
ချဲလ်ဆီးတိုက်စစ်မှူးအာမန်ဒိုဘရိုဂျာဟာမနေ့ညတုန်းကဗီလာနှင့်ခြေစမ်းပွဲစဉ်တွင်ဒူးဒဏ်ရာရရှိခဲ့ပါတယ်။
အသက်၂၁နှစ်ရှိအယ်ဘေးနီးယားတိုက်စစ်မှူးဟာအဘူဒါဘီတွင်ကစားတဲ့ဗီလာနှင့်ခြေစမ်းပွဲတွင်ဗီလာနောက်ခံလူအီဇီကွန်ဆာနှင့်မတော်တဆထိမိကာညာဒူးဒဏ်ရာရရှိပြီးကွင်းမြက်ခင်းတွင်လူးလိမ့်နေခဲ့ပါတယ်။
ဘရိုဂျာဟာဒူးဒဏ်ရာကြောင့်ကွင်းပြင်သို့လူနာတင်ယာဉ်ငယ်ဖြင့်ထွက်ခွာခဲ့ရပါတယ်။
ဘရိုဂျာဟာယခုရာသီတွင်ချဲလ်ဆီးအတွက်ပရီးမီးယားလိဂ်ပွဲ၁၂ပွဲကစားခွင့်ရထားသူဖြစ်ပြီး၁၀ပွဲကိုအရန်အဖြစ်ကစားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးဟာကမ္ဘာ့ဖလားမတိုင်မီသုံးပွဲဆက်အရှုံးနှင့်ရင်ဆိုင်ကစားရပါတယ်။၎င်းတို့ဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးဒီဇင်ဘာလ၂၇ရက်နေ့မှာဘုန်းမောက်ကိုဧည့်ခံကစားရပါမယ်။
ZawGyi
ဗီလာနှင့်ခြေစမ်းပွဲတွင် ချဲလ်ဆီးတိုက်စစ်မှူးဘရိုဂျာ ဒူးဒဏ်ရာရရှိ