ဗီလာနှင့်ပွဲမှာ မန်စီးတီးအနိုင်ဂိုးကို အငြင်းပွားစရာခွင့်ပြုလိုက်ပြန်တဲ့ VAR

မန်စီးတီးကဗီလာကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာVARနဲ့ပတ်သက်ပြီးအငြင်းပွားစရာများသထက်များပြားလာခဲ့ပြီဖြစ် ပါတယ်။

ယင်းပွဲစဉ်မှာဘာနတ်ဒိုဆေးလ်ဗားကပွဲချိန်၇၈မိနစ်မှာလှပတဲ့ဂိုးသွင်းယူလိုက်ပြီးတဲ့နောက်ဗီလာကစားသမားများကချက်ချင်းပင်ယင်းဂိုးကိုကန့်ကွက်ခဲ့ကြပါတယ်။

ဆေးလ်ဗားရဲ့ဂိုးဖြစ်လာဖို့တည်ဆောက်ချိန်မှာရိုဒရီဟာလူကျွံဘောအနေအထားမှာရှိနေခဲ့ပြီးလူကျွံဘောအနေအထားမှာဗီလာနောက်ခံလူခြေထောက်ထဲမှာဘောလုံးကိုလုယူကာဆေးလ်ဗားထံသို့ပေးပို့လိုက်တာဖြစ်ပါတယ်။ဘာနတ်ဒိုဆေးလ်ဗားကယင်းဘောလုံးကနေတဆင့်ပင်နယ်တီဧရိယာအပြင်ကနေထောင့်ကျဉ်းထဲသို့အပြင်းကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ရိုဒရီကလူကျွံဘောအနေအထားမှရောက်လာကာဘောလုံးကိုလုယူစဉ်ကတည်းကဒိုင်လူကြီးကလူကျွံဘောသတ် မှတ်ကာပွဲကိုရပ်ရမှာဖြစ်ပါတယ်။ဒါပေမယ့်VAR ကဘောလုံးကိုဗီလာနောက်ခံလူမင်ထိတွေ့ခဲ့တယ်ဆိုပြီးဂိုးကိုခွင့် ပြုခဲ့တာလည်းဖြစ်ပါတယ်။

ဗီလာနည်းပြဒိန်းစမစ်ဟာယင်းဂိုးကိုကန့်ကွက်မှုအတွက်ဒိုင်လူကြီးဂျွန်မော့စ်ရဲ့အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

မန်စီးတီးဟာနာကျင်အချိန်ပိုမှာပင်နယ်တီထပ်မံရရှိခဲ့ပြီးဂန်ဒိုဂန်ကအပိုင်ကန်ကာဒုတိယအနိုင်ဂိုးရရှိခဲ့ပါတယ်။

ZawGyi

ဗီလာႏွင့္ပြဲမွာ မန္စီးတီးအႏိုင္ဂိုးကို အျငင္းပြားစရာခြင့္ျပဳလိုက္ျပန္တဲ့ VAR

မန္စီးတီးကဗီလာကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာVARနဲ႔ပတ္သက္ၿပီးအျငင္းပြားစရာမ်ားသထက္မ်ားျပားလာခဲ့ၿပီျဖစ္ ပါတယ္။

ယင္းပြဲစဥ္မွာဘာနတ္ဒိုေဆးလ္ဗားကပြဲခ်ိန္၇၈မိနစ္မွာလွပတဲ့ဂိုးသြင္းယူလိုက္ၿပီးတဲ့ေနာက္ဗီလာကစားသမားမ်ားကခ်က္ခ်င္းပင္ယင္းဂိုးကိုကန႔္ကြက္ခဲ့ၾကပါတယ္။

ေဆးလ္ဗားရဲ႕ဂိုးျဖစ္လာဖို႔တည္ေဆာက္ခ်ိန္မွာ႐ိုဒရီဟာလူကြၽံေဘာအေနအထားမွာရွိေနခဲ့ၿပီးလူကြၽံေဘာအေနအထားမွာဗီလာေနာက္ခံလူေျခေထာက္ထဲမွာေဘာလုံးကိုလုယူကာေဆးလ္ဗားထံသို႔ေပးပို႔လိုက္တာျဖစ္ပါတယ္။ဘာနတ္ဒိုေဆးလ္ဗားကယင္းေဘာလုံးကေနတဆင့္ပင္နယ္တီဧရိယာအျပင္ကေနေထာင့္က်ဥ္းထဲသို႔အျပင္းကန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။

႐ိုဒရီကလူကြၽံေဘာအေနအထားမွေရာက္လာကာေဘာလုံးကိုလုယူစဥ္ကတည္းကဒိုင္လူႀကီးကလူကြၽံေဘာသတ္ မွတ္ကာပြဲကိုရပ္ရမွာျဖစ္ပါတယ္။ဒါေပမယ့္VAR ကေဘာလုံးကိုဗီလာေနာက္ခံလူမင္ထိေတြ႕ခဲ့တယ္ဆိုၿပီးဂိုးကိုခြင့္ ျပဳခဲ့တာလည္းျဖစ္ပါတယ္။

ဗီလာနည္းျပဒိန္းစမစ္ဟာယင္းဂိုးကိုကန႔္ကြက္မႈအတြက္ဒိုင္လူႀကီးဂြၽန္ေမာ့စ္ရဲ႕အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

မန္စီးတီးဟာနာက်င္အခ်ိန္ပိုမွာပင္နယ္တီထပ္မံရရွိခဲ့ၿပီးဂန္ဒိုဂန္ကအပိုင္ကန္ကာဒုတိယအႏိုင္ဂိုးရရွိခဲ့ပါတယ္။