ဗီလာနှင့်ပွဲတွင် အိုလီဂန်းနားဆိုးလ်ရှားရဲ့အမိန့်ကို ငြင်းဆန်သူပုန်ထခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ယူနှင့်ဗီလာပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုမှာပင်နယ်တီကန်ရန်ဦးစားပေးကစားသမားအဖြစ်ရွေးချယ်ခြင်းခံထားရခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါပေမယ့်ဘရူနိုဖာနန်ဒက်စ်ဟာနည်းပြအိုလီဂန်းနားဆိုးလ်ရှားရဲ့အမိန့်ကိုငြင်းဆန်ကာပင်နယ်တီကန်ခဲ့ပါတယ်။

မန်ယူဟာဗီလာနှင့်ပွဲစဉ်တွင်နာကျင်အချိန်ပိုမှာပင်နယ်တီရရှိခဲ့ပါတယ်။ယင်းဘရူနိုဖာနန်ဒက်စ်ကန်သွင်းခဲ့ရာမှာအပေါ်သို့အံ့ဩစရာကောင်းလောက်အောင်ထောင်သွားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်ဖန်တီးရှင်ဟာကစားသမားဘဝတစ်လျှောက်မှာပထမဆုံးအကြိမ်အဖြစ်ပင်နယ်တီဂိုးပေါက်မတည့်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာပင်နယ်တီလွဲချော်ပြီးနောက်နောက်တစ်နေ့တွင်စာရှည်ကြီးရေးသားကာပရိသတ်များကိုတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်ယနေ့ထွက်ပေါ်လာတဲ့သတင်းအရအိုလီဂန်းနားဆိုးလ်ရှားဟာဗီလာနှင့်ပွဲမတိုင်မီတုန်းကပင်နယ်တီရရှိလျှင်ခရစ္စတီယာနိုရော်နယ်ဒိုကိုဦးစားပေးပင်နယ်တီကန်သွင်းသူအဖြစ်ရွေးချယ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ဗီလာနှင့်ပွဲအပြီးတွင်နည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာလည်းဘယ်သူ့ကိုဦးစားပေးပင်နယ်တီကန်သွင်းသူအဖြစ်ရွေးချယ်ထားသလဲဆိုတာပြောကြားရန်ငြင်းခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီအသင်းတွင်လည်းဦးစားပေးပင်နယ်တီကန်သူဖြစ်ပြီးအင်္ဂါနေ့တုန်းကလူဇင်ဘတ်အား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှပင်နယ်တီနှစ်ကြိမ်ကန်သွင်းပြီးဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ပင်နယ်တီကန်သွင်းမှုရာခိုင်နှုန်းတွင်မူဘရူနိုဖာနန်ဒက်စ်ကရော်နယ်ဒိုထက်ပိုကောင်းပါတယ်။ဘရူနိုဖာနန်ဒက်စ်ဟာပင်နယ်တီ၄၆ကြိမ်ကန်သွင်းရာမှာလေးကြိမ်တည်းသာလွဲပြီး၉၁ရာခိုင်နှုန်းအောင်မြင်ထားပါတယ်။ရော်နယ်ဒိုကတော့ပင်နယ်တီ၁၆၇ကြိမ်ကန်ရာမှာ၁၃၉ဂိုးဝင်ထားပါတယ်။

ZawGyi

ဗီလာႏွင့္ပြဲတြင္ အိုလီဂန္းနားဆိုးလ္ရွားရဲ႕အမိန႔္ကို ျငင္းဆန္သူပုန္ထခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

မန္ယူႏွင့္ဗီလာပြဲစဥ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုမွာပင္နယ္တီကန္ရန္ဦးစားေပးကစားသမားအျဖစ္ေ႐ြးခ်ယ္ျခင္းခံထားရျခင္းျဖစ္ေၾကာင္းသိရပါတယ္။ဒါေပမယ့္ဘ႐ူႏိုဖာနန္ဒက္စ္ဟာနည္းျပအိုလီဂန္းနားဆိုးလ္ရွားရဲ႕အမိန႔္ကိုျငင္းဆန္ကာပင္နယ္တီကန္ခဲ့ပါတယ္။

မန္ယူဟာဗီလာႏွင့္ပြဲစဥ္တြင္နာက်င္အခ်ိန္ပိုမွာပင္နယ္တီရရွိခဲ့ပါတယ္။ယင္းဘ႐ူႏိုဖာနန္ဒက္စ္ကန္သြင္းခဲ့ရာမွာအေပၚသို႔အံ့ဩစရာေကာင္းေလာက္ေအာင္ေထာင္သြားခဲ့ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ကြင္းလယ္ဖန္တီးရွင္ဟာကစားသမားဘဝတစ္ေလွ်ာက္မွာပထမဆုံးအႀကိမ္အျဖစ္ပင္နယ္တီဂိုးေပါက္မတည့္ခဲ့တာလည္းျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာပင္နယ္တီလြဲေခ်ာ္ၿပီးေနာက္ေနာက္တစ္ေန႔တြင္စာရွည္ႀကီးေရးသားကာပရိသတ္မ်ားကိုေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ယေန႔ထြက္ေပၚလာတဲ့သတင္းအရအိုလီဂန္းနားဆိုးလ္ရွားဟာဗီလာႏွင့္ပြဲမတိုင္မီတုန္းကပင္နယ္တီရရွိလွ်င္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုဦးစားေပးပင္နယ္တီကန္သြင္းသူအျဖစ္ေ႐ြးခ်ယ္ထားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ဗီလာႏွင့္ပြဲအၿပီးတြင္နည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာလည္းဘယ္သူ႔ကိုဦးစားေပးပင္နယ္တီကန္သြင္းသူအျဖစ္ေ႐ြးခ်ယ္ထားသလဲဆိုတာေျပာၾကားရန္ျငင္းခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီအသင္းတြင္လည္းဦးစားေပးပင္နယ္တီကန္သူျဖစ္ၿပီးအဂၤါေန႔တုန္းကလူဇင္ဘတ္အား၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွပင္နယ္တီႏွစ္ႀကိမ္ကန္သြင္းၿပီးဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။

ပင္နယ္တီကန္သြင္းမႈရာခိုင္ႏႈန္းတြင္မူဘ႐ူႏိုဖာနန္ဒက္စ္ကေရာ္နယ္ဒိုထက္ပိုေကာင္းပါတယ္။ဘ႐ူႏိုဖာနန္ဒက္စ္ဟာပင္နယ္တီ၄၆ႀကိမ္ကန္သြင္းရာမွာေလးႀကိမ္တည္းသာလြဲၿပီး၉၁ရာခိုင္ႏႈန္းေအာင္ျမင္ထားပါတယ္။ေရာ္နယ္ဒိုကေတာ့ပင္နယ္တီ၁၆၇ႀကိမ္ကန္ရာမွာ၁၃၉ဂိုးဝင္ထားပါတယ္။