ဗီလာနှင့်ပွဲ အစီအစဉ်အတိုင်း ကစားဖြစ်လာရန် မော်ရင်ဟို မျှော်လင့်နေ

ဟိုဆေးမော်ရင်ဟိုကလာမယ့်ဗုဒ္ဓဟူးနေ့တွင်ကစားရမယ့်ဗီလာနှင့်ပွဲစဉ်မှာသတ်မှတ်ထားတဲ့အတိုင်ကစားရရန် မျှော်လင့်ကြောင်းပြောကြားလိုက်ပါတယ်။

ဗီလာအသင်းတွင်ကိုဗစ်ကူးစက်မှုများရှိနေမှုကြောင့်သောကြာနေ့တုန်းကလီဗာပူးအား၄-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့အက်ဖ် အေဖလားတတိယအဆင့်ပွဲစဉ်အားယူ-၂၃အသင်းဖြင့်ရင်ဆိုင်ခဲ့ရပါတယ်။

စပါးစ်အသင်းဟာဗီလာနှင့်ပွဲစဉ်ကိုရွှေ့ဆိုင်းရမယ်ဆိုပါကနောင်တွင်ပွဲကြပ်များစွာရှိလာနိုင်မှုကြောင့်ရွှေ့ဆိုင်းရမှာ စိုးရိမ်နေပါတယ်။

စပါးစ်ဟာဖူလ်ဟမ်တွင်ကိုဗစ်ကူးစက်မှုများရှိနေမှုကြောင့်ပရီးမီးယားလိဂ်ပွဲအားရွှေ့ဆိုင်းခဲ့ရပြီးလည်းဖြစ်ပါတယ်။

၎င်းတို့ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားစတုတ္ထနေရာမှာရပ်တည်နေပြီးထိပ်ဆုံးမှလီဗာပူး၊မန်ယူတို့နဲ့ရမှတ်၄ မှတ်သာကွာဟလျက်ရှိပါတယ်။

မော်ရင်ဟိုရဲ့စပါးစ်ဟာကာရာဘောင်းဖလားဗိုလ်လုပွဲသို့လည်းတက်ရောက်ထားကာမန်စီးတီးနှင့်ရင်ဆိုင်ရမှာဖြစ်ပြီးယူရိုပါလိဂ်တွင်လည်းရှုံးထွက်အဆင့်သို့တက်ရောက်ထားပါတယ်။

မော်ရင်ဟိုက “ထူးထူးခြားခြားဖြစ်လာမယ်လို့လည်းဘယ်သူမှမပြောထားပါဘူး။မနက်ဖြန်လေ့ကျင့်ခန်းစပြန်ဆင်း ပါမယ်။အရင်အတိုင်းဘဲဆက်လုပ်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဗီလာႏွင့္ပြဲ အစီအစဥ္အတိုင္း ကစားျဖစ္လာရန္ ေမာ္ရင္ဟို ေမွ်ာ္လင့္ေန

ဟိုေဆးေမာ္ရင္ဟိုကလာမယ့္ဗုဒၶဟူးေန႔တြင္ကစားရမယ့္ဗီလာႏွင့္ပြဲစဥ္မွာသတ္မွတ္ထားတဲ့အတိုင္ကစားရရန္ ေမွ်ာ္လင့္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဗီလာအသင္းတြင္ကိုဗစ္ကူးစက္မႈမ်ားရွိေနမႈေၾကာင့္ေသာၾကာေန႔တုန္းကလီဗာပူးအား၄-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့အက္ဖ္ ေအဖလားတတိယအဆင့္ပြဲစဥ္အားယူ-၂၃အသင္းျဖင့္ရင္ဆိုင္ခဲ့ရပါတယ္။

စပါးစ္အသင္းဟာဗီလာႏွင့္ပြဲစဥ္ကိုေ႐ႊ႕ဆိုင္းရမယ္ဆိုပါကေနာင္တြင္ပြဲၾကပ္မ်ားစြာရွိလာႏိုင္မႈေၾကာင့္ေ႐ႊ႕ဆိုင္းရမွာ စိုးရိမ္ေနပါတယ္။

စပါးစ္ဟာဖူလ္ဟမ္တြင္ကိုဗစ္ကူးစက္မႈမ်ားရွိေနမႈေၾကာင့္ပရီးမီးယားလိဂ္ပြဲအားေ႐ႊ႕ဆိုင္းခဲ့ရၿပီးလည္းျဖစ္ပါတယ္။

၎တို႔ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားစတုတၳေနရာမွာရပ္တည္ေနၿပီးထိပ္ဆုံးမွလီဗာပူး၊မန္ယူတို႔နဲ႔ရမွတ္၄ မွတ္သာကြာဟလ်က္ရွိပါတယ္။

ေမာ္ရင္ဟိုရဲ႕စပါးစ္ဟာကာရာေဘာင္းဖလားဗိုလ္လုပြဲသို႔လည္းတက္ေရာက္ထားကာမန္စီးတီးႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီးယူ႐ိုပါလိဂ္တြင္လည္းရႈံးထြက္အဆင့္သို႔တက္ေရာက္ထားပါတယ္။

ေမာ္ရင္ဟိုက “ထူးထူးျခားျခားျဖစ္လာမယ္လို႔လည္းဘယ္သူမွမေျပာထားပါဘူး။မနက္ျဖန္ေလ့က်င့္ခန္းစျပန္ဆင္း ပါမယ္။အရင္အတိုင္းဘဲဆက္လုပ္သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။