ဗီလာနှင့်ပွဲတွင် ပင်နယ်တီလွဲခဲ့ပြီးနောက် ဘယ်သူ့ကို ပင်နယ်တီကန်ခွင့်ပေးထားသလဲ ဖွင့်ဟလာတဲ့ ဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ကဗုဒ္ဓဟူးနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ဗီလာရီးရဲလ်အားအနိုင်ရရှိတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ပင်နယ်တီဦးစားပေးကန်သူအဖြစ်သူကိုယ်တိုင်ပင်ဆက်လက် ရွေးချယ်ခြင်းခံခဲ့ရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ချန်ပီယံလိဂ်ပွဲမတိုင်မီ ဘရူနိုဖာနန်ဒက်စ်ဟာအက်စတွန်ဗီလာအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲရဲ့နာကျင်အချိန်ပိုတွင်ပင်နယ်တီကန်ခဲ့ရာအပေါ်ထောင်သွားခဲ့သူလည်းဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာမန်ယူသို့ရောက်လာပြီးနောက်ဒုတိယမြောက်ပင်နယ်တီမဝင်ခဲ့တာဖြစ်ပြီးကစားသမားဘဝတွင်ပထမဆုံးအကြိမ်အဖြစ်ပင်နယ်တီကန်ရာတွင်ဂိုးပေါက်လွဲခဲ့မှုလည်းဖြစ်ပါတယ်။

သူဟာပင်နယ်တီလွဲခဲ့မှုအတွက်ပရိသတ်များကိုတောင်းပန်မှုပြုလုပ်ခဲ့ပြီးမန်ယူပရိသတ်များကမန်ယူရဲ့ပင်နယ်တီကန်သူအဖြစ် ခရစ္စတီယာနိုရော်နယ်ဒိုကိုရွေးချယ်လိုက်ပြီလို့ယူဆခဲ့ကြပါတယ်။

ဒါပေမယ့်မန်ယူနည်းပြဆိုးလ်ရှားဟာဗီလာရီးရဲလ်အားအနိုင်ရရှိတဲ့ပွဲစဉ်တွင်လည်းပင်နယ်တီဦးစားပေးကန်သူအဖြစ်ဘရူနိုဖာနန်ဒက်စ်ကိုဆက်လက်ရွေးချယ်ခဲ့ပါတယ်။

ဖာနန်ဒက်စ်က “ပင်နယ်တီကန်ဖို့ကျွန်တော်ဘဲရွေးခံခဲ့ရပါတယ်။ဒါပေမယ့်ကျွန်တော်တို့ ပင်နယ်တီမရခဲ့ပါဘူး။ပွဲမတိုင်ခင်ပင်နယ်တီရရင်ဘယ်သူကန်မယ်ဆိုတာမန်နေဂျာကဘဲ ဆုံးဖြတ်ပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာကစားသမားဘဝတစ်လျှောက်ပင်နယ်တီ၄၆ကြိမ်ကန်ရာတွင်၄ကြိမ်သာလွဲထားပြီး၉၁ရာခိုင်နှုန်းအောင်မြင်ထားပါတယ်။ရော်နယ်ဒိုကပင်နယ်တီ၁၆၇ကြိမ်ကန်ထားရာမှာ၁၃၉ဂိုးဝင်ပြီး၈၃ရာခိုင်နှုန်းသာအောင်မြင်ထားပါတယ်။

ZawGyi

ဗီလာႏွင့္ပြဲတြင္ ပင္နယ္တီလြဲခဲ့ၿပီးေနာက္ ဘယ္သူ႔ကို ပင္နယ္တီကန္ခြင့္ေပးထားသလဲ ဖြင့္ဟလာတဲ့ ဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ကဗုဒၶဟူးေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ဗီလာရီးရဲလ္အားအႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ပင္နယ္တီဦးစားေပးကန္သူအျဖစ္သူကိုယ္တိုင္ပင္ဆက္လက္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ခ်န္ပီယံလိဂ္ပြဲမတိုင္မီ ဘ႐ူႏိုဖာနန္ဒက္စ္ဟာအက္စတြန္ဗီလာအား၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲရဲ႕နာက်င္အခ်ိန္ပိုတြင္ပင္နယ္တီကန္ခဲ့ရာအေပၚေထာင္သြားခဲ့သူလည္းျဖစ္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ကစားသမားဟာမန္ယူသို႔ေရာက္လာၿပီးေနာက္ဒုတိယေျမာက္ပင္နယ္တီမဝင္ခဲ့တာျဖစ္ၿပီးကစားသမားဘဝတြင္ပထမဆုံးအႀကိမ္အျဖစ္ပင္နယ္တီကန္ရာတြင္ဂိုးေပါက္လြဲခဲ့မႈလည္းျဖစ္ပါတယ္။

သူဟာပင္နယ္တီလြဲခဲ့မႈအတြက္ပရိသတ္မ်ားကိုေတာင္းပန္မႈျပဳလုပ္ခဲ့ၿပီးမန္ယူပရိသတ္မ်ားကမန္ယူရဲ႕ပင္နယ္တီကန္သူအျဖစ္ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေ႐ြးခ်ယ္လိုက္ၿပီလို႔ယူဆခဲ့ၾကပါတယ္။

ဒါေပမယ့္မန္ယူနည္းျပဆိုးလ္ရွားဟာဗီလာရီးရဲလ္အားအႏိုင္ရရွိတဲ့ပြဲစဥ္တြင္လည္းပင္နယ္တီဦးစားေပးကန္သူအျဖစ္ဘ႐ူႏိုဖာနန္ဒက္စ္ကိုဆက္လက္ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဖာနန္ဒက္စ္က “ပင္နယ္တီကန္ဖို႔ကြၽန္ေတာ္ဘဲေ႐ြးခံခဲ့ရပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ ပင္နယ္တီမရခဲ့ပါဘူး။ပြဲမတိုင္ခင္ပင္နယ္တီရရင္ဘယ္သူကန္မယ္ဆိုတာမန္ေနဂ်ာကဘဲ ဆုံးျဖတ္ပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာကစားသမားဘဝတစ္ေလွ်ာက္ပင္နယ္တီ၄၆ႀကိမ္ကန္ရာတြင္၄ႀကိမ္သာလြဲထားၿပီး၉၁ရာခိုင္ႏႈန္းေအာင္ျမင္ထားပါတယ္။ေရာ္နယ္ဒိုကပင္နယ္တီ၁၆၇ႀကိမ္ကန္ထားရာမွာ၁၃၉ဂိုးဝင္ၿပီး၈၃ရာခိုင္ႏႈန္းသာေအာင္ျမင္ထားပါတယ္။