ဗီလာပထမဆုံးပွဲတွင် နိုင်ပွဲရရှိပြီးနောက် ကင်းထောက်များအား ထိပ်တန်းဘယ်နောက်ခံလူရှာဖွေခိုင်းလိုက်တဲ့ ဂျရတ်

စတီဗင်ဂျရတ်ဟာသူ့ရဲ့ကင်းထောက်များအားထိပ်တန်းဘယ်နောက်ခံလူတစ်ဦးရှာဖွေရန်ညွှန်ကြားလိုက်ကြောင်းသိရပါတယ်။

စတီဗင်ဂျရတ်ဟာဗီလာအသင်းကိုမကိုင်တွယ်မီကတည်းကဗီလာအသင်းကိုလေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ကာဘယ်နောက်ခံလူခေါ်ယူရေးအတွက်အဓိကပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဗီလာရဲ့အဓိကဘယ်နောက်ခံလူအဖြစ်အသက်၂၆နှစ်ရှိမတ်တားဂက်ကကစားခွင့်ရရှိနေပါတယ်။ဒါပေမယ့်စတီဗင်ဂျရတ်ဟာမတ်တားဂက်အပေါ်အပြည့်အဝယုံကြည်မှုမရှိမှုနဲ့အတူ ဘယ်နောက်ခံလူခေါ်ယူလိုနေပါတယ်။

စတီဗင်ဂျရတ်ဟာစနေနေ့တုန်းကဗီလာရဲ့ပထမဆုံးပွဲစဉ်အဖြစ်ဘရန်တန်နှင့်ရင်ဆိုင်ရတဲ့ပွဲမှာအိုလီဝတ်ကင်၊တိုင်ရွန်မင်တို့ရဲ့ဂိုးများဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi




