ဗီလာနှင့်ပွဲစဉ်မှ အာကာသရောက် ပင်နယ်တီဂိုးအတွက် ပရိသတ်များကို မန်ယူစတားတောင်းပန်

ဘရူနိုဖာနန်ဒက်စ်ကအက်စတွန်ဗီလာနှင့်ပွဲစဉ်မှနောက်ဆုံးမိနစ်ပင်နယ်တီလွဲချော်မှုမှအတောင့်တင်းဆုံးပုံစံဖြင့်ပြန်လာမှာဖြစ်ကြောင်းကြုံးဝါးပြောကြားလိုက်ပါတယ်။

အသက်၂၇နှစ်ရှိပေါ်တူဂီစတားဟာဗီလာအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်၉၂မိနစ်မှာရရှိတဲ့ပင်နယ်တီကိုကန်ခဲ့ရာမှာအပေါ်ထောင်ကန်ခဲ့မှုကြောင့်သရေတစ်မှတ်ရရှိမယ့်အခွင့်အရေးလွဲချော်ခဲ့ပါတယ်။

အဆိုပါဘရူနိုဖာနန်ဒက်စ်အတွက်မန်ယူအတွက်ကစားသမားဘဝတွင်ဒုတိယမြောက်မဝင်တဲ့ပင်နယ်တီဖြစ်ပြီးကစားသမားဘဝတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်ဂိုးပေါက်မတည့်ဘဲ လွဲခဲ့တဲ့ပင်နယ်တီလည်းဖြစ်ပါတယ်။

ယခုအခါဘရူနိုဖာနန်ဒက်စ်ဟာသူ့ကြောင့်အဖိုးတန်သရေတစ်မှတ်လက်လွှတ်ခဲ့ရမှုအပေါ် မန်ယူပရိသတ်များအားတောင်းပန်မှုပြုလုပ်လာပြီဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က၎င်းမှာပင်နယ်တီလွဲမှု၊ရှုံးပွဲကြုံရမှုအတွက်အားလုံးပိုပြီးစိတ်ပျက်ကြောင်း၊နောက်တွင်လည်းကြောက်လန့်ခြင်းကင်းစွာပင်နယ်တီများဆက်ကန်သွားမည်ဖြစ်ကြောင်း၊ကလပ်နဲ့ကစားဖော်များအတွက်အစွမ်းကုန်ကြိုးပမ်းသွားဦးမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ZawGyi

ဗီလာႏွင့္ပြဲစဥ္မွ အာကာသေရာက္ ပင္နယ္တီဂိုးအတြက္ ပရိသတ္မ်ားကို မန္ယူစတားေတာင္းပန္

ဘ႐ူႏိုဖာနန္ဒက္စ္ကအက္စတြန္ဗီလာႏွင့္ပြဲစဥ္မွေနာက္ဆုံးမိနစ္ပင္နယ္တီလြဲေခ်ာ္မႈမွအေတာင့္တင္းဆုံးပုံစံျဖင့္ျပန္လာမွာျဖစ္ေၾကာင္းႀကဳံးဝါးေျပာၾကားလိုက္ပါတယ္။

အသက္၂၇ႏွစ္ရွိေပၚတူဂီစတားဟာဗီလာအား၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္၉၂မိနစ္မွာရရွိတဲ့ပင္နယ္တီကိုကန္ခဲ့ရာမွာအေပၚေထာင္ကန္ခဲ့မႈေၾကာင့္သေရတစ္မွတ္ရရွိမယ့္အခြင့္အေရးလြဲေခ်ာ္ခဲ့ပါတယ္။

အဆိုပါဘ႐ူႏိုဖာနန္ဒက္စ္အတြက္မန္ယူအတြက္ကစားသမားဘဝတြင္ဒုတိယေျမာက္မဝင္တဲ့ပင္နယ္တီျဖစ္ၿပီးကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံးအႀကိမ္အျဖစ္ဂိုးေပါက္မတည့္ဘဲ လြဲခဲ့တဲ့ပင္နယ္တီလည္းျဖစ္ပါတယ္။

ယခုအခါဘ႐ူႏိုဖာနန္ဒက္စ္ဟာသူ႔ေၾကာင့္အဖိုးတန္သေရတစ္မွတ္လက္လႊတ္ခဲ့ရမႈအေပၚ မန္ယူပရိသတ္မ်ားအားေတာင္းပန္မႈျပဳလုပ္လာၿပီျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္က၎မွာပင္နယ္တီလြဲမႈ၊ရႈံးပြဲႀကဳံရမႈအတြက္အားလုံးပိုၿပီးစိတ္ပ်က္ေၾကာင္း၊ေနာက္တြင္လည္းေၾကာက္လန႔္ျခင္းကင္းစြာပင္နယ္တီမ်ားဆက္ကန္သြားမည္ျဖစ္ေၾကာင္း၊ကလပ္နဲ႔ကစားေဖာ္မ်ားအတြက္အစြမ္းကုန္ႀကိဳးပမ္းသြားဦးမည္ျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။