
ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကဗီလာပါ့ခ်တွင်ယူနိုက်တက်ကိုအသင်းခေါင်းဆောင်အဖြစ်ဦးဆောင်ခွင့်ရရှိခဲ့ပေမဲ့လည်း ခြေစွမ်းမပြနိုင်ခဲ့ရုံသာမက၃-၁ဂိုးဖြင့်ပါရှုံးနိမ့်ပြီးနောက် ကစားသမားဘဝမှအနားယူရန်တိုက်တွန်းခြင်းခံလာရပါတယ်။
ယူနိုက်တက်ဟာမနေ့ညတုန်းကဗီလာပါ့ခ်တွင်ဗီလာကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ကာ၂၇နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ဗီလာပါ့ခ်တွင်ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်းအဲရစ်တန်ဟက်ရဲ့အသင်းကိုဆွဲတင်နိုင်ခြင်းမရှိမှုနှင့်အတူပရိသတ်အချို့တို့ကဂါရတ်ပီကေးကဲ့သို့ပင်ကစားသမားဘဝမှစောစောစီးစီးအနားယူသင့်ကြောင်းဆိုနေကြပါတယ်။
ဂါရတ်ပီကေးဟာဘာစီလိုနာနှင့် တစ်နှစ်ခွဲစာချုပ်ကျန်နေသေးပေမဲ့လည်း ယခုရာသီတွင်ပုံမှန်ကစားခွင့်မရရှိမှု၊ကလပ်မှာလည်းဘဏ္ဍာရေးပြဿနာကြုံနေရမှုကြောင့်စနေနေ့တုန်းကအယ်မာရီယာကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဘာစီလိုနာအတွက်နောက်ဆုံးပွဲကစားပြီးနောက်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တစ်ဦးက “ရော်နယ်ဒိုအနေနဲ့ သူ့ဒဏ္ဍာရီကိုလေးစားသင့်တယ်။ပီကေးလိုပဲအနားယူလိုက်သင့်တယ်”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “ပီကေးလိုပဲ ရော်နယ်ဒိုလည်းအနားယူသင့်တယ်”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ခရစ္စတီယာနိုရော်နယ်ဒိုဟာတကယ်ပဲအဆုံးသတ်သွားပြီ။ပီကေးနောက်လိုက်ပြီးအနားယူလိုက်သင့်တယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
ဗီလာပါ့ခ်တွင် ရှုံးပွဲကြုံတွေ့ပြီးနောက် ဂါရတ်ပီကေးလို ကစားသမားဘဝမှ အနားယူရန် ခရစ္စတီယာနိုရော်နယ်ဒို တိုက်တွန်းခံရ