ဗီလာနှင့်ပွဲစဉ်မှ အက်ဇ်ပီလီကူတာရဲ့အနီကတ်ကို ချဲလ်ဆီးရဲ့အယူခံဝင်မှုအောင်မြင်

ချဲလ်ဆီးဟာပြီးခဲ့တဲ့အပတ်တုန်းကဆီဇာအက်ဇ်ပီလီကူတာရဲ့အနီကတ်အားအယူခံဝင်ခဲ့ရာအောင်မြင်မှုရရှိခဲ့ကြောင်းသိရပါတယ်။

စပိန်နောက်ခံလူဟာပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်မှာဗီလာအသင်းခေါင်းဆောင်ဂျက်ဂရဲလ်လစ်ရှ်အားကြမ်းတမ်းစွာကစားမှုအတွက်ဒိုင်လူကြီးစတူးအပ်အက်ဝဲလ်ရဲ့အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပွဲချိန်၈၉မိနစ်တွင်အသက်၂၅နှစ်ရှိဂျက်ဂရဲလ်လစ်ရှ်ဟာချဲလ်ဆီးအသင်းခေါင်းဆောင်နှင့်ဘောလုံးယှဉ်လုခဲ့ရာမှလဲကျခဲ့ပါတယ်။လဲကျရာမှာအက်ဇ်ပီလီကူကအပေါ်တွင်ရှိနေခဲ့ပြီးဂျက်ဂရဲလ်လစ်ရှ်ရဲ့မျက်နှာကိုရိုက်ခဲ့ကြောင်းတွေ့ရပါတယ်။

ယခုအခါမှာတော့အသက်၃၁နှစ်ရှိအက်ဇ်ပီလီကူတာဟာအနီကတ်အယူခံအောင်မြင်သွားမှုနဲ့အတူလာမယ့်ရာသီအစပွဲစဉ်ကိုလွဲချော်တော့မှာမဟုတ်ပါဘူး။

ZawGyi

ဗီလာႏွင့္ပြဲစဥ္မွ အက္ဇ္ပီလီကူတာရဲ႕အနီကတ္ကို ခ်ဲလ္ဆီးရဲ႕အယူခံဝင္မႈေအာင္ျမင္

ခ်ဲလ္ဆီးဟာၿပီးခဲ့တဲ့အပတ္တုန္းကဆီဇာအက္ဇ္ပီလီကူတာရဲ႕အနီကတ္အားအယူခံဝင္ခဲ့ရာေအာင္ျမင္မႈရရွိခဲ့ေၾကာင္းသိရပါတယ္။

စပိန္ေနာက္ခံလူဟာပရီးမီးယားလိဂ္ရာသီသိမ္းပြဲစဥ္မွာဗီလာအသင္းေခါင္းေဆာင္ဂ်က္ဂရဲလ္လစ္ရွ္အားၾကမ္းတမ္းစြာကစားမႈအတြက္ဒိုင္လူႀကီးစတူးအပ္အက္ဝဲလ္ရဲ႕အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ပြဲခ်ိန္၈၉မိနစ္တြင္အသက္၂၅ႏွစ္ရွိဂ်က္ဂရဲလ္လစ္ရွ္ဟာခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ႏွင့္ေဘာလုံးယွဥ္လုခဲ့ရာမွလဲက်ခဲ့ပါတယ္။လဲက်ရာမွာအက္ဇ္ပီလီကူကအေပၚတြင္ရွိေနခဲ့ၿပီးဂ်က္ဂရဲလ္လစ္ရွ္ရဲ႕မ်က္ႏွာကို႐ိုက္ခဲ့ေၾကာင္းေတြ႕ရပါတယ္။

ယခုအခါမွာေတာ့အသက္၃၁ႏွစ္ရွိအက္ဇ္ပီလီကူတာဟာအနီကတ္အယူခံေအာင္ျမင္သြားမႈနဲ႔အတူလာမယ့္ရာသီအစပြဲစဥ္ကိုလြဲေခ်ာ္ေတာ့မွာမဟုတ္ပါဘူး။