ်မှာကစားဖော်လုခ်ရှောကိုဟန်ဆောင်ဒိုင်ဗင်ထိုးဖို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။

မန်ယူနှင့်ဗီလာတစ်ဂိုးစီသရေကျနေတဲ့ဒုတိယပိုင်းမှာလုခ်ရှောဟာပင်နယ်တီဧရိယာအတွင်းသို့ပြေးဝင်ခဲ့ရာမှာဗီလာနောက်ခံလူမက်တီကက်ရှ်ကလမ်းကြောင်းပိတ်တားဆီးခဲ့ပါတယ်။ဘောလုံးကိုလုခ်ရှောကထိခဲ့ကာဂိုးလွန်ဘောဖြစ်သွားပါတယ်။

ဒါပေမယ့်ယင်းအချိန်မှာပေါလ်ပေါ့ဘာကဘယ်နောက်ခံလူကိုဒိုင်ဗင်ထိုးဟန်လုပ်ပြခဲ့ပြီးဟန်ဆောင်ဒိုင်ဗင်ထိုးသင့် ကြောင်းပြောကြားခဲ့ပါတယ်။

ယင်းနောက်မကြာတဲ့အချိန်မှာဘဲပေါလ်ပေါ့ဘာဟာဒေါက်ကလပ်လုဇ်ရဲ့ဖျက်ထုတ်မှုကနေပင်နယ်တီရရှိခဲ့ပါတယ်။ပွဲကြည့်ပရိသတ်များကပေါ့ဘာဟာပင်နယ်တီရရှိအောင်တမင်လုပ်ဆောင်ခဲ့တယ်လို့ယုံကြည်နေကြပါတယ်။

ယင်းပင်နယ်တီကိုဖာနန်ဒက်စ်ကကန်သွင်းကာမန်ယူအတွက်၂-၁ဂိုးဖြင့်အနိုင်ရရှိအောင်စွမ်းဆောင်ပေးခဲ့ပါတယ်။

မန်ယူဟာဗီလာနိုင်ပွဲကြောင့်လီဗာပူးနဲ့ရမှတ်တူပွဲအရေအတွက်တူကာဇယားထိပ်မှာအတူတူရပ်တည်ထားနိုင်ပါတယ်။

ZawGyi






